

ဗုဒ္ဓကျမ်း သိကောင်းစရာ
- ဦးဆန်းလွင်ရဲ့ ရတနာ၃ပါးဆည်းကပ်လာသူအကြောင်း
- မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း
- ဗုဓ္ဒတရား အသံဖိုင် တရားနာရန်
- သစ္စာတရား
- အရှင်လောကပါလ
- စွန့်ရသော သဘော
- အဆွေခင်ပွန်းကောင်း
- မိတ်ဆွေယုတ်
- မိမိကိုယ်ကို စောင့်ရှောက်
- တရားတော်များ
- ဗုဒ္ဓတရားတော်များ
- ဗုဒ္ဓဘာသာများအထွေထွေလေ့လာဖို့ Myanmarnet
- Buddhism.မဟာစည်ဆရာတော်ဘုရားကြီးဧ။် ကျမ်းစာအဖုံဖုံ
- Buddhism.အဂ်လိပ်ဘာသာ
နန်းမောက်စံခမ်း
(ဗေဒင်ပညာ)သိလိုသူများ
- တင်ဘိုဘို
- ဆရာ ဦးမောင်မောင်သန်း
- ဟိန်းတင့်ဇော် ဗေဒင်ပညာ
- http://www.shanland.org/
- မြန်မာ.VDO.ရုပ်ရှင်ကြည့်ရန်
- ရုရှားနိုင်ငံသမ္မတကြီးရဲ့ ဓမ္မသ၀ဏ်လွှာ
- ရုရှား.မူရင်းစာမျက်နာ<1>
- ရုရှား.မူရင်းစာမျက်နာ<2>
- 1.ကမ္ဘာ့စွယ်စုံကျမ်း
- 2.ကမ္ဘာ့စွယ်စုံကျမ်း
- 3.ကမ္ဘာ့စွယ်စုံကျမ်း
- 4.ကမ္ဘာ့စွယ်စုံကျမ်း
- BADOO
- ဘယ်သူပြိုင်လို့ လှနိုင်ပါ့မလဲ
- ဗေဒင်
- (ဗေဒင်ပညာ)မြန်မာဘာသာ
- မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
- မြန်မာ.VDO.ရုပ်ရှင်ကြည့်ရန်
ရှမ်းအမျိုးသားနေ့
သူတော်ကောင်းတို့
သူတော်ကောင်းတို့ မည်သည်.
သစ်ပင်ကြီးတို့ မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။ နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။ သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင်ရွက်ကြကုန်၏။ (ရှေးဆရာတော်)
(တောင်စွန်းဆရာတော်၏ဆုံးမစာ)
ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်စား၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန်၊ ပစ္စုပ္ပန်ကို ဝေဖန်ဉာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ၊ နေစမ်းပါလော့။ သို့ပါလေမှ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။
နန်းမောက်စံခမ်း


boston.မြို့မှ ကမ္ဘာလည့်ခရီးသည်များ
ပွဲးကြည်းပရိတ်သတ်များ


ဗုဒ္ဓအဆုံးအမ စကားဟူသည်
တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။
ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )
သတင်းနှင့်ဝက်ဆိုက်များ
ဖတ်စရာ စာအုပ်များ
- ၁.ဖတ်စရာ
- ၂.ဖတ်စရာသီချင်းများ
- ၃.ဖတ်စရာ
- ၄.ဖတ်စရာ
- ၅.ဖတ်စရာ
- ၆.ဖတ်စရာ
- ၇.ဖတ်စရာ
- ၈.ဖတ်စရာ
- ၉.ဖတ်စရာMyanmarTimes
- ၁၀.ဖတ်စရာစာလေးမျာ
- ၁၁.ဖတ်စရာစာလေးများMyanmar Novel,Journal,Magazine
- မြန်မာအဝါရောင်စီးပွါးရေးလမ်းညွန်
- လောကအလှအွန်လိုင်းမဂ္ဂဇင်း
- ရုပ်ရှင်နှင့်ဆောင်းပါး
- ၀ိညဉ်သစ်စာအုပ်စင်
- မြန်မာ-အင်္ဂလိပ် အဘိဓာန်
- မြန်မာစာအုပ်အညွှန်း ကွueန်ယက်.Myanmar Books Catalog
- မြန်မာ အီးဘွတ်ခ် စာအုပ်များ
Saturday, October 3, 2009
AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း
AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း
မန်ဇူး
post by Sunday, September 27, 2009
အစိုးရထိပ်တန်း ခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင်အများစုဟာ ဒီကမ္ဘာမြေအတွင်းမှာ လူသားတွေကို ခြိမ်းခြောက်အန္တရာယ်ပြုနေတဲ့ AIDS ရောဂါကပ်ဆိုးကို ဘယ်လိုသဏ္ဍာန်နဲ့ ကာကွယ်မှုတွေပြုလုပ်ရမလဲဆိုတဲ့ စီမံဆောင်ရွက်ချက်တွေနဲ့ ထိုင်းနိုင်ငံရဲ့သုသေသန ကွင်းပြင်ကြီးမှာ လူသားသုံးဦးကို လေ့လာစမ်းသပ်ရင်း HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။ သုသေသီတွေရဲ့ ပြော ကြားချက်အရတော့ လက်ငင်းအသုံးပြုဖို့ရာအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ဆိုထားပေမယ့်လို့ ၂၆ နှစ်ဆိုတဲ့ ကာလရှည်ကြာ သည့်တိုင်အောင် AIDS ဗိုင်းရပ်စ်ပိုးကို တစိုက်စိုက်မတ်မတ် ကြိုးစားရှာဖွေခြင်းရဲ့ ရလဒ်လို့ပဲ ပြောရမယ်ထင်တယ်။ သိပ်မကြာခင် အ ချိန်ကတောင် သိပ္ပံပညာရှင်အတော်များများက ဒီရောဂါကပ်ဆိုးကို ကာကွယ်ဖို့ရာအတွက်မဖြစ်နိုင်တော့ဘူးလို့တောင် တွေးထင်ထား ခဲ့ကြတာ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ UNAIDS ကိုယ်စားလှယ်ကတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီရောဂါကို ထိထိ ရောက်ရောက်ကာကွယ်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး တွေ့ရှိချက်အသစ်ဟာ သုသေသနနယ်ပယ်အတွက် လိုလားတဲ့ ပန်းတိုင်ရောက်ဖို့ရာ မျှော်လင့်ချက်တွေ တစတစ ပိုမိုနီးကပ်လာတယ်လို့ ပြောဆိုသွားပါတယ်။ ဒါဟာ ကမ္ဘာ့ဆေးပညာလောကအတွက်တော့ တကယ့်ကို ကြီးမားတဲ့ အပြောင်းလဲဖြစ်ရပ်ကြီးလို့ အမေရိကန် စစ်ဆေးသိပ္ပံခွဲစိတ်ရေးဌာနမှ ဗိုလ်ချုပ် အဲရစ်စကူးမေကာ က ပြောခဲ့သည့်အပြင် ဒီဆေးသိပ္ပံမှ ကမ္ဘာ့ကပ်ဘေး ရောဂါကြီးဖြစ်တဲ့ AIDS ရောဂါကာကွယ်ဆေးအတွက် သုသေသနပြုဖို့ရာ ထောက်ပံ့ ကူညီမှုပြုမယ်လို့ ဆိုထားပါတယ်။ HIV ရောဂါကာကွယ်ဖို့ရာအတွက် သိပ္ပံပညာရှင်တွေစုစည်းပြီး နည်းလမ်းရှာဖွေခဲ့ကြတဲ့ အထဲမှာ ဒါဟာပထမဆုံးအကြိမ်ဖြစ်တယ်။ မဟာဗျူဟာအရ ဆိုတဲ့အကြောင်းပြချက်နဲ့ ကာကွယ်ဆေးအတွက် သုသေသနပြုလုပ်ကြရာမှာ အသွင်မတူတဲ့နည်းလမ်းတွေကို ရွေးချယ်ခဲ့ကြသလို အစောပိုင်းကာလတွေတုန်းက တသီးပုဂ္ဂလိကဆန်ဆန် လေ့လာစမ်းသပ်ခဲ့ကြ တယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ အသွင်သဏ္ဍာန်မတူတဲ့ HIV ရောဂါပိုးကူးစက်ခံရသူ ၃၁% ကျော်ခန့်ကို ဒီစမ်းသပ် မှုအတွက် စိတ်ပါဝင်စားတက်ကြွသူ ၁၆,၀၀၀ ကျော် ဦးရေကို သုသေသနပြုလုပ်ခဲ့ကြောင်း ဗန်ကောက်မြို့မှာအင်္ဂါနေ့က သုသေသီ တွေက ထုတ်ဖော်ပြောကြားသွားပါတယ်။ ဆုံးခန်းတိုင်သည့် ရလဒ်မဟုတ်သော်ငြားလည်း ဒီရောဂါကာကွယ်ဖို့ရာအတွက် ထိရောက် ပြီးစိတ်ချရသည့် ပထမဦးဆုံး အထောက်အထားဖြစ်ကြောင်း သုသေသနအတွက် ဦးဆောင်ကူညီနေသူ စစ်ဖက်ဆိုင်ရာ ဆရာဝန် ဖြစ်သူ ဗိုလ်မှူးကြီး ဂျရုမ်းကင် ကပြောဆိုသွားပါတယ်။ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး AIDS ရောဂါကာကွယ်ဆေးအတွက် ပိုမို ထိရောက်ပြီး ကောင်းမွန်တဲ့ သုသေသနဆိုင်ရာအသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဒီလေ့လာမှုအတွက် ပူးပေါင်းတာဝန်ယူ ထောက် ပံ့ကူညီပေးနေတဲ့ National Institute of Allergy and Infectious Diseases မှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ အန်တော်နီဖာအူစီ ကတော့အကောင်းမြင်ရှုထောင့်ကနေ သုံးသပ်ပြောဆိုသွားတယ်။ လားရာပွင့်သွားတဲ့အတွက် မြင်ကွင်းကျယ်သွားပြီး မျှော်လင့်ချက် ပန်းတိုင်ကိုပါ ခပ်ရေးရေးမြင်နေရလို့ အတူလက်တွဲပြီး သုသေသနဆိုင်ရာ အသစ်တွေ့ရှိချုက်ကို ဖော်ထုတ်ကြဖို့ကိုပါ တိုက်တွန်း သွားတယ်။
လာမည့်ရက်သတ္တပတ်အတွင်း နယူးရောက်မြို့မှာ သုသေသီပေါင်းများစွာအပြင် ကာကွယ်ဆေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်နေသူ တွေနဲ့ ဒီစီမံကိန်းအပေါ်ထဲထဲဝင်ဝင် ထောက်ပံ့ကူညီမယ့် အလှူရှင်တွေ၊ AIDS ရောဂါနဲ့ပတ်သက်ပြီး သုသေသနလုပ်နေတဲ့ သိပ္ပံ ပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ ငွေကြေးဆိုင်ရာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ ပမာဆိုရသော် ဘီလ် နဲ့ မလင်းဒါဂိတ် ဖောင်ဒေးရှင်းလိုမျိုး၊ သက်ဆိုင်ရာအာဏာပိုင်တွေဟာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ရှိတယ် လို့ ကမ္ဘာ့ HIV ကာကွယ်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ အဲလန်ဘားန်စတိန်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ ထိုင်းစစ်ဖက်ဆိုင်ရာဆေးသိပ္ပံနဲ့ တသီးပုဂ္ဂလိက သိပ္ပံပညာရှင်တွေပါ တက်ရောက်ကြလိမ့်မယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေက ပထမဆုံးအကြိမ် ဒီအောင်မြင်မှုအပေါ် ချီးကျူးထောပနာ ပြုကြတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေထဲက AIDS ရောဂါကာကွယ်ဆေးအတွက် ၁၀ နှစ်အချိန်ယူလုပ်ဆောင်မယ်ဆိုတဲ့ အသံတွေကို ကျနော်တို့ ကြားနေခဲ့ကြရတယ်။ ဘ၀တလျှောက်လုံးမှာ ပထမဆုံးအကြိမ် ခံစားမိတာကတော့ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုရောက် နေပြီလို့ Access Project မှာတာဝန်ယူလုပ်ဆောင်နေတဲ့ ကိုလံဘီယာ တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးရာ ကျွမ်းကျင်သူအဖြစ်နဲ့ ရော ရ၀မ်ဒါနိုင်ငံ AIDS ရောဂါကူညီစောင့်ရှောက်ရေးဌာနမှာပါ ကူညီလုပ်ဆောင်ပေးနေသူ ဂျိုးစ်ရူဇင် ကပြောပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီလေ့လာမှုအတွက် လမ်းညွှန်မှုတွေပေးခဲ့သလို အမေရိကန်စစ်ဖက်ဆိုင်ရာကလည်း ထိုင်း အစိုးရနဲ့ နှစ်ရှည်လများပူးတွဲပြီး ကာကွယ်ဆေးနဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုများပြုလုပ်ခြင်း၊ စစ်ဖက်ဆိုင်ရာဝန်ထမ်းများနဲ့ အရပ်ဘက် ဆိုင်ရာ ပြည်သူလူထုကို ကာကွယ်ဖို့ရာအတွက် အတူပူးတွဲပြီး ဆေးဖက်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံ အတွက်တော့ HIV ဟာအဓိကပြဿနာတရပ်လိုဖြစ်နေတော့ လေ့လာဖို့ရာအတွက် ဖိအားတရပ်ပေးသလို ဖြစ်နေတာပေါ့၊ ဒီလို ဆိုလိုက်လို့ အမေရိကန်၊ အာဖရိက ဒါမှမဟုတ်မသိမမြင်နိုင်ရတဲ့ ကမ္ဘာကြီးရဲ့ ထောင့်တနေရာမှာ ရှိနေတဲ့ရောဂါကို ကာကွယ်ဖို့ရာ အတွက် သိပ္ပံပညာရှင်တွေဟာအတော်လေးကို စိတ်ဖိဆီးမှုဝေဒနာကို ခံစားနေကြရရှာတယ်။
ကာကွယ်ဆေးဆိုင်ရာအကူအညီပေးမှုဟာ အဆိုးအကောင်းလို့ဆိုရမဲ့ ပါးလွှာတဲ့ခြားနားမှုကြောင့် အတော့်ကိုအန္တရာယ်နဲ့နီးကပ်တယ် လို့ဆိုရမယ်။ UNAIDS ရဲ့ခန့်မှန်းတွက်ဆချက်အရ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရသော် နေ့စဉ်လူ ၇,၅၀၀ ခန့်ဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၂၀၀၇ ခုနှစ်အတွင်း AIDS ရောဂါကြောင့် လူနှစ်သန်းဟာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ Prime-boost ဆိုတဲ့ ချဉ်း ကပ်မှုအတိုင်း နည်းလမ်းနှစ်သွယ်နဲ့ ရောဂါကာကွယ်ဆေးကို စမ်းသပ်လေ့လာရာ ပထမနည်းဖြစ်တဲ့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိ တဲ့ နည်းလမ်းသုံးပြီး HIV ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ခြင်းနဲ့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တုန့်ပြန်တိုက်ခိုက် နည်းတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။
ALVAC ကို ရောဂါရှာဖွေရေးနဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဆာနိုဖီပါစတီအာ က ပြင်သစ်လူမျိုးဆေးဝါးကျွမ်းကျင်သူ ဆာနိုဖီ အာဗင်တီစ်မှဖော်စပ်သလို AIDSVAX ကိုတော့ VaxGen ကုမ္ပဏီကြီးမှ အစပြုပြီးတိုးတက်အောင်ပြုလုပ်ခဲ့သလို အခုနေ အခါ မှာတော့ VaxGen က ၀န်ထမ်းတချို့ဟာ လူမှုရေးဆိုင်ရာလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာ့နေရာအနှံ့အပြားက ကူးစက် ရောဂါနဲ့ သေဆုံးမှုပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်။ ALVAC ကို ကနေရီငှက်ရဲ့ဆစ်ဖလစ်ရောဂါဗိုင်းရပ်စ်ပိုးမှ အသွင် ပြောင်းပြီး အသုံးပြုထားတာဖြစ်သလို လူ့အသက်အန္တရာယ်ကိုတော့ ထိခိုက်မှုတစုံတရာမရှိနိုင်ပေမယ့်လို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ HIV ဗီဇမျိုးစေ့ တွေဆီကို သယ်ဆောင်ကူးပြောင်းပြီးပေါင်းစပ်စေတယ်။ AIDSVAX ကျတော့ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ မျက်နှာပြင် တ၀ိုက်မှာ ဇီဝဗေဒ အင်ဂျင်နီယာ နည်းနဲ့အသွင်ပြောင်းလုပ်ဆောင်တယ်။ ဒီရောဂါကာကွယ်ဆေးဟာ ဗိုင်းရပ်စ် အကုန်လုံးကို မကာကွယ်နိုင်သလို သေဆုံး ခြင်း ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့ HIV ရောဂါပိုးကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။
ဒီလေ့လာစမ်းသပ်မှုမှာ ရောဂါကူးစက်မှုကြောင့် HIV အနှုတ်လက္ခဏရှိသူ အသက် ၁၈ မှ ၃၀ နှစ်အတွင်းရှိ ထိုင်းအမျိုးသားနဲ့ အမျိုး သမီးတွေကို ရောနှောပြီးစမ်းသပ်စစ်ဆေးပါတယ်။ တ၀က်ကိုတော့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိတဲ့ နည်းလမ်းအတိုင်း ALVAC ဆေး လေးခွက်စာ သောက်သုံးစေပြီး ကျန်တ၀က်ကိုတော့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တဲ့ AIDSVAX သောက်ဆေးနှစ်ခွက်စာနဲ့ ခြောက်လကျော်ကြာအောင်စမ်းသပ်သလို တခြားကျန်ရစ်သူတွေကိုတော့ ဟန်ပြအနေဖြင့်သာ တိုက်ကျွေးစေတယ်။ ဒီလေ့လာစမ်းသပ်မှု ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကတော့ ဘယ်သူတဦးတယောက်မှ မသိကြပါဘူး။ စေ တနာ့ဝန်ထမ်းအနေနဲ့ ၀င်ရောက်လေ့လာမှုပြုတွေကိုတော့ သုသေသနမပြုလုပ်ခင်ကတည်းက ကာကွယ်ဆေးအတွက် စမ်းသပ်ပြုလုပ် မှာဖြစ်ကြောင်း ကြိုတင်အသိပေးပြောကြားထားတာတွေတော့ရှိပါတယ်။ ကိုယ်စီတိုင်းကို ကွန်ဒုံးပေးထားခြင်း၊ လိင်ဆက်ဆံမှုနဲ့ သက် ဆိုင်သော ပညာပေးလုပ်ဆောင်ခြင်းများအပြင် လိင်မှတဆင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်းနဲ့ HIV ရောဂါအတွက် ခြောက်လ ကြာ စမ်းသပ်လုပ်ဆောင်မည့် အကြောင်းသတိပေးပြောကြားမှုတွေရှိပါတယ်။ မည်သူမဆို ရောဂါကူးစက်မှုတစုံတရာရှိခဲ့ပါက ဆေးဝါး ကုသ ခံယူဖို့ရာအတွက် အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။ HIV ပိုးအတွက်စမ်းသပ်စစ်ဆေးသူအားလုံးဟာ သုံးနှစ်အတွင်း ခြောက်လ တခါ လုပ်ဆောင်မှာဖြစ်ပြီး ကာကွယ်ဆေးသက်တမ်းကာလဟာ ကုန်ဆုံးမှာဖြစ်တယ်။
ရလဒ်
ကူးစက်မှုအသစ်အရထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကာကွယ်ဆေးလက်ခံရရှိသူတွေဟာ ၅၁ မှာ ၈,၁၉၇ ထွက်ပေါ်လာပြီး ဟန်ပြ ဆေးတိုက်ကျွေးမှုကို လက်ခံရသူတွေရဲ့ ရလဒ်ကတော့ ၇၄ မှာ ၈,၁၉၈ ပဲဖြစ်တယ်။ ကာကွယ်ဆေးသုံးစွဲတဲ့ အစုအဖွဲ့ဟာ ကူးစက်မှု နှုန်းထားအောက် ၃၁% ဆိုတဲ့ရလဒ် ထွက်ပေါ်လာသလို ပါဝင်သူနှစ်ဦးကတော့ ရောဂါကူးစက်ခံရမှုကြောင့်သေဆုံးသွားရရှာတယ်။
သိပ္ပံပညာရှင်တွေဟာ သဏ္ဍာန်မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ဘာကြောင့်ပူးတွဲတိုက်ဖျက်ကြသလဲဆိုတာကိုတော့ အဖြေရှာမရသေး ဘူးလို့ အစိုးရဌာနမှ သိပ္ပံပညာရှင်တဦးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုးကြောင့် AIDS ရောဂါဝေဒနာခံစားနေရသူတွေကို အကူအညီ ပေးခြင်း အပြင် လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ AIDSVAX အဖွဲ့ကိုဦးဆောင်နေသူ ဒေါက်တာ ဒိုနယ်ရ်ဖရန့်စစ် ကပြောပါတယ်။ AIDSVAX ဟာ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ HIV ရောဂါပိုးကို ချက်ချင်းဆိုသလို ကာကွယ်တိုက်ခိုက်ဖို့ရာအတွက်ကိုရည်ရွယ်ထားခြင်းဖြစ်တယ်။ ဆာနိုဖီ ရောဂါကာကွယ်ဆေးဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကို ဆွပေးပြီး ဗိုင်းရပ်စ်ပိုးကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်။ ဖရန့်စစ်ရဲ့အဆိုအရတော့ ဆန့်ကျင်ဘက်အရာတွေကို ပေါင်းစပ်လိုက်တဲ့ မဟာဗျူဟာ တရပ်လို့ပဲဆိုရတော့မှာပေါ့။ ဘာကြောင့် တ ချို့တွေကြတော့ ရောဂါကူးစက်ခံရပြီး တချို့လူတွေကြတော့ မဖြစ်သလဲဆိုတာ ပူးပေါင်းပါဝင်လာသူတွေ နားလည်သဘောပေါက် သိ ရှိလာဖို့ရာအတွက် သိပ္ပံပညာရှင်တွေဟာ နမူနာသွေးစစ်ချက်ကိုရယူဖို့လိုအပ်တယ်။ ကာကွယ်ဆေးပမာဏဟာ လက်ရှိအနေအထား အရတော့ အကန့်အသတ်နဲ့သာရှိပြီးနယ်ပယ်ကျဉ်းကျဉ်းလေးကိုသာ သုသေသနလုပ်ခဲ့ရပေမယ့်လို့အကောင်းဆုံးဖြစ်အောင် ကျနော် တို့ လုပ်ဆောင်ခဲ့တယ်လို့ ဖရန့်စစ်ကပြောဆိုသွားပါတယ်။ ဆာနိုဖီ က၀န်ထမ်းတွေကလည်း ဒီသဘောထားအတိုင်းပါပဲ။ ဒီကုမ္ပဏီရဲ့ ဒေါက်တာ ဆန်ဂျေးဂူရန်နာသန် ရဲ့ သဘောကတော့ စဉ်ဆက်မပြတ်လေ့လာဖို့ရာအတွက် နှစ်ကာလတို စီမံကိန်းချ လုပ်ဆောင်ဖို့ လိုအပ်သလို ကာကွယ်ဆေးကို ဒီ့ထက်ကောင်းမွန်ဖို့ရာအတွက် တခြားသော ယှဉ်ပြိုင်ဘက်အသစ်တွေကလည်း boost နည်းလမ်းကို အခြေပြုစဉ်းစားပြီးလုပ်ဆောင်လာနိုင်သည့်အတွက် မူပိုင်ခွင့်လိုအပ်ကြောင်းကိုပါထည့်သွင်းပြောဆိုသွားတယ်။ AIDS နဲ့ ပတ်သက်တဲ့ သုသေသနကိုဒီ့ထက်ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်မယ်ဆိုရင်တော့ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေဟာ အခရာကျလာပြီ။
နယူးယောက် အခြေစိုက် Community HIV/AIDS Mobilization Project မှ ဥပဒေကြောင်းဆိုင်ရာ အကြံပေးရေးအဖွဲ့မှပြောရေးဆို ခွင့်ရှိသူ ဂျူလီယာဒေးဗစ် ကတော့ ခုနေအခါ ဒီကာကွယ်ဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး အငြင်းခုံပြုနေကြမယ့်အစား တွေ့ရှိချက်အပေါ် အခြေပြုပြီး တစိုက်မတ်မတ်လုပ်ဆောင်ဖို့ကို အလေးထားပြောဆိုသွားတယ်။ ထိုင်းနိုင်ငံမှာ ဒီ သုသေသနပြုချက် ဘာလို့အောင်မြင်ပြီး ဆုံးသွားရသလဲဆိုတော့ AIDS ရောဂန္တရကပ်ဆိုက်တဲ့ ဗဟိုချက်မဟာ ထိုင်းနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန် သိပ္ပံပညာရှင် တွေဟာ သုသေသနကိုလာရောက်လုပ်ကိုင်တာဖြစ်သလို ကာကွယ်ဆေးတိုက်ကျွေးဖို့ရာအတွက် မျိုရိုးဗီဇဆိုင်ရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရရှိနိုင်သလို ထိုင်းအစိုးရအနေနဲ့ သုသေသနလုပ်ဖို့ရာအတွက် အကြံဥာဏ်အပြင် အကောင်းဆုံးထောက်ပံ့မှု တွေ ပေးတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။ AIDS နဲ့ ပတ်သက်ပြီး ပွဲဦးထွက်သုသေသနပြုလုပ်ထဲက ထိုင်းအစိုးရဟာ အောင်မြင်မှု တွေရခဲ့တယ်။ ဒီလေ့လာမှုတခုလုံးအတွက် ၁၆,၀၀၀ ထက်မကတဲ့ လူပေါင်းများစွာရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ကူးစက်ခံရသူပေါင်း ၁၂၅ ယောက် ထွက်ပေါ်လာသလို မထင်မှတ်ထားလောက်အောင်ကို အောင်မြင်မှုအပေါင်းက ဆီးကြိုနေတာကတော့ ကြိုးပမ်း အားထုတ်မှုရဲ့ ရလဒ်လို့ပဲဆိုရမှာပေါ့။
သိပ္ပံပညာရှင်တွေကတော့ ဒီကာကွယ်ဆေးရဲ့ သက်ရောက်မှုအချိန်ပမာဏကို သိချင်နေကြသလို အင်အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တုံ့ပြန်မှု စွမ်းရည်မြင့်မားလာခြင်း ဟုတ်မဟုတ် သိဖို့လိုအပ်လာတဲ့အပြင် ဒီကာကွယ်ဆေးဟာ လိင်တူဆက်ဆံလို့ ကူးစက် သူတွေအပေါ်မှာရော အကာအကွယ်ပေးနိုင်သလားနဲ့ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ကူးစက်သူတွေအပေါ်မှာရော ဘယ် လို အကျိုးသက်ရောက်မှုရှိသလဲဆိုတာကို အတော်လေးသိချင်နေကြတယ်။ ဒီရောဂါကာကွယ်ဆေးဟာ HIV ပိုးကူးစက်ခံရပြီးသား လူတယောက်ရဲ့ သွေးအပေါ်မှာတော့ ဘယ်လိုမှအကျိုးသက်ရောက်မှုမရှိတဲ့ ဒီကာကွယ်ဆေးဟာ ခုခံအားနည်းပါးမှုအပေါ်မှာ အကန့် အသတ်နဲ့ ချေဖျက်နိုင်ရှိလားဆိုတာနဲ့ ရောဂါပိုးကူးစက်ခံရပြီးသား သူတွေအပေါ်မှာထပ်ပြီးဆိုးကျိုးကို ဖြစ်သလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်တယ်။ သမရိုးကျမဟုတ်တဲ့ အစပျိုးအောင်မြင်မှုဟာ အလွန်တရာကိုအရေးပါလှသလို သိပ္ပံ ပညာရှင်တွေကတော့ ဒီရောဂါအပေါ် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်နိုင်မလဲဆိုတာကတော့ မှန်းဆတွက်ချက်နေတုန်းပဲ ဆိုတာရယ် အဆုံးသတ်ကောက်ချက်ဆွဲလို့မရသေးသည့်အတွက် ဆန္ဒစောပြီးမထုတ်ဖော်ဖို့အင်မတန် အရေးကြီးကြောင်း ဖူဆီ က ကောက်ချက်ချ သုံးသပ်သွားတယ်။
မန်ဇူး(ဘာသာပြန်သည်)
မူရင်းစာမျက်နှာ
http://news.yahoo.com/s/ap/20090924/ap_on_he_me/med_aids_vaccine
Posted by
tailengtai တိုင်းလှိုင်တိုင်း
at
4:58 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest


Subscribe to:
Post Comments (Atom)
0 comments:
Post a Comment