Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Tuesday, October 6, 2009

သျှမ်းအကြောင်းသုတေသနညီလာခံ ချူလာလုံးကွမ်း တက္ကသိုလ်၌ကျင်းပမည် တနင်္လာနေ့၊ 05 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

ခေါင်စဉ်



သျှမ်းအကြောင်းသုတေသနညီလာခံ (ပွဲတော်) တရပ်ကို ဘန်ကောက်မြို့Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ ၂၀၀၉ အောက်တိုဘာလ ၁၅-၁၇ ရက်နေ့အထိ ကျင်းပမည်ဟုပွဲဖြစ်မြောက်ရေး ကော်မတီက ပြောပါသည်။

“အရင်တုန်းကသျှမ်းလို့ပြောရင် တိုက်ပွဲအကြောင်း၊ ရွေ့ပြောင်းအလုပ်သမား၊ ဒုက္ခသည်အကြောင်းတွေဘဲ လူသိများပါ တယ်။ အခုသူများမသိသေးတဲ့ သျှမ်းတွေရဲ့ထုံးတမ်းစဉ်လာ၊ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှု၊ သမိုင်းကြောင်း၊ စာပေ ယဉ်ကျေးမှုနဲ့အခြားအကြောင်းတွေကို ကမ္ဘာသိအောင် သုတေသနစာတမ်းဖတ်ပွဲနဲ့ပြပွဲတွေခင်းကျင်းပြသဖို့ ရှိတယ်” - ဟု စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ Chulalongkorn University မှ Asia Studies ဒါရိုက်တာ ဒေါက်တာဆူနိတ် ကပြော၏။

[၁၅-၁၇/၁၀/၀၉ ရက်နေ့ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ နံရံကပ်စာစောင်]

၁၅-၁၇/၁၀/၀၉ ရက်နေ့ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ နံရံကပ်စာစောင်

International Conference of Shan Studies (ICSS) တွင် ထိုင်းအခြေစိုက်သျှမ်းများအပြင် ပြည်တွင်းပြည်ပမှ ပညာရှင်များ စာတမ်းဖတ်ပွဲအပြင် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့၊ အစားအသောက်ဆိုင်ရာ ပြပွဲလည်းခင်း ကျင်းပြသသွားမည် ဟု ပြောပါသည်။

ချင်းမိုင်မှ စ၀်ခမ်းဟန်ဖှာ့ က - “သျှမ်းအကြောင်း သုတေသန ညီလာခံ (ပွဲတော်) ICSS ကျင်းပရတဲ့ အဓိကအကြောင်း ရင်း ၄ ခုရှိတယ်။ (၁) သျှမ်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အင်္ဂါလက္ခဏာဖြစ်တဲ့ ယဉ်ကျေးမှုတွေမပျောက်ကွယ်အောင်မြှင့်တင် ဖို့၊ (၂) မျိုးရိုးဇာတိသမိုင်းကြောင်းကိုဂုဏ်ယူတတ်ဖို့ (၃) တိုင်း (Tai/Dai) လူမျိုး/စကားပြောတဲ့အရှေ့တောင်အာရှရှိ လူဦးရေ သန်း ၁၀၀ မှာ သျှမ်းများ တစိတ်တပိုင်းပါဝင်မှု (၄) လောဝ်၊ ထိုင်း နဲ့ သျှမ်း အကြားရင်းနှီးမှုပိုမိုနီးစပ်မှုရှိလာ အောင် မြင့်တင်ဖို့ စတာတွေအဓိကဖြစ်တယ်။ ဘယ်အတိုင်းတာအထိ လုပ်နိုင်မလဲတော့မပြောနိုင်ဘူး” - ဟုပြော ၏။

ချူလာလုံးကွမ်း တက္ကသိုလ် Chulalongkorn University မှ Asia Studies သည် မြန်မာ၊ ဗီယက်နမ်၊ ကဗ္ဘောဒီးယား၊ နှင့် ထိုင်း လူမျိုးများဆိုင်ရာသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကို သုတေသနပြလေ့လာရန်ဖြစ်သည်။

“အစတုန်းက တိုင်းပြည်ရှိတဲ့ လူမျိုးတွေအတွက်ဘဲ ကျနော်တို့ ရည်ရွယ်ခဲ့ပေမဲ့ အခုက သမိုင်းအစဉ်အလာကြီးပြီး လက်ရှိ တိုင်းပြည်မရှိတဲ့လူမျိုးတွေအတွက်ကျင်းပပေးရတာက သူတို့တွေကို ကမ္ဘာကပိုသိအောင်ပြန်လည်ဖေါ်ဆောင် ပေးတာ ဖြစ်တယ်” - ဟု ဒေါက်တာဆူနိတ် က ဆက်ပြော၏။

လွန်ခဲ့သည့် ၃-၄ နှစ်ကလည်း International Conference of Shan Studies (ICSS သျှမ်းအကြောင်းသုတေသန ညီလာခံ (ပွဲတော်) ကဲ့သို့ ရခိုင်၊ မွန် တို့အတွက်လည်း ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....