Pages

Wednesday, December 16, 2009

ရှမ်းတို့ဌါနေ.... ကချင်ပြည်နယ်က(ဗန်းမော်မြို)့




ဗန်းမော်မြို့

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့် ဗန်းမော်သည် မြို့တော်မြစ်ကြီးနား၏ တောင်ဘက် ၁၁၅ မိုင် အကွာတွင် တည်ရှိကာ၊ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။ KIO အခြေစိုက်ရာ လိုင်ဇာမြို့သည် ဗန်းမော်နှင့် မြစ်ကြီးနားအကြား တည်ရှိကာ ဗန်းမော်၏ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်တွင် တည်ရှိသည်။



ဗန်းမော်ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်းမော်”မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန်(Man)= ရွာ၊ မော်(Maw)=အိုး ဟု အဓိပ္ပါယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။ စမ္ပာနဂိုလ် မင်းဆက်ပျက်ပြီး သက္ကရာဇ် (၄၀၀)ကျော်တွင် စော်ဘွား သိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွေ့လာခဲ့ပြီး မြို့ပြ တည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ်(၆၈၉)တွင် စော်ဘွားစစ် ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက် တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖ အား ဗန်းမော်စော်ဘွား အဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား(၂၃)ဆက် နှစ်ပေါင်း(၃၅၀) အုပ်စိုးခဲ့သည်။


0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....