Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Saturday, March 10, 2018

ကျော်ထွေး....ကျော်ထွေး ..မင်းကြောင့်
ငယ်ငယ်က မူလတန်းအောင်ပြီး ရွာမှာ အလယ်တန်းမရှိ့လို့ ၃မိုင်လောက်ဝေးတဲ့ တစ်ခြားရွာမှာ ငါးတန်းတက်တယ်ပေါ့.. ၅တန်းအောင်လို့ ၆တန်းတက်ရုံရှိ့သေး. အသက်က၁၃နှစ်.. တစ်နေ့ကျောင်းကအပြန် လမ်းတစ်ဝက်လောက်မှာ မိန်းခလေးတွေတစ်သိုက် ယောက်ကျားလေးဆိုလို့ ကျော်ထွေးရယ် ကျနော်ရယ် ၂ယောက်ဘဲပါတယ်.... ကျော်ထွေးက စာရွက်လေးခေါက်ပြီး အနားကပ်လာပေးတယ် ကြည်ကြည်ကိုစားပေးပေးစမ်းပါကွာတဲ့... ဟိုက်...မဖြစ်ဘူးသူငယ်ချင်း သူနဲ့ငါက ငယ်ငယ်လေးထဲက တည့်တာမဟုတ်ဘူး ငါမပေးရဲ့ဘူးကွာကျော်ထွေး..ဒါဆိုဒီလိုလုပ် အရှေ့ကိုသွက်သွက်သွား လမ်းမှာချထားလိုက် ကြည်ကြည်လာရင် သူဟာသူကောက်ယူလိုက်မယ် စာရွက်ခေါက်ပေါ်မှာ မကြည်ကြည်လို့ စာလုံးကြီးကြီးနဲ့ရေးထားလိုက်တာ... ကျနော်လည်းသူငယ်ချင်းရဲ့ စကားမလွန်ဆန်နိုင်တာကြောင့် ရှေ့သွက်သွက်သွားပြီး လမ်းပေါ်အချ မိန်းခလေးတစ်သိုက်လာတာနဲ့ ပြေးလို့မလွတ်တော့ဘူး... ကြည်ကြည်က စာရွက်ခေါက်လေးကောက်ယူလိုက်ပြီး အောင်သွယ်တော်ကျနော်ကို လိုက်ပါလေရော ကျနော်ကြေ့ပး သူကလိုက် အရှေ့ကန်းက မဝင်းမေ မဝင်းစိန်တို့အိမ်ရှေ့ရောက်တော့ သူကလိုက် ကျနော်ကပြေး ပတ်ပြေးနေတာ မဝင်းမေတို့အိမ်ပေါ်ကလူတွေ လမ်းပေါ်ကလူတွေ ဝိုင်းအုံကြည့်ပြီး ကိုစီအပြုံးတွေနဲ့ ကြည့်နေကြတာ ကျနော်ရှက်လိုက်တာ ပြောမနေနဲကတော့ဗျာ... ကျနော်ပြောပြတယ် ငါ့စာမဟုတ်ဘူး ကျော်ထွေးရဲ့စာ.ဆိုတော့.. မင်းလမ်းပေါ်ချလိုက်တာမင်းစာမဟုတ်လို့ ဘယ်သူ့စာလည်း ကျန်ာလည်း ကျောင်းလွယ်အိပ်ထဲက ရေးထားတဲ့ အိမ်စာ ဗလာစာအုပ်ထုပ်ပြ ငါ့လက်ရေးမဟုတ်ဘူး ပြတော့လဲမရပြန်ဘူး။ ကြည်ကြည်နဲ့ရန်ဖြစ်ပြီးအိမ်ပြန် အိမ်ရောက်တော့ မောမောနဲ့မိသားစုထမင်းဝိုင်းမှာထမင်းစားတုန်း ကြည်ကြည်တို့အမေ ဒေါ်အုံးခင်အိမ်ရောက်ချလာရော သေပီဆရာရေး.... အဖေနဲ့အမေကိုလာတိုင်တာပေါ့... မင်ရဲ့သားက ငါ့သမီးကိုရီးစားစာပေးတယ်တဲ့ .. ထမင်းဝိုင်းမှာရှက်လိုက်တာပြောမနေနဲ့တော့.... ဒီကောင်းကျော်ထွေး မင်းကြောင့် .... အဖေကပြုံးပြုံးနဲ့ ဘာမှမြေ့ပာရှာဘူး။...... ကြည်ကြည်ဆိုတဲ့ကောင်မက ငါနဲ့ ငယ်ငယ်လေးထည်းကတည့်တာမဟုတ်ဘူး.... မတည့်ရအောင်ကလည်း သူကို ငါကသွားစတာ ခါချဉ်အုံကိုဒုတ်နဲ့သွားထိုးတာကငါ....ပြောပြအုံးမယ်မတည့်ရတဲ့အကြောင်း ...ကြည်ကြည် ကြည်မြင့်တို့ညီအမနဲ့ မပွားရင် မမိစီတို့ညီအမတွေ တစ်ဖက်နဲ့တစ်ဖက် အော်ဟစ်ရန်ဖြစ်ကြတာ... မမိစီတို့ညီအမက ကြည်ကြည်တို့ ညီအမကို " တောသရဲမ ဟာရီမွန် မီးညပ်မီးညပ် "ကြည်ညြည်တို့ ညီအမက ဆံပင်လေးတွေနီကျင်ကျင်ဆိုတော့ သရဲနဲ့တူသတဲ့ ... ကြည်ကြည်တို့ညီအမကလည်း မမိစီတို့ညီအမကို "စာကလေး တိမ်ညင်ကြက်တဲ့ " မမိစီတို့ညီအမတွေက ပုပုလေးတွေကိုး.... ။ ကျနော်လည်းမှတ်ထားတာပေါ့... ကြည်ကြည်တို့ ညီအမကို သူတို့အိမ်ရှေ့ရောက်ရင် တော်သရဲ့မ မယ်ဖီးထင် လို့ အော်ပြောလိုက်ရုံရှိ့သေး သူညီမကြည်မြင်းကို လွှတ်လာတယ် ကျနော်နဲ့ နှပန်းလုံးတော့ ကျနော်နိုင်တာပေါ့.. သူညီမရှုံးတော့ . ကြည်ကြည်ပြေးထွက်လာလေရော ကြည်ကြည်ကိုကျနော်မနိုင်တော့ဘူး အရှုံးနဲ့ဘဲ အိမ်ပြန်ရတာ အကြိမ်ကြိမ်... ခါချဉ်အုံကို ဒုတ်နဲသွားထိုးတာကျတော် ငယ်ငယ်လေးထဲကတည့်တာမဟုတ်ဘူး..... ဒီကောင်ကျော်ထွေး ကျော်ထွေး။ (သူငယ်ချင်းတွေနဲ့တွေ့တော့ ကျော်ထွေးနေကောင်းလားလို့မေးတော့ ဆုံးပြီ မရှိ့တော့ဘူးတဲ့...။ ဟိုနေ့က ညီမ"မိချို"နဲ့ စကားပြောဖြစ်တယ် အကိုသူငယ်ချင်း" ကြည်ကြည်"အကိုကိုသတိရတယ်ပြောလာတယ်.. သူတို့ရွှေလုပ်တာ ၂ပိတ်သာလောက်ရတယ်တဲ့ ဒါပေမဲ့ သူတို့ကျင်းသားအကုန်ခိုးသွားလိုက်တယ်တဲ့။ ..... ဆုံးသွားသော သူငယ်ချင်း" ကျော်ထွေး" ကောင်းရာဘုံဘဝရောက်ပါစေ.... "မကြည်ကြည်"တို့မိသားစုလည်း ကျန်းမာချမ်းသာကြပါစေ..... ။   (သတိရခြင်းများစွာဖြင့် သူငယ်ချင်း စိုင်းထွန်းစိန်)
 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....