Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Sunday, October 25, 2009

ရှမ်းလူမျိုးသမိုင်း

ခေါင်စဉ်

ရှမ်းလူမျိုးသမိုင်း


မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိသော ရှမ်းလူမျိုးတို့၏ သမိုင်းကြောင်းအား လေ့လာမည်ဆိုပါက အနည်းဆုံး ဘီစီ ၆၅၀ အထိ သွားရမည်ဖြစ်ပါသည်။ ယခင်က ရှေးဟောင်းသုတေသန ပညာရှင်များ ရှေးခေတ် ဘီစီ ၅၀၀၀ ခန့်က ရှမ်းဘုရင်တစ်ပါး၏ ဂူအား တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် တူးဖော်တွေ.ရှိခဲ.ပါသည်။ ထို့ပြင် တရုတ်ရှင် ဘုရင်မင်းပာန် ဘုရင်မင်းထက်ပို၍ ရှေးကျသော ရှေးပောာင်းဘာသာရေးဆိုင်ရာ ပူဇော်ရာ ကြေးအိုးခွက်ပန်းကန်များကိုလည်း ရှာဖွေတွေ.ရှိခဲ.ပါသည်။ ၁၃ ရာစုမှစ၍ ရှမ်းဘုရင်မင်းသည် အင်းဝပြည် အနေဖြင်.မြန်မာပြည် တစ်ပြည်လုံးနီးပါး အုပ်ချုပ်လာခဲ.ရာ ၁၄ ရာစုနှစ် အလယ်ပိုင်းတွင် ထပ်မံ၍ နယ်မြေချဲ.ထွင်ခဲ.ရာတွင် တရုတ်နိုင်ငံ အနောက်တောင်ဘက်နှင့် တောင်ပိုင်းတနသာင်္ရီတိုင်း အနောက်မြေက်ဘက် အာသံပြည်နယ် အရှေ့ပိုင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအထိ နယ်ချဲ.ခဲ့ပါသည်။

၁၆ ရာစု အကုန်တွင် ရှမ်းပြည်နယ်သည် မြန်မာဘုရင်လက်အောက်သို့ ကျဆုံးသွားခဲ့ပြီး နောင်နှစ် ၅၀ တွင် တရုတ်များ၏ လက်အောက်သို့ ထပ်မံ၍ ကျရှုံးခဲ့ပြီးနောက် ရှမ်းဘုရင်မင်း၏ အာဏာစက်ဆုံးခန်းတိုင်ခဲ့ပါသည်။ သို့သော်လည်း ရှမ်းပြည်နယ်သည် သီးခြားတည်ရှိကြောင်းနှင့် ယဉ်ကျေးမှုလည်းကွဲပြားကြောင်းကို တရုတ်မြန်မာနှင့် နောက်ပိုင်းတွင် ဗြိတိသျှအစိုးရကပင် အသိအမှတ်ပြုခဲ့ပါသည်။ အမှန်စင်စစ် ငွေးစက္ကူများပင်လျှင် တစ်ချိန်တွင် အင်္ဂလိပ်၊ ရှမ်းနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုသော သမိုင်းဝင်ပင်လုံစာချုပ်သည် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံကြား ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေး ရခဲ့သော်လည်း ၄င်းကောင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကုလသမဂ္ဂရုံးတွင် ယခုချိန်ထိရှိနေသေး၏။ ၄င်းဖွဲ့စည်းပုံ အခြေခံဥပဒေအ ရ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်တွင် ရှမ်းပြည်နယ်သည် ခွဲထွက်ရန် ခွင့်ပြုထားသည်။ လူသည် စုစည်း၍ နေနိုင်သကဲ့သို့ ခွဲထွက်ရာ၌လည်း ပြုလုပ်နိုင်ပါသည်။ အမှန်စင်စစ် ၁၉၄၇ ခုနှစ်တွင် လွှတ်လပ်ရေးမရမှီ တစ်နှစ်ပါတ်လုံး ရှမ်းပြည်နယ်၏ ၀ါ၊ စိမ်း၊ နီ အရောင်များဖြင့် ပြုလုပ်သော အလံသည် လန်ဒန်မြို့တွင် လောဒ်ဘော့တွမ်လေ ( Lord Bottomley ) အပါအ၀င် ဗြိတိသျှ အစိုးရကိုယ်စားလှယ်များ ရှေ့မှောက်၌ ဗြိတိသျှ ယူနီယံ ဂျက်အလံအား ဖြုတ်ချပြီး ရှမ်းပြည်နယ်အလံအား လွှင့်တင်ခဲ့သည်မှာ ဗြိတိသျှ အစိုးရ၏ ရှမ်းပြည်နယ် အပေါ် အသိအမှတ်ပြုခဲ့ပုံကို တွေ့ရသည်။

၁၉၅၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် ကူမင်တန် ကွန်မြူနစ်များအား တိုက်ထုတ်ရန် အကြောင်းပြလျက် ရှမ်းပြည်နယ်ကို ကျူးကျော်တိုက်ခိုက်သိမ်းယူ ခဲ့ပါသည်။ ၁၀ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် တစ်ဖက်သတ် အာဏာသိမ်းယူကာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ရှမ်းပြည်နယ်သည် မြန်မာစစ်တပ်၏ ၀င်ရောက်ကျူးကျော်သိမ်းပိုက်မှုနှင့် ဖိနှိပ်မှုတို့ကို ခုခံလျက်တိုက်ပွဲဝင်ရင်း မိမိတို့မျှော်မှန်းထားသော လွှတ်လပ်သော ပြည်နယ်အဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် ရှမ်းခုခံကာကွယ်ရေး တပ်မတော် - မုန်းတိုင်းတပ်မတော် (MTA) ကို ခွန်ဆာ ဦးဆောင်၍ မြန်မာအစိုးရ ဗိုလ်ချုပ်နေ၀င်းနှင့် တိတ်တဆိတ် ဆက်နွယ်ခဲ့ပြီး နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအ ဖွဲ့လက်ထက်တွင် လက်နက်ချခဲ့ပါသည်။ သို့သော်လည်း မြောက်များစွာသော မုန်းတိုင်းတပ်မတော် တပ်သားများသည် လက်နက်ချရန် ငြင်းဆန်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်းကောင်း၊ ထိုင်း-မြန်မာ နယ်စပ်သို့လည်းကောင်း ရွှေ့ပြောင်းကာ အခြားခုခံတိုက်ခိုက်ရေးတပ်များ နှင့် ပူးပေါင်းမိခဲ့ပါသည်။ မကြာမီအချိန်တွင် ၄င်း မပာာမိတ်တပ်သည် ဖွဲ့စည်းပြီးနောက် ၁၉၉၆ ဖေဖေါ်ဝါရီလတွင် ရှမ်းပြည်နယ်အလယ်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ မြန်မာစစ်အာဏာရှင်တို့သည် ၄င်း ခုခံတိုက်ခိုက်ရေးတပ်များအား ရှမ်းပြည်သူလူထုအနေဖြင့် ကူညီထောက်ပံ့မှု မပြုနိုင်ရန် ဖြတ်တောက်ပစ်ခြင်း၊ ရှမ်းကျေးရွာ တစ်ရွာလုံးအား အတင်းအဓမ္မပြောင်းရွှေ့စေခြင်းဖြင့် တုံ့ပြန်ခဲ့ပါသည်။ ၄င်းအစိုးရ၏ မူဝါဒမှာ ပြည်သူတို့ အား ခွဲထုတ်ရေး၊ မိမိနှစ်သက်သမျှအတိုင်း ဖမ်းဆီးရေး၊ နှိပ်စက်ခြင်း၊ လူအသေသတ်ခြင်း၊ လုယက်ဖျက်စီးခြင်း၊ မုဒိမ်း ကျင့်ခြင်းနှင့် ပြည်သူပြည်သားများအား ပေါ်တာထမ်းစေခြင်းဖြင့် ဓါးစာခံ ဘ၀သို့ ရောက်ရှိစေရန် ယနေ့အချိန်ထိ လုပ်ဆောင်လျက်ရှိနေပါသည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....