Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Tuesday, October 13, 2009

အရှင်ဆန္ဒာဓိက အမေရိကတွင် ခွဲစိတ်ကုသမှု ထပ်မံခံယူ ဓာတ်ပုံသတင်း





အောက်တိုဘာ ၁၂၊ ၂၀၀၉ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရောက် နာမည်ကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက။
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ် ညာဘက် ခြေကျင်းဝတ် နှင့် ခြေဖမိုးတို့ကို ခွဲစိတ်ခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာ ၂၂ ရက်နေ့က ခွဲစိတ်ခဲ့ခြင်း ဖြစ်ပြီး တလခွဲတိတိ ညာဘက်ခြေထောက်ကို လုံးဝ မထောက်ရန် ဆရာဝန်က ညွှန်ကြားထားသည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။
အရှင်ဆန္ဒာဓိကသည် လွန်ခဲ့သည့် ၄ လခန့်က မုံရွာမြို့ ဗောဓိတထောင် ဘုရားရှိ ရပ်တော်မူ ဆင်းတုတော်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ခြေထောက် ထိခိုက်သည့် ဒဏ်ရာ ရရှိပြီး မြန်မာပြည်တွင် ကုသမှု ခံယူခဲ့သည်။ ထိုစဉ်က ထိခိုက်ဒဏ်ရာ ရသူများထဲတွင် ကလောင်အမည်“ရဝေနွယ် (အင်းမ)” ဟု ထင်ရှားသည့် အရှင်ရာဇိန္ဒလည်း ပါဝင်သည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....