Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Friday, July 17, 2009

Young activist seeks voice for Myanmar minority


Young activist seeks voice for Myanmar minority


Monday, 13 July 2009 11:23 By Han Manman

Beijing Today (Beijing Youth Daily). 3 July 2009.
http://bjtoday.ynet.com/article1.jsp?oid=53801375


Twenty-eight-year-old Charm Tong is regarded as an enemy by
Myanmar’s junta but a “candle in the dark” by her fellow citizens. This
vivacious woman does not fit the stereotype of a “strong political
advocate” for ethnic minority rights and democracy in the military-run
nation formerly called Burma. Yet, she is one of the few who can get
the international community to sit uand take notice of the Southeast
Asian country.
[Charm Tong]

Charm Tong

Though her formal education ended in middle school, she has since
received a slew of awards and recognitions: She was one of for
international activists under 30 to be given the Reebok Human Rights
Awards in 2005; the same year, she was nominated for the Nobel Peace
Prize and was named one of Asia’s Heroes by Time magazine. Charm Tong,
a member of Myanmar’s Shan minority, is now appealing to Chinese
investors to stop the construction of several hydropower dams in the
country’s minority areas, which will endanger indigenous culture and
for residents from their homes.

Dams threaten minorities’ existence

“I come from an ancient land, Yin Ta Lai, where people co-exist with
nature. Our life depends on the sacred Salween River. But my father
tells me soon the Burmese government will dam our river and our way of
life. If the dam were to be built, all our land will be submerged, and
the Yin Ta Lai will be no more,” a little Myanmar girl says in a
documentary produced by the Karenni Research Development Group.

The film, shown to Beijing Today by Charm Tong, gives a rare
glimpse of the remote center of Karen state in the country’s east, and
the life of the Yin Ta Lai minority, of whom only 1,000 people remain.
Footage depicts a distinct culture and a biodiverse rainforest that
will disappear if the Salween hydropower dam is built.

“Burma is China’s backyard, and its abundant resources have
attracted more a more Chinese companies to come and invest,” Charm
Tong said, adding that some of the projects imperil minority culture.
She appealed to investors to make a careful study of local situations
before implementing projects

In the past decade, at least 10 Chinese companies have been involved
in an estimated 20 major hydropower projects in Myanmar – a big source
of income for the Myanmar government. Aung Ngyeh, spokesperson of the
Burma Rivers Network, said that while China has strict laws governing
domestic dam-construction, these guidelines are not carried over
abroad.

“We hope China will impose similar standards for its companies
operating in Burma,” Charm Tong said.

Lecturing the enemy

Charm Tong’s path to activism began in an orphanage in Thailand.When
she was six, her parents put her on a donkey and sent her from the war-
torn eastern Shan state,home to the country’s biggest ethnic minority,
to Thailand, where they hoped she could live in peace and get basic
schooling, a privilege denied many Shan women.

She considers herself “very lucky” as she was taken to an orphanage
in the Thai-Burma border in which she studied for nine years. Many of
her peers were less fortunate; survival is top of the agenda for
Myanmar refugees in Thailand and some became victims of human
trafficking and the sex trade.

At 16, Charm Tong began volunteering with organizations that helped
Myanmar refugees.

“I witnessed how refugees from Burma suffer – especially the Shan.
They have escaped from killings, torture and persecution. They have
lost their land and belongings,” she said.

International accolades soon followed, including a visit to the
White House upon the invitation of then-President George W. Bush.

A life-long career

Since her UN speech, Charm Tong has traveled the world to speak of
the violence and oppression the Myanmar people continue to endure. She
co-founded the Shan Women’s Action Network (SWAN) together wih over 40
women, which attracted global attention in 2002 with its ground-
breaking report “License to Rape," detailing rape cases against
Myanmar military personnel.

Charm Tong’s current work includes running a school in he Thailand-
Burma border that is training a new generation of Myanmar people.

“The school trains them in English and computers, an also in human
rights, democracy, the media, the environment and other skills that
will help them work effectively with communities,” she said. Many of
their graduates have become HIV/AIDS educators in migrant and refugee
groups. Others work in women’s organizations, the media and youth
groups. “This is a lfe-long career for me,” Charm Tong said, adding
that their students represent the hope for a democratic Myanmar.

BT: What does the Chinese voice mean to you?

CT: People in Burma have no voice. But I believe your voice will
help strengthen our voice and one day change the situation.

BT: Do you ever think about a peaceful life without any conflict,
without the struggle for democracy?

CT: I’m also human and like other women, everyone wants a peaceful
life in a peaceful society. But we have important things to do to
change our people’s life and situation.BT: Have you seen your parents
since you were separated from them when you were six?

CT: I saw my parents when they came to the Thai-Burma border some
years ago. Shortly after that, my father passed away in 2004. So I
don’t have chance to get to know him anymore ... but many people who
leave their land never see their parents anymore. Compared with them,
I’m very lucky

BT: Do you plan on doing this kind of work for the rest of your
life?

CT: This is a life-long career for me. My students represent hope
for the future, hope for a democratic Myanmar. I know I’m taking a
risk. I don’t know what will happen, but I know that we’re trying to
do our best to speak the truth and change the situation. No matter how
difficult it is, we have to continue to do it.

http://www.shanland.org/index.php?option=com_content&view=article&id=2645:young-activist-seeks-voice-for-myanmar-minority&catid=102:mailbox&Itemid=279

(TAILENGTAI)...

worldmyanmar ဖြစ်ရပ်မှန် လူသတ်သမား

worldmyanmar ဖြစ်ရပ်မှန် လူသတ်သမား

စာဖတ်ပရိသတ်များခင်ဗျား

ပြည်တွင်းမှ တပ်မတော်အရာရှိ တစ်ဦး ပေးပို့လာတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အား နိုင်ငံတကာနဲ့ ပြည်သူလူထုအားလုံး သိရှိစေရန် တင်ပြ ပေးစေ လိုကြောင်း ပေးပို့သူရဲ့  ဆန္ဒအရ ဒီကနေ့ တင်ပြ ပေးလိုက်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာဟာ ဘယ်လောက် အောက်တန်း ကျနေပါသလဲ၊ နိုင်ငံတကာမှာ စစ်ခေါင်းဆောင်တွေဟာ တော်တော် ရီစရာကောင်းနေတဲ့ အပြင် တရားဥပဒေရဲ့  အထက်မှာ စစ်ခေါင်းဆောင်တွေ ရှိနေပြီး သူတို့ လုပ်တဲ့ ရာဇ၀တ်မှုတွေကိုတော့ သူတို့ ဖုံးကွယ်ကာ မသိသလို ဟန်ဆောင်နေကြတဲ့အတွက် ဖေါ်ထုတ် တင်ပြလိုက် ရပါကြောင်း၊ စစ်တပ်ကို လက်ကိုင်ပြုပြီး မတရားသဖြင့် အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တစုကို ပြည်သူလူထုနဲ့အတူ တပ်မတော်သားများ အားလုံး ပူးပေါင်းလက်တွဲကာ ဖြုတ်ချစေလိုကြောင်း ဆောင်းပါးရှင်က ရေးသား ပေးပို့လာပါတယ်။ အခုလို ရဲဝံ့စွာ ရေးသားဖေါ်ထုတ် ပေးပို့လာတဲ့ အတွက် တပ်မတော် အရာရှိ ဓူဝံကြယ်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ

ဆောင်းပါးရှင် - ဓူဝံကြယ် (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

toe-naing-mans-speechယခု နအဖမှ ဗိုလ်သူရရွှေမန်း၏ နားထောင်၍ကောင်းသော မိန့်မြွက်ချက်တစ်ခုပါ။ မည်သူမျှ ဆိုသည်က အဘယ်သူတို့ကို ရည်ညွန်းပါသနည်း။ ပိုမို၍ ရှင်းလင်းစေရန် မိန့်ခွန်းရှင် ဗိုလ်သူရရွှေမန်း၏ သား(အငယ်) စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်း အပါတ်စဉ် (၄၁) ဆင်း၊ ဗိုလ်တိုးနိုင်မန်း၏ လုပ်ရပ်ကိုကြည့်ကြပါ။ ၂၀၀၀ခုနှစ် DSA ကျောင်းဆင်း ဗိုလ်တိုးနိုင်မန်းသည် ၎င်းနှင့် အပါတ်စဉ်တူ ဗိုလ်အောင်စောလှိုင်နှင့် စစ်တက္ကသိုလ်၌ အလွန်ခင်မင်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပါသည်။ မကွေးတိုင်း၊ ဆီမီးခုံ (ဇာတိ) ဗိုလ်အောင်စောလှိုင်သည် ဗိုလ်တိုးနိုင်မန်း နှင့်အတူ ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ်များအတွင်း အထူး အခွင့်အရေး ရရှိပြီး အလုပ်အကိုင်(ဋ္ဌာနလက်ကိုင်) မယ်မယ်ရရ မရှိသေးပဲ ပျော်ပါးနေရင်း တစ်ရက်တွင် ဗိုလ်အောင်စောလှိုင်သည် ဘုရင့်နောင်ဈေး၊ ခရေပွဲရုံလမ်းနေ သူ၏ တနယ်တည်းနေ ချစ်သူ (ဒုတိယ-နှစ်၊ ဥပဒေ ကျောင်းသူ ) ထံသို့ ဗိုလ်တိုးနိုင်မန်းကို အဖော်အဖြစ် ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးမိခဲ့သည်။

ဤသို့ မိတ်ဆက်ပေးပြီး နောက်ပိုင်းတွင် ဗိုလ်တိုးနိုင်မန်းသည် သူငယ်ချင်းချစ်သူအား သဘောကျပြီး စည်းမထားနိုင်ပဲ နောက်ပိုးရာမှ မိန်းကလေးက အလိုမတူသဖြင့် ဗိုလ်အောင်စောလှိုင် ပြန်သိပြီး အချေအစောင် ဖြစ်ပွားခဲ့ပါသည်။ တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာရာ အခြားအရာရှိ သူငယ်ချင်းများမှ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ကံ့ကော်ရိပ် ဘီယာဆိုင်သို့ခေါ်ပြီး သူငယ်ချင်းနှစ်ဦးကို ညှိနှိုင်းပေး၍ ခေတ္တခဏ ပြေငြိမ်းသွားခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းမှ ငမန်းဆိုတာ ဘာကောင်လဲ မင်းတို့ သိပါတယ်။ ငမန်း လိုချင်ရင် မရတာ မရှိဘူး။ ငမန်း အဖေ ဘာလဲဆိုတာ မင်းတို့ သိပါတယ်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

နောက်တစ်လခန့်ကြာသော် DSA အပတ်စဉ် (၄၁)၊ တပ်စုမှူး သင်တန်း တက်ရောက်ရသည့် ဗထူးတပ်နယ် ရပ်စောက်မြို့  တပ်မတော် တိုက်ခိုက်ရေးကျောင်း သင်တန်းတွင် ဗိုလ်တိုးနိုင်မန်းနှင့် နောက်သူငယ်ချင်းဖြစ်သူ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦးရဲ့ သားတို့မှ အကွက်ကျစီစဉ်၍ ဗိုလ်စောလှိုင်အား အသေသတ်ဖို့ စီစဉ်ခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းအနားမှ ဖော်လန်ဖား အရာရှိတစ်ချို့ က သူရရွှေမန်း အာဏာနှင့် မသေမချင်း ရှေ့ တန်းစစ်မြေပြင်သို့ စေလွှတ်ရန် အကြံပေးသော်လည်း “မ” စိတ်မွန်၍ ရမ္မက်ထန်နေသော ဗိုလ်တိုးနိုင်မန်းမှ သူ့ကောင်မကို ငါပြောထားတယ် “နင့်အကောင်ကို ငါ ကိုယ်တိုင် သတ်ပြမယ်၊ နင့်အကောင်ဟာ ဘယ်တော့မှ ငါ့ရဲ့  ပြိုင်ဘက် မဟုတ်ဘူးဆိုတာ နောင်တ ရစေရမယ်ဟု” ကြိမ်းဝါးပြောဆိုခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်း၏ ဒေါသ(ဖခင်အရှိန်အ၀ါ)ကို ကြောက်၍ ဗိုလ်အောင်စောလှိုင် မှလည်း အတတ်နိုင်ဆုံး လွတ်အောင် ရှောင်နေခဲ့ပါသည်။

တပ်စုမှုး သင်တန်း ရောက်စဉ် သင်တန်းသား မည်သူတစ်ဦး တစ်ယောက် မှ ကိုယ်တိုင် ကားမောင်းနှင်ခွင့် မရှိသော်လည်း အဖေ့အရှိန်အ၀ါကို မှီကာ ဗိုလ်တိုးနိုင်မန်းနှင့် ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏သား တို့သည် ISUZU “Double-cub” တစ်ယောက်တစ်စီးနှင့် ညမထွက်ရသော သင်တန်းသားများ၏ ရပ်စောက်မြို့ပေါ်ရှိ အရက်ဆိုင်တကာတွင် သင်တန်းသား ဖော်လန်ဖား အရာရှိများနှင့် တရုန်းရုန်း ပျော်ပါးနေကြသည်မှာ ရပ်စောက်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသကဲ့သို့ ပင်ဖြစ်ပါသည်။

တစ်ရက်တွင် ဖော်လံဖား အရာရှိများ အကူအညီဖြင့် ဗိုလ်အောင်စောလှိုင်အား တိုးနိုင်မန်းမှ အရက်တိုက်မည်ဟု အတင်း အပြင်ကို ခေါ်ထုတ်ကာ အရက်အနည်းငယ် သောက်ပြီးချိန်တွင် ဗိုလ်တိုးနိုင်မန်းနှင့် သူငယ်ချင်းအရာရှိ တို့သည် ကားပြိုင်မောင်းရန် ယှဉ်ပြိုင် ပြောဆိုကြသည်။ တိုင်ပင်ထားသည့်အလား ဗိုလ်တိုးနိုင်မန်း သူငယ်ချင်း ဗိုလ်တင်အောင်မြင့်ဦးသားက မိမိတစ်ဦးတည်း ကားမောင်း၍ ဗိုလ်တိုးနိုင်မန်းက အဖော်အဖြစ် ဗိုလ်အောင်စောလှိုင်အား သူ့ကားပေါ် လိုက်ခဲ့ပါရန် အတင်းခေါ်ရာ မရိုးသားသော အခြေအနေကို ရိပ်မိသဖြင့် ဗိုလ်အောင်စောလှိုင်သည် ငြင်းဆိုခဲ့သော်လည်း မရသဖြင့် အခြားဗိုလ်တစ်ဦးကိုပါ ထပ်မံခေါ်ယူရန် ပြောဆိုခဲ့သည်။ ဤသို့ဖြင့် တိုးနိုင်မန်းသည် သူ၏ “Double cup” နောက်ခန်းတွင် ဗိုလ်အောင်စောလှိုင်နှင့် အခြားသောအရာရှိ အဖော်တစ်ဦးအား ထိုင်စေ၍ ရှေ့ခန်းတွင် တစ်ဦးတည်းထိုင်ကာ ကားမောင်းပြိုင်ခဲ့ကြသည်။

shwe-man

လူသတ်သမား ဗိုလ်တိုးနိုင်မန်း၏ ဖခင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း

ရပ်စောက်မြို့ ဈေးအနီးရှိ အရက်ဆိုင်မှ စတင်၍ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ထိပ်ကို ပန်းတိုင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရပ်စောက်မြို့ စစ်ဆေးရုံအကျော် လူရှင်းသော နေရာသို့ ရောက်လျှင် ဗိုလ်တိုးနိုင်မန်းသည် ကားရပ်၍ အောင်စောလှိုင်အား မိမိကိုယ်ပိုင် သေနတ် (တပ်မတော်မှ ထုတ်ပေးထားသော သေနတ် မဟုတ်) နှင့်ရင်ဘတ်ကို တစ်ချက်တည်း အသေ ပစ်သတ်ခဲ့သည်။ အဖော်ပါလာသော အခြားအရာရှိ တစ်ဦးကိုလည်း မျက်မြင်ဖြစ်နေသဖြင့် အကယ်၍ နှုတ်မလုံဘဲ ပြဿနာပေါ်ပါက မိမိတို့နှစ်ဦး ဒုက္ခဖြစ်နိုင်သည်ဟု ဗိုလ်တိုးနိုင်မန်းအား ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏ သားမှ ပြောဆိုရာ ဗိုလ်တိုးနိုင်မန်းမှ အဖေါ်လိုက်ခဲ့သူ အခြားအရာရှိကိုပါ ထပ်မံပစ်သတ်ခဲ့ပါသည်။ ထို့နောက် လမ်းဘေး(၁၂)ပေခန့် နက်သော ချောက်ကလေးထဲတွင် ကားနှင့်အတူ အက်ဆီးဒင့်ဖြစ်သလို ထားခဲ့ပါသည်။ အခြေအနေမှန်ကို စစ်ဆေးသော အရာရှိ ဆိုသူများမှလည်း ကား အက်ဆီးဒင့်ကြောင့် သေရတာပါဟု ဆင်သေကို ဆိတ်သားရေဖုံးသော စာထုတ်ပေးကြရပါသည်။ အရာရှိနှစ်ဦး၏ ဆွေမျိုးမိဘများမှာ မကျေနပ်သော်လည်း မည်သို့မျှမပြောရဲ ကြပေ။ ဤသတင်းအား မည်သူမှ မပြောဆိုရန် ပိတ်ပင်၍ ခံဝန်ထိုးကာ ပြန်လွှတ်ခဲ့ပါသည်။

လူသတ်သမား ဗိုလ်တိုးနိုင်မန်းမှာ ဖခင်အရှိန်အ၀ါနှင့် မည်သို့မျှ ခေါ်ယူ စစ်ဆေးခြင်းပင် မခံခဲ့ရပေ။ ဤအကြောင်းအား မိမိမိသားစုအား ထုတ်ဖော်ပြောဆိုသူ ဗိုလ်ထက်အောင်(DSA-၄၀)မှာ ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး အကူ(၁)မှ ခေါ်ယူ၍ ပြင်းထန်စွာ သတိပေးခြင်း ခံခဲ့ရပြီး လုပ်သက်(၂)နှစ်လျော့ ပြစ်ဒါဏ် ခံခဲ့ရပါသည်။ အခြားသိရှိသော အရာရှိများမှာလည်း ထိပ်တန်း လျှို့ဝှက် အနေနှင့် နှုတ်ပိတ် နေခဲ့ရပါသည်။ ဗိုလ်သူရရွှေမန်းသည် မိမိသား “နှာဘူးလေး” အား နောက်ထပ် အမှားမလုပ်မိစေရန် ဇေကမ္ဘာဦးခင်ရွှေအား မင်္ဂလာဒုံ ဥယျာဉ်မြို့တော်သစ် တိုးချဲ့ လုပ်ကိုင်ခွင့် စီမံကိန်းကို ထပ်မံပေး၍ သမီးဖြစ်သူ ဇေဇေလတ်နှင့် ကြောင်းလမ်းခဲ့ပါသည်။ မျက်လုံးပြူး(အမြင်ကျယ်)၍ အရှည်ကို မြင်သော ဦးခင်ရွှေမှ သဘောတူလက်ခံကာ Sedona Hotel တွင် ခမ်းခမ်းနားနား လက်ထပ်ပေးခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက် ရှိနေပါသည်။

ထို့ကြောင့် “ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ” ဟုဆိုခဲ့သော ဗိုလ်သူရရွှေမန်း သည် “ဥပဒေ” ၏ မည်သည့်နေရာမှ မိန့် ခွန်းချွေခဲ့ပါသနည်း။

စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးနှင့် (နအဖ)အာဏာရှင်စနစ် ကျဆုံးရေးအား ရည်သန်၍ အရာရှိတစ်ဦးမှ တင်ပြသည်။

အထက်ပါ စာမူအား တင်ပြခဲ့တဲ့ နေ့ရက်ကတော့ Sunday, May 24th, 2009 ဖြစ်ပြီး အချိန် 2:38 am မှာ ဖြစ်ပါတယ်။ ဒီ စာမူရဲ့  အမျိုးအစား ကတော့ ဆောင်းပါး ဖြစ်ပါတယ်။ သင့်အနေနဲ့ သဘောအမြင် အယူအဆများကို ပေးသွားလို့ ရပါတယ်။ ယခုလို အားပေး ကြည့်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား

(TAILENGTAI)...

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့မပါဝင်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့မပါဝင


ဗုဒ္ဓဟူးနေ့၊ 15 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်တွင် အပစ်ရပ်သျှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့မပါဝင်ဟု ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် သတင်းရပ်ကွက်ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ကျနော်တို့အဖွဲ့ မပါဘူး။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေကလည်း အိမ်နီးချင်းတိုင်းပြည် တွေနဲ့ နယ်နမိတ်ချင်း ထိစပ်မနေဘူးလေ”- ဟု SSA အပစ်ရပ် အရာရှိတစ်ဦးကပြောကြောင်း ခေါင်းဆောင်ပိုင်း နှင့်ရင်းနှီး သည့် အမည်မဖေါ်လိုသူတဦးကပြောပါသည်။

[သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့]

သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်တွင် အပစ်ရပ် သျှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့၊ ပအိုဝ်းဖြူ ခေါ် အောင်ခမ်းထီ PNO အဖွဲ့တို့ မပါဝင်ဟုဆို၏။

“ကျနော်တို့ကို နယ်ခြားစောင့်တပ်ပြောင်းဖို့အထဲမှာမပါပေမဲ့ ခဏခဏခေါ်တွေ့တာက ဒေသခံ ပြည်သူ့စစ်အဖြစ် အသွင် ပြောင်းဖို့ ဖြစ်တယ်။ ကျနော့်အမြင်ကတော့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ဆိုတာက ဘာမှမထူးခြားပါဘူး။ စစ်အစိုးရ လက်အောက်နေရတာချင်းအတူတူပါဘဲ။ နားထောင်လို့ကောင်းအောင် နယ်ခြားစောင့်တပ်လို့ပြောတာ၊ အမှန်တော့ စစ်အစိုးရ ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပါဘဲ” - ဟု အဆိုပါအရာရှိက ပြောကြောင်း ၎င်းင်းဆိုစ့်ကဆက်ပြော ပြပါသည်။

မည်သို့ ဆိုစေကာမူ အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း အဖွဲ့အနေဖြင့် ဒီမိုကရေစီအစိုးရသစ် ပေါ်ထွန်းလာ သည်အထိ အပြောင်းအလဲ အလုပ်ခံမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်ဟုဆို၏။

သျှမ်းပြည်တပ်မတောှ်ဗ မြောက်ပိုင်းအဖွဲ့အား ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အသွင်ပြောင်းမှု ဖေါ်ဆောင် ရေးကော်မတီ ဒုဗိုလ်ချုပ်ကြီးရဲမြင့် (စရဖ ညွှန်ချုပ်) က လားရှိုး ရမခ စစ်တိုင်းရုံးသို့ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံဖိအားပေး ခဲ့သော်လည်း SSA ခေါင်းဆောင်များလက်မခံခဲ့ပေ။ အလယ်အလတ်တပ်မှူးများ အောက်ပိုင်းခေါင်းဆောင်များအသွင်ပြောင်း ရေးအစီအစဉ်အပေါ် နားလည်လက်ခံခြင်းမရှိသေးသဖြင့် အချိန်ယူစည်းရုံးရဦးမည်ဖြစ်ကြောင်း အကြောင်းပြန်ထားခဲ့သည်။

(TAILENGTAI)...

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်


သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံများကို မတရားညှင်းပမ်းနှိပ်စက်သဖြင့် မခံမရပ်နိုင်မှုကြောင့်ဖြစ်သော နအဖ စစ်ကြောင်းအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့သည်ဟု SSA သတင်းရပ် ကွက်က ဆိုသည်။

ဂျူလိုင် ၁၅ ရက် မနက် ၁၁း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ မိုင်းနောင်မြို့နယ် မိုင်းယိုင်းအုပ်စု ၀မ့်နမ့်ဖတ်နှင့် ၀မ့်ဆာလဲ ရွာ ကြား ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲသည် သျှမ်းပြည်တပ်မတော် အောင်ပေ့စစ် - စစ်ကြောင်းက စစ်အစိုးရစစ်တပ် ခမရ ၅၁၅ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို၏။

၇ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ အသေအပျောက် ဆုံးရှုံးမှုမရှိ၊ စစ်အစိုးရ စစ်ကြောင်း မှ စစ်သား ၁၁ ယောက် သေဆုံးပြီး၊ လက်နက် ကြီးငယ် ၆ လက်၊ ကျည်အမျိုးစုံ ၇၆၆ ထောင့်၊ လက်ပစ်ဗုံး ၃ လုံး ကျည်ကဒ် ၁၅ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စစ်ဝတ်စုံ ၉ စုံ၊ ဦးထုပ် ၉ လုံး၊ ဟင်းကောကျိုင့် ၈ ခု၊ အိုးကြီး ၃ လုံး နှင့် အီကွင်းမင်း ၁၁ ခု သိမ်းဆည်းရမိသည့်အပြင် လက်နက်ချ အညံ့ခံသည့် စစ်သားတယောက်လည်းပါကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောပါသည်။

ဗိုလ်မှူးကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်
“ကျနော်တို့ဘက်က အဲမ်ပွတ်ရှ် လုပ်တာဆိုတော့ အသေအပျောက်မရှိဘူး။ အဲဒီနအဖစစ်ကြောင်းက ဒေသခံပြည်သူကို အမျိုးမျိုး အနိုင်ကျင့်တယ်။ တွေ့သမျှပစ္စည်း ဥစ္စာတွေယူတယ်။ ကြက် ၀က် ဘဲ တွေ တိရိစ္ဆာန်အကြီးစားတွေကို သေနတ်နဲ့ ပစ်သတ် ယူသွားတယ်၊ သူတို့ယူသမျှ အဖိုးအခမပေးလို့၊ လူထုကို မလေးစားလို့ ကျနော်တို့ဘက်က တန်ပြန်တဲ့အနေနဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ဆက်ပြောပြ၏။

လဲချား အခြေစိုက် ခမရ ၅၁၅ သည် သျှမ်းပြည်တပ်မတော်မှခွဲထွက်အဖွဲ့ (စစ်အစိုးရထံ လက်နက်ချအဖွဲ့) မကြာခင်က သေဆုံးသွားသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပည့် ဗိုလ်မှူးစိုင်းတာ့အဖွဲ့အား လမ်းပြခိုင်းပြီး ကျေးလက်လူထုကို အမျိုးမျိုး နှိပ်စက်သည် ဟု ဆို၏။

(ဗိုလ်မှူးကြီးမိုင်းဇင့်မှာ နအဖ စစ်ထောက်လှမ်းရေး ၂ ယောက် နှင့် အတူ ပြီးခဲ့သည့် မေ ၂၄ ရက်က ၎င်းတို့စီးလာသော စစ်အစိုးရယာဉ်တန်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းအပါအ၀င် ၁၅ ယောက်သေဆုံးခဲ့သည်။ )

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆို ကျနော်တို့ သျှမ်းပြည်တပ်မတော်က အခုလို ပြန်လည် ချေပမှာဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရင် ဒီနည်းလမ်းနဲ့ဘဲ ကာကွယ်ရလိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

အခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရ၏ အရာခံဗိုလ် ၂ ယောက်၊ တပ်ကြပ်ကြီး ၃ ယောက်နှင့် တပ်ကြပ် ၂ယောက်၊ တပ်သား ၄ ယောက်တို့၏ ရုပ်အလောင်းများကို SSA က စစ်ဆေးတွေ့ရှိကြောင်း၊ အစိုးရစစ်ကြောင်း၏ မော်တာ ၁ လက်၊ MA 79 ၁ လက်၊ MA-2 ၂ လက် MA-1 ၂ လက် နှင့် ၎င်း၏ကျည်များကိုလည်း သိမ်းဆည်းရရှိကြောင်း ပြော၏။

ထို့အတူ ယခုလ ၈ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော်နှင့် လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာဦး ဦးဆောင်သည့် အင်အား ၁၈ ယောက်ပါ အဖွဲ့နှင့်လည်း ပင်လုံမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်အစိုးရအရာရှိ ဗိုလ်ကျော်သူ နှင့် တပ်ကြပ်ကြီး ကြည်မင်း ၏ အလောင်းကိုတွေ့ရကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စွာဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဆိုပါသည်။

မြို့ရောတောပါ လွမ်းခြုံလာသည့် ကြိုးမဲ့ဆက်သွယ်ရေးကွန်ယက်

မြို့ရောတောပါ လွမ်းခြုံလာသည့် ကြိုးမဲ့ဆက်သွယ်ရေးကွန်ယက်


ဆိုင်အတွင်းဝင်ကြည့်လိုက်လျှင် ဂြိုလ်တုဆက်သွယ်ရေးဖုန်းများ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက် အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများမှ အစ လမ်းလျှောက်စကားပြောစက်အဆုံး ဆိုင်တင်ရောင်းချနေတာ တွေ့မြင်ရမှာဖြစ်ပြီး လွပ်လပ်စွာဝယ်ယူ ရရှိနိုင်ပါသည်။ ဒီလိုဆိုင်များက တရုတ်စီးပွားရေး သိသိသာသာ ဖွံ့ဖြိုးလာမှုနောက်မှ ထပ်ချပ် မကွာ လိုက်ပါလာတဲ့ အရာတစ်ခု ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်လောက်ကမှ ဒီလိုအရောင်း ဆိုင်တွေ စတင်လာခဲ့တာလို့ သိရှိသူများက ဆိုသည်။

ယခုအခါမှာတော့ နေရာအနှံ့က တရုတ်ဖုန်းဆိုင်တွေမှာ မြန်မာပြည်သူများ အတွက် မိုဘိုင်းဖုန်းများ ကော့တလက် ဖုန်းများအား အလွယ်တကူ ရောင်းချလျှက်ရှိသည်။ တရုတ်မိုဘိုင်းဖုန်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည် (မြောက်ပိုင်း) များတွင် တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် ဖုန်းအရောင်းအဝယ်လုပ်ငန်းလည်း လွန်ခဲ့သည့် (၅)နှစ်ခန့် ကာလများဆီက တစ်စခန်းထ ခေတ်စားလာခဲ့ပါသည်။

တရုတ်မိုဘိုင်းဖုန်းများအား မြန်မာပြည်ဈေးကွက်များအတွင်း အရောင်းအဝယ်လုပ်ခဲ့ဘူးသူ အမျိုးသမီးတစ်ဦးက လွန်ခဲ့သည့် (၄)နှစ်လောက်က သူမရဲ့ အရောင်းအ၀ယ်လုပ်ခဲ့ပုံ အတွေ့အကြုံထဲက အနည်းငယ်ကိုသာ အခုလို ပြောပြသည်။

“ဆိုင်နဲ့ခင်းရောင်းတာမဟုတ်ဘူးလေ ဟိုမှာအရင် ရင်းနှီးတဲ့သူတွေဖုန်းရချင်တဲ့သူတွေကို လိုက်စပ်ပြီး ဒီကနေ သယ်ရောင်းတာပေါ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိတဲ့ အရောင်းအဝယ်သမားတွေ ကုန်သယ်တွေက ဝယ်သုံးကြ တာပေါ့”လို့ ပြောသည်။

နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက အမြဲလိုလိုဈေးကွက် အခြေအနေ ကိုမေးမြန်းစုံစမ်းပြီး လိုအပ်သည့်ကုန်ပစ္စည်းများနှင့်အရည်အတွက်ကို မှာယူတင်သွင်းနေရတာ ကြောင့် ဆက် သွယ်ရေး၏ အရေးပါမှုသည် တန်ဘိုးဖြတ်၍မရကြောင်းလုပ်ငန်းရှင်တိုင်းသဘောပေါက်ကြသည်။

အချိန်နှင့်အမျှ ပြောင်းလဲနေသည့် နှစ်နိုင်ငံ ငွေလဲလှယ်နူန်းထားများ ဈေးကွက်အတွင်း ပြောင်းလဲမှု အခြေအနေ များကို အချိန်မှီသိရှိမှသာ အမြတ်အစွန်းထွက်ဖို့သေချာမှာမို့ မရှိမဖြစ် လိုအပ်ချက်ကြောင့် တတ်နိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန်ဆက်သွယ်မှုပြုကြရသည်။

လွန်ခဲ့သည့်(၁ဝ)နှစ်ဝန်းကျင်ကာလက မြန်မာပြည်မြောက်ပိုင်းတွင် တရုတ်ဖုန်းများ ယခုအချိန်ကဲ့သို့ တွင်ကျယ် စွာအသုံးပြုနိုင်ခြင်းမရှိသေးပါ။

တရုတ်ပြည်နယ်စပ်မှ မြန်မာပြည်အတွင်းပိုင်းသို့ ဖုန်းဆက်သွယ် ခေါ်ဆိုမည်ဆိုလျှင် တရုတ်ဖုန်း နှင့်မြန်မာဖုန်း တိုက်ရိုက်ဆက်သွယ်ပြောဆိုပါက တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ထက်ဝက်မျှနှင့် ညီမျှသော တရုတ်ယွမ်ငွေ ကို ပေးဆောင်ကြရသဖြင့် ကုန်သယ်များ၏ ငြီးတွားသံကိုလည်း မကြာခဏကြားကြရသည်။

နောက်ပိုင်း အချိန်များတွင်တော့ အဆိုပါ အခက်အခဲကို ကျော်လွားနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက ဗမာဌာနဆိုင်ရာ ၀န်ထမ်းများနှင့်ပေါင်း၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြံဆတီထွင်လာခဲ့ပုံကို ကုန်သယ်တစ်ဦးက အခုလိုပြန်ပြောင်းပြောသည် ။

“နယ်စပ်မြို့တွေပေါ့ ဒီမှာဆိုမူဆယ်လိုနေရာမျိုးမှာ မြန်မာ့ဆက်သွယ်ရေးဌာနမှာ ငွေသွင်းပြီး ဖုန်းနံပါတ်တစ်ခု သွားမှတ်ပုံတင်ထားရတယ် အဲဒီအချိန်ကတော့ မြန်မာငွေနဲ့ဆို ၅သောင်းလောက်ကျတယ် ဒီဖုန်းနံပါတ်ရလာပြီ ဆိုရင် ကိုယ်ကတရုတ်ဖုန်းနဲ့အဲဒီနံပါတ်ကိုခေါ်လိုက်ရုံပဲ ပြီးကျမှ ကိုယ်ဘယ်မြို့ကိုဆက်ချင်ပါတယ်ဆိုရင် သူတို့က အိတ်ချိန်းကနေလွဲပေးလိုက်တယ် အဲလိုပြောကြရတယ် ဒီနံပါတ်က ကိုယ့်နံမယ်နဲ့လုပ်ထားတယ်ဆိုရင် တခြား လူခေါ်လို့မရဘူး တခြားလူခေါ်တယ်ဆိုရင် မှတ်ပုံတင်ထားတဲ့ လူနံမယ်ကိုပြောပြနိုင်မှရတယ် ဗမာပြည်ထဲက ဆက်ချင်ရင်လည်း အဲဒီနံပါတ်ကိုခေါ် ဘယ်တရုတ်ဖုန်းကိုချိတ်ပေးပါဆို သူတို့ကချိတ်ပေးလိုက်တာပဲ ” လို့တချိန် က တရုတ်နယ်စပ်ဆက်သွယ်ရေးအခြေအနေကို ကုန်သယ်က ရှင်းပြသည် ။

ယခုလိုကြားခံပြီး ပြောဆိုဆက်သွယ်မှုများ ထွန်းကားလာသဖြင့် ဖုန်းပြောခဈေးနူန်းလည်း တစ်မိနစ်လျှင် မြန်မာ ငွေကျပ် (၅ဝဝ) သာပေးရ၍ ထက်ဝက်ခန့်သက်သာသွားသည်ဟု ဆိုသည် ။

ယခုတော့ နယ်စပ်ဆက်သွယ်ရေးလောက ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဟု ဆိုနိုင်မလားမသိပါ ။ တရုတ်ဘက်ခြမ်းရှိ နယ်စပ်တစ်လျှောက် ကုန်သွယ်ရေးထွန်းကားရာ မြို့ကြီးများတွင် မြန်မာIP Star အဝေးပြောဆက်သွယ်ရေး ဖုန်းရုံများ ဖွင့်လှစ်ထားရှိလာကြသည် ။

လုပ်ငန်းရှင်တချို့ကလည်း ကိုယ်ပိုင်ဈေးဆိုင်လေးများတွင် အခကြေးငွေယူ၍ ပြည်တွင်းသို့ ဆက်သွယ်နိုင်သည့် ဗမာဖုန်းများထားရှိကာ ဆက်သွယ်ရေးစီးပွားနယ်ပယ်အတွင်းသို့ တိုးဝင်လုပ်ကိုင်လာကြသည် ။

ဗမာဖုန်းတစ်လုံးကို ကျပ်သိန်း(၂ဝ)ကျော်ခန့်ဖြင့်ဝယ်ယူပြီး ကိုယ်ပိုင်ဈေးဆိုင်လေးတွင် အခကြေးငွေယူ ဝင်ငွေရှာ သူများရှိလာသည် ။

ဗမာဖုန်းအချင်းချင်း ဆက်သွယ် ပြောဆိုကြရသည့် ဖုန်းဆိုင်များတွင် တစ်မိနစ်ဖုန်းပြောခ တရုတ်ငွေ (၁) ယွမ်နူန်း သာကုန်ကျသော်လည်း အသံကောင်းမွန်စွာမကြားရသည့် ဒုက္ခက မသေးလှဟု မိဘများထံ ပုံမှန်ဖုန်းပြောလေ့ရှိ သည့် မြေလပ်ပိုင်းမှ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

ပြောဆိုကြသည့် နှစ်ဘက်စလုံးသည် အသံရှင်းလင်းမှု မရှိသဖြင့် ရန်ဖြစ်သလိုအော်နေကြရပြီး လမ်းသွားလမ်း လာ တရုတ်များကပင် အထူးတဆန်းလှည့်ကြည့်နေကြသဖြင့် ဗမာဖုန်းပြောရတာ ရှက်စရာကောင်းကြောင်း ပြောသည်။
ယခုအချိန်တွင် ယခင်ကလောက် အခြေအနေ သိပ်မဆိုးတော့ပေမဲ့ အသံကတော့ တိုးနေမြဲဟု ပြောသည် ။

ဗမာ GSM ဖုန်း ကိုယ်ပိုင်သုံးလုံးပိုင်ဆိုင်သည့် မူဆယ်က ကုန်သယ်ကြီးတစ်ဦးကတော့ တစ်ခါသုံး SIM ကဒ်များ ရောင်းချပြီးသည့် နောက်ပိုင်း အခြေအနေပိုဆိုးလာသည်ဟု ဆိုသည်။ ပြည်တွင်းဖုန်းများမှာလည်း ဖုန်းနံပါတ် တစ်ခုတည်းကို လှိုင်းခွဲ ၃ ခုခန့်ခွဲကိုင်ထားသဖြင့် အသံမှာ နားထောင်လို့မရအောင်ပင်ဖြစ် နေကြောင်း သူက ပြောပြသည်။

တရုတ်ဖုန်းများကတော့ အိမ်အတွင်းထိုင်ရာမထ အသံအုပ်အုပ်ဖြင့်ပင် ပြောနိုင်သဖြင့် ဖုန်းအော်ပြောသည်ကို တရုတ်များက အခုလို အထူးအဆန်း လုပ်ကြည့်ကြခြင်းလည်း ဖြစ်ပုံပေါ်သည်။ ဗမာဖုန်းတစ်လုံးအတွက် ကုန်ကျ သည့် ငွေကြေးပမာဏက ဗမာပြည်တွင်းတွင်ပြောနိုင်သည့် တရုတ်ဖုန်းအလုံး ၂ဝ ကျော်ကို ဝယ်ယူရနိုင်သည် အထိ ဈေးနူန်း ကွာခြားပြီး လွယ်ကူစွာဝယ်ယူနိုင်မှုတွင်လည်း အတိုင်းအဆ မသိကွာခြားနေသည်။

တရုတ်နှင့်မြန်မာနယ်စပ်တစ်လျှောက် စီးပွားရေးလုပ်ငန်းများတွင် နီးနီးကပ်ကပ်လုပ်ကိုင်လာကြသဖြင့် ပြည်တွင်း မှ ကုန်သယ်များသာမက ဗမာစစ်အာဏာပိုင်များကပါ ငွေလဲနူန်းနှင့်အရောင်းအဝယ် ကိစ္စများကို မေးမြန်းနေကြရာ တွင် တရုတ်ဖုန်းဖြင့်သာဆက်သွယ်ကြကြောင်း တရုတ်နယ်စပ်ကျန်းဖုန်းမှ မြန်မာကုန်သယ်က ပြောသည်။

ဗမာစစ်အာဏာပိုင်ဝန်ထမ်းများနယ်စပ်မြို့များသို့ ပြောင်းရွေ့ခါစတွင်ဆယ်လူလာဖုန်းအားမမြင်ဘူးသည့် ဝန်ထမ်း များပင် ရှိသော်လည်း ရက်သတ္တတစ်ပတ်အတွင်း တရုတ်ဆယ်လူလာဖုန်းတစ်လုံး ကိုင်ဆောင်လာနိုင်ကြ
ကြောင်း ဝန်ထမ်းလောကနှင့်နီးစပ်သူက တရုတ်ဖုန်းပေါများနေသည့်အကြောင်းကို စပ်မိ၍ ပြောပြဘူးသည်။

တရုတ်လုပ်ငန်းရှင်များက မြန်မာပြည်အထက်ပိုင်းနေရာများတွင် လူကိုယ်တိုင်သွားရောက် ကုန်ပစ္စည်းဝယ်ယူ ခြင်း ရင်းနှီးမြုတ်နှံမှု့များပြုလုပ်ကြခြင်း ဆောက်လုပ်ရေးအလုပ်များလုပ်ကြခြင်း တို့ကြောင့် တရုတ်မိုဘိုင်း ဖုန်းဆက်သွယ် ရေး အခန်းကဏ္ဍက ပို၍အရေးပါနေရာယူလာခဲ့ခြင်းဖြစ်သည်။

တရုတ်ဆက်သွယ်ရေးကွန်ယက်များက မြန်မာပြည် (မြောက်ပိုင်း) တွင် ဖါးကန့်ကျောက်စိမ်းတွင်းများ ရွေတူးဖေါ် ရေး လုပ်ငန်းဂွင်များ သစ်ထုတ်လုပ်ရေးလုပ်ငန်းများသာမက ဗမာစစ်တပ်နှင့် စစ်အစိုးရရုံးဌာန ဝန်ထမ်းများ ကိုပါ ပိုက်ကွန် သဖွယ် ယှက်နွယ်လွမ်းခြုံထားလိုက်တော့သည်။

ယခင်က ရွာငယ်ဇနပုဒ်ဟု ခေါ်ဆိုကြရသည့် ရွေစက်တော်သွားတောလားဘွဲ့ပါ ကဗျာစာသားများအတိုင်း တော အထပ်ထပ် ချောင်းအသွယ်သွယ် ဖြတ်သန်း ခရီးဆက်ခါမှ ရောက်ရှိရသည့် ရွာသိမ်ရွာငယ်လေးများတွင်ပင် တရုတ်မို ဘိုင်းဖုန်းများက မှိုလိုပေါက်နေပြီဟု ဆိုနေကြတော့သည်။

လူ့ဘီလူးအရိုးစုတွေ့ရှိ

rom TRUE MYANMAR NEWS by MYANMAR NEWS
ဒီအကြောင်းအရာကတော့ အန္ဒိယမြောက်ပိုင်းလူသူကင်းတဲ့ Empty Quarte မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအရိုးစုက အလွန်ကြီးမားတဲ့ လူပုံသဏ္ဍာန်အရိုးစုပုံဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့အဖွဲ့ကတော့ အန္ဒိယနိုင်ငံ National Geographic အဖွဲ့ဘဲဖြစ်ပါတယ်။ ဒါဟာ ဟိန္ဒိုကဗျာ ထဲက ဘီစီ၂ဝဝလောက် ကရှိခဲ့တဲ့ စူပါလူသား တွေ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အဲ့လူသားတွေဟာ အရပ်အလွန်ရှည်၊ ခန္ဓာကိုယ်အလွန်ကြီးမားကြပါတယ်။ သစ်ပင်တစ်ပင်ကို ပင်စည် ကနေကိုင်ပြီး အမြစ်ကျွတ်ထွက်လာအောင်တောင် နုတ်ပြစ်နိုင်တယ်လို့ဆိုပါတယ်။










Saturday, July 11, 2009

မြန်မာများအတွက် ဆဲဗင်း ဂျူလိုင်မမေ့နိုင်

ရန်ကုန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင် ဆောင်းပါးရှင် - ဗိုလ်ထက်မင်း ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့  ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ “အာဇာနည် သူရဲကောင်း” တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြဿနာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၊ ဗိုလ်နေ၀င်း အာဏာသိမ်း ပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့် ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့မှာ (ဗကသ)၊ (တကသ) နဲ့ (ရကသ) တို့ ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်လိုက် ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြလို့ ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့ တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေမှာ ပါတဲ့ လုပ်ပိုင်ခွင့် အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့ ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့ တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့ ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။ မေလ (၂၇) ရက်နေ့ တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့ ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့သာ ဖွဲ့စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့ မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။ အမှန်မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ရ အသင်းဝင်တွေ လျှို့ဝှက် မဲပေးကာ ရွေးကောက် တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ် တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက်တွေ များစွာ ပါရှိလို့ ကျောင်းသား တွေက ထောက်ပြပြီး ကန့်ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခုမှ မရခဲ့လို့ အုပ်ချုပ်ရေး အပိုင်းနဲ့ ကျောင်းသားများ အကြား တင်းမာမှု ပြင်းထန်လာ ခဲ့ပါတယ်။ တက္ကသိုလ် အဆောင် တံခါးတွေကို ည (၈) နာရီပိတ်မယ်၊ ဘယ်သူမှ အ၀င်အထွက် မလုပ်ရလို့ တင်းကြပ်စွာ တားမြစ်လိုက်ပြန်ရာ ကျောင်းသားတွေဟာ ဒေါသ ထွက်ကုန် ကြပါတယ်။ ဂျူလိုင် (၄) ရက်နေ့ ည (၉) နာရီမှာတော့ အဆောင်နေ ကျောင်းသားတွေ ကြွေးကြော် ကန့်ကွက် ဆန္ဒပြကြ ပါတော့တယ်။ ဂျူလိုင်လ (၅) ရက်နေ့မှာ ကျောင်းသားတွေက ပါမောက္ခချုပ်နဲ့ တွေ့ခွင့်ပေးဖို့ ပန်ကြားပေမဲ့ တွေ့ခွင့် မရတာကြောင့် အဆောင် တံခါးကို လူအင်အားနဲ့ တွန်းဖွင့်ပြီး လမ်းမတွေ ပေါ်ကို ထွက်လာကြပါတယ်။ ဂျူလိုင်လ (၆) ရက်နေ့မှာ တက္ကသိုလ် နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဂျူလိုင်လ (၇) ရက်နေ့ မနက် (၁၁) နာရီမှာတော့ ကျောင်းသား ထု အစည်းအဝေး ကျင်းပပြီး ပုဒ်မ (၁၄၄) ကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ မတရား ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် (၂၂) ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်း၊ တက္ကသိုလ် ပရ၀ှဏ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားတွေ ဆန္ဒပြပွဲပြီးဆုံးချိန်မှာ လှည်းတန်း ဂါတ်တဲက ရဲကားတန်း တစ်ခု ရုတ်ချည်း ၀င်ရောက်လာပြီး အင်အား (၂၀၀) ခန့် သုံးကာ ကို ဗဆွေလေး နဲ့ ကိုသက် အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့  ရဲတွေဟာ အဓိပတိ လမ်းပေါ်မှာ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ နံပါတ် ဒုတ် တွေနဲ့ ရိုက်၊ ကျောင်းသားတွေက ရရာ ခဲတွေနဲ့ ပစ်ပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ သွေးသံရဲရဲနဲ့ ကျောင်းသားတွေကို တွေ့ရတဲ့ အခါ ကျောင်းသာထုဟာ ပိုမို နာကျည်းလာပြီး တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင် စတဲ့ ကျောင်းသားတွေက အင်အားထု ကြီးမားစွာ ပြန်လည် တုန့်ပြန်ရာ တိုက်ပွဲ ပြင်းထန်လာပြီး ရဲတွေက ဆုတ်ခွာပေးလိုက်ရပါတယ်။ စစ်အာဏာရှင် တွေဟာ အ၀ိုင်းလေး မှတ်တိုင်အနီးမှာ ဆွဲအားကောင်းတဲ့ အသံဖမ်းစက်နဲ့ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူပြီး မြန်မာ့အသံကွပ်ကဲမှု ရုံးကို စဉ်ဆက်မပြတ် သတင်းပို့ နေပါတယ်။ ဗဟို ကွပ်ကဲမှု နေရာက မြန်မာ့အသံမှာ ဖြစ်ပြီးဗဟိုလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်မှူးကြီး ဘဦး၊ ရဲချုပ် ဦးဘအေး၊ ပါမောက္ခချုပ် ဦးကာတို့ ရှိနေကြပါတယ်။ အနီးကပ်ကွပ်ကဲမှု အဖွဲ့ မှာ သနက (၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်၊ စစ်အင်ဂျင်နီယာ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး လှမြင့်၊ လက်ထောက် ရဲမင်းကြီး ဦးလှငွေတို့ ပါဝင်ပြီး အခြေအနေကို မပြတ် စောင့်ကြည့်နေ ကြပါတယ်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး လည်း လှုပ်ရှားသွားလာ ညွှန်ကြားနေပါတယ်။ ညနေပိုင်းမှာတော့ စစ်ကားတွေ ရောက်ရှိလာကာ စစ်သားတွေဟာ ဂျာမနီ နိုင်ငံလုပ် BA (63) G3, BA (64) G4 မောင်းပြန် ရိုင်ဖယ်များ ကိုင်ဆောင်ပြီး တက္ကသိုလ်ဝင်း စာတိုက်မှ စ၍ အဓိပတိ လမ်းတစ်လျှောက်နဲ့ မန္တလေး ဆောင်ဝင်းဘက်ကို မျက်နှာမူ အသီးသီး နေရာယူ လိုက်ကြပါတယ်။ စာတိုက်ဝင်း ခြံစည်းရိုး အနီးမှာ ဒု ဗိုလ်မှူးကြီးစိန်လွင်အား ကျောင်းသား တချို့က တွေ့ ဆုံဆွေးနွေးခဲ့ပြီး ကျောင်းသားတွေက ဗိုလ်မှူးတို့ တပ်တွေ ကမာရွတ် ဂတ်တဲ အထိ ဆုတ်ခွာပေးပါလို့ လေပြေထိုး ပြောဆိုခဲ့ပေမဲ့ အထက် အမိန့်အရ လာတာ ဖြစ်လို့ ဆုတ်မပေး နိုင်ဘူးဟု ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသားတွေကို လူစုခွဲဖို့နဲ့ သူငယ်ချင်း တွေကို ကိုယ့် အဆောင်ကို ပြန်ဝင်ခိုင်းဖို့  ဗိုလ် စိန်လွင် က ပြန်လည် ပြောဆိုပါတယ်။ ကျောင်းသားထဲက တချို့ဟာ သူတို့  အတွက် မရပ်တည်တဲ့ ပါမောက္ခချုပ် ဦးကာရဲ့ ကားနံပါတ် (စ - ၆၅၉) နဲ့ ကျောင်းပိုင်ကား (စ - ၆၂၀၃) တို့ကို လမ်းမ ပေါ်မှာ မီးရှို့ လိုက်ရာမှ တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ တက္ကသိုလ် ရိပ်သာ လမ်းပေါ်ကစာတိုက်အနီးကို ဖီးယက် ကားတစ်စီး ရောက်ရှိလာပြီး ဗိုလ်စိန်လွင်ကို စာတစ်စောင် ပေးလိုက်ပါ တော့တယ်။ အဲဒီစာကတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်ခတ်ဖို့  “ပစ်မိန့် ” ပေးလိုက်တဲ့ စာဘဲ ဖြစ်ပါတယ်။ ဗိုလ်စိန်လွင်က တပ်မှူးတွေကို ခေါ်ယူပြီး ပစ်ရန် ညွှန်ကြားပါတော့တယ်။ အဲဒီနောက် G3, G4 မောင်းပြန် ရိုင်ဖယ်တွေနဲ့  တက္ကသိုလ် ၀င်းအတွင်းက ကျောင်းသားတွေကို သုံး မိနစ် ပစ်၊ နှစ် မိနစ် နား စနစ် နဲ့  အတွဲလိုက် ပစ်ခတ်ပါ တော့တယ်။ ဒဏ်ရာရ သေဆုံးသူ (၁၀၀) ၀န်းကျင် ရှိခဲ့ပြီး တက္ကသိုလ် နယ်မြေဟာ ဥဒါန်း မကြေစရာ “သွေးကြွေး” တင်ခဲ့လို့  ရန်ကုန်တက္ကသိုလ်ဟာ “ရန်ကျန် တက္ကသိုလ်” ဖြစ်ခဲ့ရပါတယ်။ စစ်ဘီလူးတွေဟာ အားမရ သေးဘဲ ဂျူလိုင်လ (၈) ရက် မနက် (၄) နာရီ ၀န်းကျင်မှာ စစ်အင်ဂျင်နီယာတပ်က ဗိုလ်မှူး ထွန်းရီ ဦးစီးပြီး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ကြီးအား ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပါတယ်။ (၇) နာရီ မှာတော့ ဗိုလ်နေ၀င်းက “ဓား ဓား ချင်း၊ လှံ လှံ ချင်း” စိန်ခေါ်တဲ့ မိန့် ခွန်းကို မြန်မာ့အသံမှ နားခါးစရာ ပြောကြား ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့  စပ်လျဉ်းပြီး ဗိုလ်နေ၀င်းနဲ့  ဗိုလ်အောင်ကြီး တို့ က “အိုကေ” ဆိုတဲ့ စကားလုံးနဲ့  သူလုပ်တယ် ငါလုပ်တယ်လို့ နောက်ပိုင်းမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။ ဗိုလ်နေ၀င်းဟာ ဗဟို ကွပ်ကဲမှု ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုးအား သမဂ္ဂ အဆောက်အဦး ထဲမှာ ရှိတဲ့ ကျောင်းသားတွေကို ထွက်လာကြဖို့ အသံချဲ့ စက်နဲ့ ပြောကြားရန်၊ မထွက်လာရင် ရီကွိုင်လက် လက်နက်ကြီးနဲ့  ပစ်ဖမ်းမယ်လို့ ထည့်သွင်း ပြောကြားရန်၊ ညနေပိုင်း မမှောင်ခင် လုပ်ရန်နဲ့ လိုအပ်ရင် လက်နက်ကြီး သုံးဖို့ အမိန့် ပေးခဲ့တယ်လို့ သိရပါတယ်။ ရီကွိုင်လက် လက်နက်ကြီး ဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့ စွမ်းအားရှိလို့  အဲဒီလက်နက်ကြီးနဲ့  ပစ်ရင် အဆောက် အဦး မခံနိုင်ဘဲ ပွင့်ထွက်ကာ မိုင်းဖောက်ခွဲတာနဲ့  စွမ်းအားအတူတူ ဘဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဦးအောင်ကြီး က ဆင်ဝှေ့ ရန်ရှောင် ရှင်းရာမှာ ဗိုလ်လှဟန်နဲ့ အတူ ဦးနေ၀င်း ထံကို သမဂ္ဂ အဆောက်အဦး ဗုံးခွဲမဲ့ ကိစ္စ တားဆီးဖို့ သွားတာလို့ ပြောပါတယ်။ ဖြစ်စဉ်အမှန်က ကွပ်ကဲမှု အဖွဲ့က ဗုံးခွဲဖို့ ဆုံးဖြတ်တာကို ဦးနေ၀င်းထံ အတည်ပြုပေးဖို့ သွားရောက် တင်ပြခဲ့တာဖြစ်ပြီး အဲဒီကိစ္စကို ဦးနေ၀င်းက အိုကေ ဆက်လုပ်ပါလို့ သဘောတူခဲ့လို့ ဦးအောင်ကြီး ကလည်း ကွပ်ကဲမှု အဖွဲ့ အား ညွှန်ကြား ပြောဆို ခိုင်းစေခဲ့တာဖြစ်ပါတယ်။ သမိုင်း တရားခံ သူတို့ နှစ်ဦးနဲ့  ကြံရာပါ စစ်ဘီလူးတွေ အားလုံးကြောင့် သမဂ္ဂ အဆောက်အဦးအတွင်းမှာ နားခို နေကြတဲ့ ဒဏ်ရာရ ကျောင်းသူကျောင်းသားမြောက်များစွာဟာ အဆောက်အဦးကြီးနဲ့  အတူ ပျောက်ကွယ် သွားခဲ့လို့  ရင်နင့်စရာ ကောင်းလှပါတယ်။ ၁၉၆၃ ဂျူလိုင်လ (၇) ရက်နေ့မှာတော့ ဆဲဗင်းဂျူလိုင် တစ်နှစ်မြောက် အခမ်းအနားကို ပြုလုပ်ခဲ့ကြရာ ကျောင်းသားများအားလုံး မျက်ရည်ကျ ၀မ်းနည်း ဂုဏ်ယူကြပြီး ကျဆုံးသူများ အတွက် လွမ်းသူ့ ပန်းခွေ ချခဲ့ကြပါ တယ်။ မူလနေရာမှာ ယာယီ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး ကျောင်းသားတိုင်းရဲ့  ရင်ထဲ၊ နှလုံးသား ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ အမြစ်တွယ် ကိန်းဝပ် လာခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့  နုပျိုသစ်လွင် ရယ်မောသံတွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ဟာ ယနေ့ဆိုရင် ခြောက်သွေ့ တိတ်ဆိတ်နေပြီး တက္ကသိုလ်တွေကို အဝေးကို လွှင့်ထုတ်ထားရတဲ့အထိ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေရဲ့ သတ္တိကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ရပါတယ်။ ဆယ်စုနှစ်များ ချီပြီး ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ ဒီအရေးအခင်းကို မမှီလိုက်တဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်တိုင်းဟာ လက်ဆင့်ကမ်း တကူးတက ပေးဝေငှလို့ မဟုတ်ဘဲ နှလုံးသားအသိလေ့လာမှု ကြောင့် ကိုယ်စီ၊ ကိုယ်စီ စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ ခံယူချက် အလိုလို ပေါက်ဖွားလာခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကို သူတို့ ကျောင်းသား ဘ၀က ကြုံခဲ့ကြတဲ့ O.T.S ဗိုလ်သင်တန်း၊ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေဟာ တပ်ရင်းမှူး ဖြစ်လာတဲ့ အချိန်မှာ အချင်းချင်း အလွတ်သဘော ဝေဖန် ဆွေးနွေးကြရာမှာ သမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖို့ မလိုကြောင်း၊ သမဂ္ဂ အဆောက်အအုံက ဂျက်ထိုး ပိတ်ထားတဲ့ တံခါးမကြီးအား အင်အားသုံး ရိုက်ဖျက်ပြီး အတွင်းက ခိုလှုံနေကြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးယုံဖြင့် သွေးထွက်သံယို နည်းပါးသွားမယ် ဖြစ်ကြောင်း၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ကျော်စိုး တို့ မှာ လည်းတာဝန်ရှိပြီး အဲဒီတုန်းက ရီကွိုင်လက် နောက်ပွင့်လက်နက်ကြီး ဟာ ရှေ့တန်းမှာရောက်နေလို့ ရှာလို့ မရဖြစ်နေချိန်မှာ ကွပ်ကဲမှုပေးတဲ့ အရာရှိကြီးတွေ အနေနဲ့ အခြေအနေကို ထိမ်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့၊ ပေါင်းစပ်ညှိနှိုင်းဖို့ ညံ့ဖျင်းကာ နှိပ်ကွပ်ဖို့ကိုဘဲ တာစူနေ ကြကြောင်း၊ ဗိုလ်စိန်လွင်ဟာ G3,G4 တွေကို တစ်တောင့်ချင်း အပေါ်ထောင်ပစ်ရုံနဲ့ ဖြေရှင်းရနိုင်ကြောင်း စသဖြင့် ကျဆုံးသွားတဲ့ သူငယ်ချင်းများကို တမ်းတ လွမ်းဆွတ်ရင်း သုံးသပ်ပြောဆို ဝေဖန်ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာ မဟာ ကျောင်းသားတွေဟာ နိုင်ငံရေးပါတီ အဖွဲ့ အစည်း လောင်းရိပ်တွေ အောက်က ကင်းလွတ်ပြီး သီးခြား လွတ်လပ်တဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီး တစ်ရပ်အဖြစ် ပေါ်ထွက်ခဲ့တဲ့ အပြင် ကျောင်းသားတွေရဲ့ စွန့်လွတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်တွေဟာ အံ့မခန်း ဖြစ်ခဲ့ရ ပါတယ်။ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်း လက်တွဲပြီး ကြီးမားတဲ့ အမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည် ခဲ့ကြတာကို ဂုဏ်ပြုရင်း ရေးသား တင်ဆက်လိုက် ရပါတယ် ခင်ဗျား။

Friday, July 10, 2009

မူဆယ်က လူငယ်နှစ်ဦး ရဲပစ်သတ်၍ သေဆုံး၊ 09 ဇူလိုင်လ 2009

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် လူငယ်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဂျူလိုင် ၇ ရက်နေ့ ညပိုင်းတွင် ကြူကုတ်-ပန်ဆိုင်းမြို့နှင့် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုံသွားသည့် လမ်းပေါ်ရှိ နမ့်တောင်း ကျေးရွာ၌ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူဆယ်မြို့ လားရှိုးထမင်းဆိုင်အနီးဖွင့်လှစ်ထားသည့် Kenboဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်မှ ထွန်းထွန်းနှင့်စိုးစိုးဆိုသူ ၀မ်းကွဲညီအကို နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

နမ့်တောင်း ကျေးရွာအတွင်းနေထိုင်ကာ ဆိုင်ကယ်ကယ်ရီသမားများအား စောင့်ဖမ်းလေ့ရှိသည့် ရဲတပ်ဖွဲ့ဝင်(၃) ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားဆိုသူ အဆိုပါလူငယ်နှစ်ဦးတို့ ဆိုင်ကယ်ဖမ်းဆီးခြင်းခံထားရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုလိုပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပန်ဆိုင်းဒေသခံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထွန်းထွန်းက အသက်(၂၂)နှစ်လောက်ရှိတယ် စိုးစိုးက အသက်(၃ဝ)ကျော်လောက်ရှိတယ် ထွန်းထွန်းက ရင် ဘတ်မှာ (၂)ချက်ထိတယ် စိုးစိုးက ပါးစပ်ထဲသေနတ်ပြောင်းငုံခိုင်းပြီးပစ်လိုက်တယ် နောက်ဘက်ကပွင့်ထွက်သွား တာပေါ့ လွန်ခဲ့တဲ့ရက်ပိုင်းက ရဲက သူတို့ဆိုင်ကယ်ဖမ်းထားတာရှိတယ် အဲဒါသွားညှိနှိုင်းဖို့ ည ၁၂ နာရီ ကျော် လောက်အချိန်မှာ ရဲတွေနေတဲ့အိမ်တက်သွားပြီး အခုလိုဖြစ်သွားတာ” လို့ပန်ဆိုင်းဒေသခံတစ်ဦးက ပြောသည် ၊၊

သူတို့နှစ်ဦးသည် မိုးကုတ်မြို့မှ မူဆယ်မြို့သို့ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့၍ စီးပွားရေးလုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည် ၊၊

“ရဲကနေတရားမဝင်ဖွင့်အခွန်ကောက်နေတဲ့ ဂိတ် ဒီကြားထဲမှာ (၁ဝ၅) မိုင်အထိ (ရ) ဂိတ်လောက်ရှိတယ် အခုဖြစ် တာကနမ့်တောင်းမှာ ရဲကသူတို့ဆိုင်ကယ်ဖမ်းထား တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲနေတဲ့အိမ်ကို ညကြီးသွားတက် တော့ ဟိုက ပစ်ချလိုက်တာ သူတို့မှာလည်း ဓါးတွေပါသွားတယ် ရဲက (၃) ယောက် သူတို့က (၂) ယောက် စခန်းမရှိဘူး ဒီလိုပဲအိမ်တွေမှာ တက်နေတာ” လို့ နောက်ထပ် မူဆယ်ဒေသခံတစ်ဦးက ပြောသည် ၊၊

အလောင်းများကို ပန်ဆိုင်းမြို့တွင်ထားရှိကာ ယနေ့သဂြိုလ်မည်ဖြစ်သဖြင့် မူဆယ်မှ မိသားစုနှင့် အသိမိတ်ဆွေများ ပန်ဆိုင်းသို့ ထွက်ခွာသွားကြောင်းသိရသည် ၊၊

မစ္စတာဘန်ကီမွန်း နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံခြင်း

ကုလအတွင်းရေးမှူး ချုပ်မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံတဲ့နေရာမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ထဲက ဘယ်သူတွေပါသလဲခင်ဗျား။ တွေ့ဆုံဆွေးနွေးခွင့်အချိန်ဘယ်လောက်ရလဲ ?

ှSNLD ထဲက အဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိုင်းစောအောင်နဲ့ စိုင်းရွှေကြူးတို့ နှစ်ယောက် သွား ရာက် တွေ့ဆုံပါတယ်။ ဂျူလိုင်လ ၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ စ တွေ့တယ်။ နိုင်ငံ ရးပါတီ ၁၀ ခု နဲ့အတူတွေ့ရတော့ ဆွေးနွေးချိန် ၁ နာရီ လောက်ဘဲ ရတယ်။ တိုင်းရင်းသား မဟာ မိတ်အဖွဲ့ထဲကတော့ ကျနော်တို့ SNLDနဲ့ ကိုးကန့်ဒီမိုကရက်တစ် ၂ ဖွဲ့ဘဲ၊ UNA က ပေါ့နော်။

ဘာအကြောင်းအဓိကထားဆွေးနွေးပြီး ဘန်ကီမွန်းက ဘယ်လိုတုန့်ပြန်ပါသလဲ?

ှSNLD အနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်း ဆောင် ခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အဓိကထားတောင်းဆိုတယ်။ နောက်တချက်ကဒီခေါင်းဆောင်နှစ်ဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီမိုကရေစီအင်အား စုတွေပါဝင်တဲ့ဘက်ကတဖက် ပြီးတော့ တပ်မတော် အစိုးရဘက်က တဖက် တွေ့ဆုံဆွေးနွေးဖို့ အမျိုးသား ရင်ကြားစေ့ရေးကို စတင်အကောင်အထည်ဖော်ဖို့ ဒီနှစ်ချက်ကို တောင်းဆိုပါတယ်။ အဲဒါကို မစ္စတာဘန်ကီမွန်းက - ကျနော်တို့ မှတ်သားထားပါ့မယ် သက်ဆိုင်ရာလူကြီးမင်းတွေနဲ့ တွေ့ရင် ဆွေးနွေးပေးပါ့မယ် - လို့ပြောသွားပါတယ်။

မစ္စတာ ဗန်ကီမွန်း


ဒီတွေ့ဆုံဆွေးနွေးရတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိပါသလားခင်ဗျား?

မရှိပါဘူး။ ဘာလို့လဲဆိုတော့ မစ္စတာဘန်ကီမွန်း ပြောသွားတဲ့အချက်ထဲက နောက်ဆုံးအချက် ဖြစ်တဲ့ ၂၀၁၀ရွေးကောက် ပွဲကို ပွင့်လင်းမြင်သာပြီးတော့မှ အားလုံး လက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် လုပ်ဆောင်ပါမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဘန်ကီမွန်းကို ပြောသွားတဲ့အချက် တစ်ချက်ဘဲရှိတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်ပေး မယ်ဆိုတဲ့ကိစ္စ၊ အမျိုးသားရင်ကြား စေ့ရေီးငေူသါကန ကိစ္စတို့ ဘာတစ်ခုမှ အဖြေတိတိကျကျမရှိတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ခရီးစဉ်ဟာ အောင်မြင်တယ်လို့လဲမမြင်ဘူး။ ကျေနပ်အားရမှုလည်းမရှိဘူးလို့ပြောချင်ပါတယ်ခင်ဗျား။

ဒီခရီးစဉ်ကနေ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးခွန်ထွန်းဦးတို့ နိုင်ငံရေးအကျဉ်းသား တို့တွေလွတ် မြောက်ဖို့အတွက် ဘယ်လောက် မျှော်လင့်ချက်ရှိပါသလဲခင်ဗျား?

ဒီဥစ္စာကတော့ တွေ့ဆုံဆွေးနွေးရေးအနေအထား ဒီမိုကရေစီဖြစ်ထွန်းဖို့အနေအထား၊ အဲဒီ အနေအထားအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးက ဘယ်လောက်အတိုင်းအတာအထိ ပါဝင်ပူးပေါင်းလိုတဲ့ ဆန္ဒ ရှိလဲဆိုတဲ့အချက်အပေါ်မှာမူတည် ပါတယ်။ ကျနော်တို့မျှော်လင့်ရတဲ့ လူတွေအပေါ်မှာမမူတည်ပါဘူး။ လုပ်ဆောင်ရမယ့်လူတွေပေါ်မှာဘဲမူတည်ပါတယ်။

နောက်ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် ဘယ်လောက်ထိတိုးတက်မှုရှိနိုင်မလဲ သုံးသပ်ပေးပါဦး ခင်ဗျား?

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ မစ္စတာဘန်ကီမွန်းက မရမနေ ၂ ခေါက်တိတိ တောင်းဆိုသွားပါတယ်။ ဒါပေမယ့် ဒီသူ့ရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလိုက်လျောတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ မတွေ့လိုက်ရဘူး။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးအတွက်နောက်ဆုတ်သွားတဲ့ခြေလှမ်း နှောင့်နှေးကြန့်ကြာ သွားတဲ့ ခြေလှမ်းလို့သုံးသပ်လိုပါတယ်။ ဒီလိုနှောင့်နှေးကြန့်ကြာစေတဲ့ အဖြစ်မျိုးနဲ့ဘဲကြံသွားရတဲ့အတွက်ကြောင့်မို့လို့ ဒီခရီးစဉ်ဟာတိုးတက် မှုတစုံတရာ ကျေနပ်အားရမှု တစုံတရာမရှိတဲ့ခရီးစဉ်လို့ ကျနော်သုံးသပ်လိုပါတယ်။

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရကြား ညီညွှတ်ရေးအခြေအနေကိုကော သူဘယ်လောက်ထိစွမ်းဆောင် ပေးသွားလဲ ခင်ဗျား?

ဒါသူအများကြီးကြိးစားစွမ်းဆောင်သွားခဲ့တယ်လို့ပြောလို့ရတယ်။ ဥပမာ သူတခါမှ မတွေ့ ဆုံခဲ့ရတဲ့သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်တို့ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ သူတွေ့ဆုံသွားခဲ့တယ်။ ဒါပေမယ့်သူမသိသွား တဲ့အချက်ကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဆိုတာက နအဖစစ်အစိုးရကလက်နက်ပေးကိုင်ထားတဲ့ ပြည်သူစစ်အဖွဲ့ ဒါမှမဟုတ် အပျော်တမ်း တပ်ဖွဲ့ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ သဘောတူထားတဲ့ အဖွဲ့တွေနဲ့သာ သူတွေ့ ဆုံသွားခဲ့ရတယ်။ အခြားကျန်ရှိတဲ့ SSA မြောက်ပိုင်းအပစ်ရပ်အဖွဲ့တို့ မွန်တို့ နောက်ပြီး စိုင်းလင်း အထူးဒေသ ၄ တပ်ဖွဲ့တို့ KIO တို့ အစရှိတဲ့ တပ်ဖွဲ့တွေနဲ့ သူမတွေ့ဆုံသွားခဲ့ရဘူး။ ဗမာပြည်မှာ လက်နက်ကိုင်နေတဲ့ Ceasefire အုပ်စု နဲ့ Non-Ceasefire အုပ်စုတွေအများကြီးကျန်နေသေးတယ်။

ဒီပုဂ္ဂိုလ်တွေ စုံစုံလင်လင်မတွေ့ခဲ့ရသေး သမျှတော့ ဗမာပြည်ရဲ့ပြီးပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံရေး ဆိုတာဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့စစ်အစိုးရနဲ့ တိုင်းရင်းသားတွေကြား လုပ်ဆောင် ရမယ့်ကိစ္စမှာမစ္စတာဘန်ကီမွန်းမသိသေး တဲ့အချက်အလက်တွေအများကြီးရှိပါသေးတယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်


ဒီခရီးစဉ်ကြောင့် အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပြောင်း လဲမှုရှိလာမယ်လို့ မျှော်လင့် ပါသလား?

အနည်းငယ်ပြောင်းလဲမှုတော့ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့်ထိရောက်တဲ့ပြောင်းလဲ မှုတော့ရှိနိုင်မှာ မဟုတ်ဘူး၊အကယ်လို့ ပြောင်းလဲမှုရှိလာရင်လည်း ဒီခရီးစဉ်ကြောင့်တော့မဟုတ်ဘူးလို့သုံးသပ်လို ပါတယ်။

မစ္စတာဗန်ကီမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုစကားမျိုး နောက်ဆုံးပြောလိုပါသလဲခင်ဗျား?


သျှမ်းပြည်သားများရော မြန်မာနိုင်ငံသားအားလုံးကိုပါ အားပေးစကားပြောချင်တာက အား လုံးကရပိုင်ခွင့်ရှိတဲ့ အခွင့် အရေးကို ရဲရဲဝံ့ဝံ့မတောင်းဆိုရဲရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ် မြောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အာဆီယံတို့ အီး ယူတို့ သိရှိအောင် ပွင့်ပွင့်လင်းလင်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြော ရဲဖို့ သျှမ်းပြည်သားတွေရော အပစ်ရပ်ငြိမ်း အဖွဲ့တွေအားလုံးကိုပါ အားပေးချင်ပါတယ်။ Last Updated ( တနင်္လာနေ့၊ 06 ဇူလိုင်လ 2009 )

Wednesday, July 8, 2009

ဘုရားစိန်ရေသင့်ခြင်း

ဘုရားစိန်ရေ သင့်ခြင်း။ ။ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကိုလည်းကောင်း၊ ရုပ်ပွားဆင်းတုတော် စေတီပုထိုးစသည်များကို ရိုသေကိုင်းရှိုင်းခြင်းမရှိ၊ အဂါရ၀မှုပြုသူများ (ဘုရားကျောင်းကန်အတွင်း အမြင်မတော် နေထိုင်ကြတဲ့စုံတွဲတွေအပါအ၀င်) ဘုရားစေတီဂူပုထိုးတို့၏ အရိပ်ကိုနင်းခြင်း၊ဘုရားစေတီပုရ၀ုဏ် အတွင်းဖိနပ်စီးခြင်း ၊ထီးဆောင်းခြင်း၊ ရုပ်ပွားဆင်းတုတော်အ၇ိပ် နင်းခြင်း၊ဘုရားကျောင်း အာရာမ်အတွင်း အသက်မွေးမြူ ခိုလှုံနေထိုင်သူများ (ဝေယျာဝစ္စ မလုပ်မကိုင်ဘဲ အစဉ်အမြဲ အသက်မွေးမြူနေထိုင်သူများ) ဘုရားစိန်ရေသင့်တတ်၏။
ဘုရားစိန်ရေသင့်သောသူများမှာ ကိုယ့်အသွေးအရောင်ညစ်၏။ လူမွေးလူတောင် မပြောင်ခြင်း၊ စီးပွားရေးချမ်းသာခြင်းမဖြစ် ဆင်းရဲနွမ်းပါးတတ်သည်။ ကုသိုလ်ကံအလျောက် စီးပွားချမ်းသာ ဖြစ်ပါသော်လည်း ပျက်စီးဆုံးရှုံးခြင်း ဖြစ်တတ်၏။ ကိုယ်ကာယ ထုံတတ်သည်။ ကိုယ်သားကိုယ်ရေပူပြီး နှာစေးတတ်သည်။ အစာဟာရ စားသုံးသော်လည်း နှုတ်မမြိန်၊ ၀မ်းထဲမှာ အမြဲဆာလောင်နေတတ်သည်။
ပညာမာန၊ ဥစ္စာစည်းစိမ်မာန၊ မိဘရဲ့ရာထူးဂုဏ်သိမ်မာန၊မောဟတွေနဲ့ ယခုမျက်မှောက်ခေတ်မှာ ဘိုးဘွား၊မိဘ၊ဆရာသမား၊ မိမိတို့ရဲ့ ကျေးဇူးရှင်များကို မရိုမသေ ကံသုံးပါးဖြင့်လည်းကောင်း ကိုယ်ထိလက်ရောက် ရိုင်းပျစော်ကားဂါရ၀မထား ပြုမူကြသူတွေ ပေါများလာကြသည်။ ငါ့မင်းင့ါချင်း မောက်မာခြင်းများ ရှိလာကြသဖြင့် အာနာရောဂါ၊ ကြမ္မာဥပဒ်၊ ကပ်အန္တရာယ်၊ ရန်အသွယ်သွယ်ဖြင့် ငြိတွယ်ထိပါး သက်ရှည်ပါလည်း ဘုန်းမကြီး၊ ဘုန်းကြီးပါသည် သက်မရှည် ဖြစ်ကြရ၏။ နောင်သံသရာမှာကား ဆိုဖွယ်မရှိ။
ပစ္စက္ခ မျက်မှောက်၌ပင် စိန်ရေ သင့်နေသူများ အထင်အရှား တွေ့မြင်နေကြရပြီ ဖြစ်၍ လိမ္မာယဉ်ကျေးသော အမျိုးကောင်းသားသမီးတို့သည် ထိုစိန်ရေသင့်ခြင်းမှ လွတ်ကင်းကြရလေအောင် ဂါရ၀တရား ရှေ့ထားကြ၍ ခင်ပွန်းကြီး ဆယ်ပါးကို မပြစ်မှားမိလေအောင် ဆင်ခြင်တုံအသိတရား ရှိကြပါစေဟု ဆုတောင်းမေတ္တာ ပို့နေလိုက်မိပါတော့သည်။
လိမ္မာယဉ်ကျေးသော အမျိုးကောင်း သားသမီး များ ဖြစ်ကြပါစေ။
အခြားလူငယ်များသို့်လည်း တဆင့်စကားပွားပြီး စိန်ရေမသင့်အောင် ကူညီလိုက်ကြပါ။ ကူးယူပြီး ဖော်ဝက်လုပ်ပေးကြပါလို့်လည်း မေတ္တာ ရပ်ခံအပ်ပါတယ်။

မြန်မာပြည်တွင်း အိမ်ပိုင်ရှင်များသတိထား

ဗမာပြည်ရှိ အိမ်ပိုင်ရှင်များသည် ယခုအခါ၌ သတိဝီရိယရှိကြဖို့ အလွန်အင်မတန်
လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေရေးရာ
စောင့်ကြည့်ရေး အဖွဲ့ ယနေ့ နေ့စွဲဖြင့် အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်။-


အထူးသဖြင့် မိမိတို့ ကိုယ်ပိုင်အိမ်များ၌ သူခိုးသူဝှက်များ
မဖောက်ထွင်းရန်မူ
ပို၍ သတိထားစောင့်ရှောက်ကြရန်
လိုအပ်ကြောင်း။-


ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်အရ ယခုအခါ အိမ်များတွင်
သူခိုးသူဝှက်ဖောက်ထွင်းခံရပါမူ
ပြည်ပိုင်အစိုးရမင်းတို့နှင့် လားလားမျှမသက်ဆိုင်ကြောင်း၊ အစိုးရသည်
အခြားဂေါက်သီးရိုက်ခြင်း၊ မိမိတို့ သားငယ်၊
သမီးငယ်များအတွက် နိုင်ငံခြားတိုင်းပြည်များမှ တန်ဖိုးကြီးသော
တိရစ္ဆာန်များထားရှိနိုင်ရန် အဲယားကွန်းများ စီစဉ်ရခြင်း၊
အရက်မူးသောင်းကြမ်းခဲ့သော သားကြီးသြရသတို့၏ လုံခြုံရေးအတွက်
စိတ်မအေးရခြင်း၊
စီးပွားရေး လည်ပင်းညှစ်နေရသော
သမီးကြီးတို့အတွက် အဆက်အသွယ်များ-ခေတ်သစ်ကျွန်များ ရှာဖွေပေးနေရခြင်း၊
တစ်နေရာမှ တစ်နေရာ
ကားတန်းကြီးများဖြင့် အပမ်းဖြေ ခရီးထွက်နေရခြင်း စသော အလုပ်များဖြင့်
မအားမလပ်အောင် အလုပ်များနေပါသဖြင့်
ပြည်သူ့အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ရန် ပြည်ပိုင်
အစိုးရမင်းတို့တွင်
အချိန်နှင့် လူအင်အား မပေးနိုင်ဖြစ်နေပေသည်။-


ထို့ကြောင့် မိမိတို့ အိမ်ဂေဟာကို မိမိတို့ဘာသာ လုံခြုံအောင်
စောင့်ရှောက်ထိန်းသိမ်းကြရမည်ြ
ဖစ်ကြောင်း၊ အကယ်၍
မထိန်းသိမ်းနိုင်သဖြင့် ဖောက်ထွင်း ခိုးယူခံရပါက ထိုပြစ်မှုကို ပြည်ပိုင်
အစိုးရမင်းတို့ကို တိုင်တန်းသော်လည်းကောင်း၊
မတိုင်တန်းဘဲ ထိန်ချန်ထားသော်လည်း ထိုသတင်းပေါက်ကြား၍
ပြည်ပိုင်အစိုးရမင်းတို့
နားသို့ ရောက်သော်လည်းကောင်း
တရားဥပဒေ ဓလေ့စီရင်ထုံးနှင့်အညီ ဖောက်ထွင်းခိုးယူသော သူခိုးသူဝှက်တို့ကို
ဖမ်းဆီးအပြစ်ပေးလိမ့်မည်
မဟုတ်သည့်အပြင် မိမိအိမ်ကို မိမိ မကာကွယ်နိုင်သည့် ဥပဒေအရ အိမ်ရှင်ကိုပင်
သူခိုးလက်ခံမှုဖြင့်
အပြစ်ပေးစီရင်နိုင်ကြောင်း ပုဒ်မ (၂၂ - က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ .....အ)
ပုဒ်မလိုင်းခွဲများအရ ၂၀၀၉၊ မေ (၂၈) နအဖ
အထူးရာဇသတ်ကြီးအရ သိရှိရသည်။-


စီရင်ထုံး ဥပမာကို ပြရချေသော်-

၂၀၀၉- အထူးစီရင်ထုံးဖြစ်သော ကလိန်စေ့ ငြမ်းဆင် နအဖ တရားခွင်မှ
ယနေ့ထုတ်ပြန်သော
ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှုတွင်
အများနှင့်
မသက်ဆိုင်သော မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ
(၇)အရ စွဲဆိုသော အမှုတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော
ဒေါ်အောင်ဆန်းစုကြည်သည်
လုံခြုံရေးဝန်ထမ်းများ မမြင်ဟန်မျက်ကွယ်ပြု-သွတ်သွင်းခဲ့သော
အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံစောင့်ရှောက်မှု၊
သားရေးသမီးရေးများဖြင့် ရတက်မအေးရအောင် ဗျာများနေသော
နိုင်ငံ့အကြီးအကဲများကို
တယ်လီဖုန်း၊
အီးမေးလ်အဆက်အသွယ်မရှိသော်ငြား တယ်လီပသီနည်းကိုသုံး၍
အကြောင်းကြားတိုင်တန်းခဲ့မှု မရှိခြင်း၊
ပျက်ကွက်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များ ဦးနှောက်ပျက်ခြင်း ဥပဒေအရ
သူခိုးလက်ခံမှုဖြင့် အင်းစိန်ထောင်တွင်း
သွတ်သွင်း၍ တရားစီရင်စေ အမိန့်ထုတ်ပြန်လိုက်သည်။-


သို့မို့ကြောင့် ကျွန်ုပ်တို့ပြည်သူများသည် သားရေးသမီးရေးများဖြင့်
အလုပ်ရှုပ်နေသော နိုင်ငံ့ခေါင်းဆောင်ဂျီးများ
စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကာကွယ်ကြပါကုန်။ မိမိအိမ်ကို
မိမိစောင့်ရှောက်ကြပါကုန်။ နိုင်ငံတော်
ကလူပြုသည်ကိုလည်း ကြိတ်မှိတ်ခံကြပါကုန်။ ဖောက်ထွင်းဝင်ရောက်လာသော
သူခိုးများကိုလည်း
အောင့်အီးသည်းခံကြပါကုန်။ သည်းမခံနိုင်သော် မိမိနည်းဖြင့်
ဖြေရှင်းကြပါကုန်။
ထိုသို့မဟုတ် ပြည်ပိုင်မင်းတို့ကို
အလုပ်ရှုပ်ရန် တိုင်တန်းပါမူ သူခိုးလက်ခံမှုဖြင့် ထပ်မံ
တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိချပ်ကြပါကုန်။ ဤကား ကျွန်ုပ်တို့
ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ မှ နောက်ဆုံးတွေ့ ရှိ၊ သိကြားရသော နအဖ၏
တရားစီရင်ရေးထူးပါတည်း။-


"ပိတ်မရတဲ့ တခါးတွေ ရှိကောင်းမည်-

ဖွင့်မရတဲ့ တံခါးတော့ မရှိနိုင်ပေဘူး"-


ထို့ကြောင့် လူတိုင်းလူတိုင်း၊ အိမ်တိုင်းအိမ်တိုင်းသည်
သူခိုးလက်ခံမှုဥပဒေကြောင်းဖြင့် တရားစီရင်ခံရရန်
အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြပါကုန်။-


တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်တို့ခေါင်းပေါ်သို့ နအဖ၏
မတရားဥပဒေအမိန့်များသည်
မြေပြိုသလို ပြိုကျလာလတံ့။
မြေမမြိုနိုင်ဖြစ်နေသော နအဖကို မေတ္တာသုတ်ဒုတ်(တုတ်)ဖြင့်
ရိုက်ရုံနှင့်မပြီး
လက်နက်မိုးကြီး ရွာပြီး တောထုတ်မှသာလျှင်
မဟုတ်မဟတ်တွေ အတောသတ်နိုင်မည်ဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပေသည်။-

Saturday, July 4, 2009

စိုင်းကျော်နှင့်နန်းဆိုင်လွမ့် တို့၏လက်ထပ်မဂ်လာပွဲ

ုံ
ရာသက်ပန်ပေါင်းသင်းပါမယ်ကျမ်းသစ္စာကျိမ်ဆိုပြီး အကြင်နာအပြည့်ဖြင့် ချစ်ခင်ကြည်နူးစွာ လက်ထပ်လက်စွပ်စွပ်ပေးနေ ပုံ
ကြင်နာအနမ်းများဝေနေချိန် အမှတ်တရ
...marriage.. ထိမ်းမြားလက်ထပ်ခြင်း..
လူ့ဘောင်အဖွဲ့အစည်းတစ်ခုသည်တစ်ဦးပေါ် တဦးအပြန်အလှန် ရစ်ပတ်မှီတွယ် ကူးသန်းယှက်နွယ်ထားသည့်ပေါင်းသင်းဆက်ဆံမှု ကွန်ယက်တစ်ခုအနေဖြင့်ကြီးထွားရစမြဲဖြစ်သည်။ ပေါင်းသင်းဆက်နွယ်မှုတိုင်းသည် လူတစ်စု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုတွင်သူတပါးတို့အား ကာကွယ်ရန် ကိုယ်ရေားစိတ်ပါ ဆောင်ရွက်ရသည့် ကတိကဝတ်တခု့ဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းသည် ဤသို့ထောက်ပံ့ခြင်းနှင့်ကာကွယ်ခြင်းတို့ကိုပေးဆောင်ရသည့်ခိုင်မာသော ပေါင်းသင်းဆက်ဆံမှု ကွန်ယက်
တွင် အရေးကြီးသည့်ကဏ္ဍတစ်ခုမှပါဝင်လျှက်ရှိသည်။.
.......ကောင်းမွန်သော ထိမ်းများလက်ထပ်ခြင်းတခုသည် ဥာဏ်သတိ ကင်းရ်ျစိတ်လိုက်မာန်ပါပြုလုပ်ခြင်းမျိုး
မဟုတ်ဘဲ တစ်ဦးနှင့်တဦး နားလယ်မှုပေါ်မူတည်ရ်ျ လည်းကောင်းစိတ်အလိုသို့ လိုက်ပါခြင်းမျိုးသက်သက်မျှ
မဟုတ်ဘဲ မှန်ကန်ကန်သော သစ္စာရှိမှုပေါ်မူတည်၍လည်းကောင်း မေတ္တာယှဉ်ကာ တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုးလာသင့်သည်။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် မင်္ဂလာကိစ္စသည် ယှဉ်ကျေးမှု့ ဖွံ့ဖြိုးအောင် ။လက်ထပ်ထိမ်းမြားကြမည့် သူနှစ်ဦးတို့ ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနိုင်အောင် ၊အထီးကျန်ခြင်း၊အခွင့်အရေးဆုံးရှုံးခံရခြင်းနှင့် ကြောက်ရွံခြင်းတို့မှလွတ်ကင်းရှင်းအောင် ကောင်းမွန်သည့်အခြေခံမူများကို ချမှတ်ပေးကြ၏။။
 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....