Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Sunday, January 3, 2010

(၆၂) နှစ်မြောက်လွတ်လပ်ရေးနေ့


၀၃.၀၁.၁၀ နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဋ္ဌာနခွဲမှ ကြေငြာချက်တွင်
အကျည်းသားများအာလုံးခြွင်းချက်မ၇ှိ့ပြန်လွတ်ပေးရေးတွင် ရှမ်းအမျိုးသားခေါင်းဆောင်(ဦးခွန်ထွန်းဦး)နာမည်
ပါလာတာတွေ့ရတယ်..

(၁)ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ဦးခွန်ထွန်းဦးနှင့်တကွ နိုင်ငံေ၇းအကျင်းသားများအားလုံး ခြွင်ချက်မရှိလွတ်ပေးေ၇း
(၂)၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှဒီမိုကရေစိ စံနှုန်းများနှင့်မကိုက်ညိသည့်အချက်များကို ပြင်ဆင်ပေးရေး
(၃) အားလုံးလွှမ်းးခြုံ ပါဝင်နိုင်မည့် လွတ်လပ်၍တရားမျှတသေား ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြည့်လေ့
လာမှုကိုခွင့်ပြုလျက်ကျင့်ပရေး.

(၆၂) နှစ်မြောက်လွတ်လပ်ရေးနေ့ ကျရောက်သောအချိန်တွင် ကျနော်တို့ ရှမ်းခေါင်းဆောင်များအာလုံး နှစ်ရှည်ထောင်ဒဏ်ကျခံ
နေကြရပြီး အလွန်ပင်ဝမ်းနည်းစရာကောင်းကြောင်းတွေ့မြင်နေရပါသည်..


တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး ကျန်းမာရေးဆိုးရွားနေ
သောကြာနေ့၊ 18 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ပူတာအိုအကျဉ်းထောင်၌ ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသည့် တိုင်းရင်းသားများခေါင်းဆောင် နှင့် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကျန်းမာရေးဆိုးရွားနေကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ကပြောပါသည်

“ခရီးသွားလာမှု ခက်ခဲတဲ့အတွက် သူ့မိသားစု ၇ လကျော်ကြာ ၈ လထဲဝင်မှ ထောင်ဝင်စာသွားတွေ့ရတယ်၊ ဒီဇင် ဘာ ၄ ရက်နေ့သွားတာ ၁၅ ရက်နေ့မှာ ပြန်ရောက်တယ်။ ၁၀ ရက်ခရီးမှာ အာဏာပိုင်တွေက နာရီဝက်ကျော်ဘဲ ပေးတွေ့တယ်” - ဟု ဦးစိုင်းလိတ်က ပြော၏။

[သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး]

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး
ဦးခွန်ထွန်းဦးလက်ရှိ ခံစားနေရသည့် ရောဂါများမှာ နှလုံးအောင့် ဆီးကျိတ်ယောင် အစာအိမ်နာ ခြေထောက်/ဒူးဆစ် အကြောထုံ အကြောတက်သည့်ဝေဒနာ ခံစားနေရသည့်အပြင် နားကလည်းအူနေကြောင်း၊ အိုင်စီအာရ်စီ အပါ အ၀င် မည်သည့် NGO ကျန်းမာရေးအဖွဲ့အစည်းမှ ပူတာအိုအကျဉ်းထောင်သို့သွားရောက်လည်ပတ်ကြည့်ရှု စစ်ဆေးခြင်းမရှိ ကြောင်း ပြောပြ၏။

“ဆီးကျိတ်ယောင်တဲ့ ဆိုးကျိုးက ညညဆို တနာရီခြားထ ဆီးသွားရလွန်းတော့ ကောင်းကောင်းမအိပ်ရဘူး။ အသက်ကလဲ ကြီးလာတော့ စိုးရိမ်ရတာပေါ့၊ အဲလိုအခြေအနေတွေအတွက် ဆရာဝန်သေချာ ဆေးစစ်ပြီးမှ ပြန်လာရ မှာကို ထောင် အာဏာပိုင် တွေက ထောင်ဝင်စာတခါဘဲပေးတွေ့လို့ ဘာတခုမှ မစီစဉ်ခဲ့ရဘူး” - ဟု ဦးစိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

ကျန်းမာရေးအခြေအနေမကောင်းသည့်အထဲ ရာသီဥတုကလည်း ကြမ်းတမ်းလှသည့် မြန်မာပြည်မြောက်ဖျား ပူတာအို အကျဉ်း ကျခံနေရသူ အသက် ၇၀ နီးနီး စ၀်ခွန်ထွန်းဦး၏ နိုင်ငံရေးခံယူချက် ယုံကြည်ချက် ရပ်တည်ချက် မှာမူ ပြတ်သား ကြောင်း၊ မိမိတို့လုပ်ရပ်များ မှားယွင်းခဲ့ခြင်းမရှိသောကြောင့် လိပ်ပြာသန့်သန့်ဖြင့် ၀မ်းနည်းခြင်းမရှိ နောင်တရခြင်းမရှိ။ ဆန္ဒသဘောထား ပြောင်းလဲခြင်းမရှိသည့်အပြင် ကျန်ရှိခေါင်းဆောင်များလည်း စိတ်ဓါတ်ကြံ့ခိုင်စေရန် အမြဲအားပေးစကားပင် ပါးခဲ့လိုက်သေးသည်ဟု ဆိုပါသည်။

၂၀၀၅ ခုနှစ် သျှမ်းပြည်အတိုင်အပင်ခံကောင်စီ ဖွဲ့စည်းတည်ထောင်ရန် ကြိုးစားမှုအပေါ် နအဖ စစ်အစိုးရ က ပြည်ထောင်စုမှ ခွဲထွက်ရန်ကြံစည်မှုဟု စွပ်စွဲကာ ခွန်ထွန်းဦးအပါအ၀င် သျှမ်းခေါင်းဆောင် ၉ ဦးအား ဖမ်းဆီးပြီး လူ့သက်တမ်းထက်ရှည်ကြာ သည့် ထောင်ဒဏ်ဖြင့် နအဖက အသီးသီးပစ်ဒဏ်ပေးခဲ့သည်။

စ၀်ခွန်ထွန်းဦးထမ်းဆောင်နေဆဲ တာဝန်များမျာ - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ CRPP (Committee Representing People’s Parliament) ၏ အဖွဲ့ဝင်၊ UNA ( United Nationalities Alliance) ညီညွတ်သောတိုင်းရင်းသား များ မဟာမိတ်အဖွဲ့ ၏ သဘာပတိအဖွဲ့ဝင် စသဖြင့် ဖြစ်ကြောင်းသိရပါသည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....