Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Friday, July 17, 2009

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်


သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံများကို မတရားညှင်းပမ်းနှိပ်စက်သဖြင့် မခံမရပ်နိုင်မှုကြောင့်ဖြစ်သော နအဖ စစ်ကြောင်းအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့သည်ဟု SSA သတင်းရပ် ကွက်က ဆိုသည်။

ဂျူလိုင် ၁၅ ရက် မနက် ၁၁း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ မိုင်းနောင်မြို့နယ် မိုင်းယိုင်းအုပ်စု ၀မ့်နမ့်ဖတ်နှင့် ၀မ့်ဆာလဲ ရွာ ကြား ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲသည် သျှမ်းပြည်တပ်မတော် အောင်ပေ့စစ် - စစ်ကြောင်းက စစ်အစိုးရစစ်တပ် ခမရ ၅၁၅ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို၏။

၇ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ အသေအပျောက် ဆုံးရှုံးမှုမရှိ၊ စစ်အစိုးရ စစ်ကြောင်း မှ စစ်သား ၁၁ ယောက် သေဆုံးပြီး၊ လက်နက် ကြီးငယ် ၆ လက်၊ ကျည်အမျိုးစုံ ၇၆၆ ထောင့်၊ လက်ပစ်ဗုံး ၃ လုံး ကျည်ကဒ် ၁၅ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စစ်ဝတ်စုံ ၉ စုံ၊ ဦးထုပ် ၉ လုံး၊ ဟင်းကောကျိုင့် ၈ ခု၊ အိုးကြီး ၃ လုံး နှင့် အီကွင်းမင်း ၁၁ ခု သိမ်းဆည်းရမိသည့်အပြင် လက်နက်ချ အညံ့ခံသည့် စစ်သားတယောက်လည်းပါကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောပါသည်။

ဗိုလ်မှူးကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်
“ကျနော်တို့ဘက်က အဲမ်ပွတ်ရှ် လုပ်တာဆိုတော့ အသေအပျောက်မရှိဘူး။ အဲဒီနအဖစစ်ကြောင်းက ဒေသခံပြည်သူကို အမျိုးမျိုး အနိုင်ကျင့်တယ်။ တွေ့သမျှပစ္စည်း ဥစ္စာတွေယူတယ်။ ကြက် ၀က် ဘဲ တွေ တိရိစ္ဆာန်အကြီးစားတွေကို သေနတ်နဲ့ ပစ်သတ် ယူသွားတယ်၊ သူတို့ယူသမျှ အဖိုးအခမပေးလို့၊ လူထုကို မလေးစားလို့ ကျနော်တို့ဘက်က တန်ပြန်တဲ့အနေနဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ဆက်ပြောပြ၏။

လဲချား အခြေစိုက် ခမရ ၅၁၅ သည် သျှမ်းပြည်တပ်မတော်မှခွဲထွက်အဖွဲ့ (စစ်အစိုးရထံ လက်နက်ချအဖွဲ့) မကြာခင်က သေဆုံးသွားသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပည့် ဗိုလ်မှူးစိုင်းတာ့အဖွဲ့အား လမ်းပြခိုင်းပြီး ကျေးလက်လူထုကို အမျိုးမျိုး နှိပ်စက်သည် ဟု ဆို၏။

(ဗိုလ်မှူးကြီးမိုင်းဇင့်မှာ နအဖ စစ်ထောက်လှမ်းရေး ၂ ယောက် နှင့် အတူ ပြီးခဲ့သည့် မေ ၂၄ ရက်က ၎င်းတို့စီးလာသော စစ်အစိုးရယာဉ်တန်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းအပါအ၀င် ၁၅ ယောက်သေဆုံးခဲ့သည်။ )

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆို ကျနော်တို့ သျှမ်းပြည်တပ်မတော်က အခုလို ပြန်လည် ချေပမှာဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရင် ဒီနည်းလမ်းနဲ့ဘဲ ကာကွယ်ရလိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

အခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရ၏ အရာခံဗိုလ် ၂ ယောက်၊ တပ်ကြပ်ကြီး ၃ ယောက်နှင့် တပ်ကြပ် ၂ယောက်၊ တပ်သား ၄ ယောက်တို့၏ ရုပ်အလောင်းများကို SSA က စစ်ဆေးတွေ့ရှိကြောင်း၊ အစိုးရစစ်ကြောင်း၏ မော်တာ ၁ လက်၊ MA 79 ၁ လက်၊ MA-2 ၂ လက် MA-1 ၂ လက် နှင့် ၎င်း၏ကျည်များကိုလည်း သိမ်းဆည်းရရှိကြောင်း ပြော၏။

ထို့အတူ ယခုလ ၈ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော်နှင့် လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာဦး ဦးဆောင်သည့် အင်အား ၁၈ ယောက်ပါ အဖွဲ့နှင့်လည်း ပင်လုံမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်အစိုးရအရာရှိ ဗိုလ်ကျော်သူ နှင့် တပ်ကြပ်ကြီး ကြည်မင်း ၏ အလောင်းကိုတွေ့ရကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စွာဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဆိုပါသည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....