Pages

Sunday, November 29, 2009

အချစ်လူ့နှလုံး နှင့် တူသော အသည်း


အချစ်

လူ့နှလုံး နှင့် တူသော အသည်း ပုံသင်္ကေတသည် အစဉ်အလာအရ အချစ်ကို ကိုယ်စားပြုသည်

အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။


* 1 အဓိပ္ပာယ်ဖွင့်ချက်များ
* 2 ပုဂ္ဂိုလ်ရေး မပါသော အချစ်
* 3 လူ့အချစ်
* 4 ဓာတု သဘော
* 5 စိတ်ပညာ သဘော
* 6 ယဉ်ကျေးမှု အမြင်
o 6.1 မြန်မာ
* 7 ဘာသာရေး ရှူဒေါင့်
o 7.1 ခရစ်ယာန်
o 7.2 ဗုဒ္ဓဘာသာ
*

အဓိပ္ပာယ်ဖွင့်ချက်များ

အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။

အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။

နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။
ပုဂ္ဂိုလ်ရေး မပါသော အချစ်

လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး(သို့)ရည်မှန်းချက်တို့ကို တန်ဖိုးကြီးကြီးထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမားတို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်းမှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည်ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေးမပါသောအချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေးတိရစ္ဆာန်(သို့မဟုတ်) လုပ်ငန်းဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၎င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့် ရောက်သည်ဟု ခေါ်သည်။
လူ့အချစ်
ဘွားအေ နှင့် မြေး

လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။

သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလည်းခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။
ဓာတု သဘော

ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွန်းအားဟု မြင်သည်။[1] အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည်။

တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ [2]

တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။[2] လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[3]
စိတ်ပညာ သဘော

စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရီကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။ [4][5]

အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖတ်မှ ဆွဲငင်သည်" ဟု ချဲထွန်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖတ်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။ [6]
ယဉ်ကျေးမှု အမြင်
မြန်မာ

မြန်မာတို့သည် အချစ်ကို အလွန် တန်ဖိုးထားကြပြီး နောက်ဆုံးတွင် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်ရန် ရည်ရွယ်သည်။ မြန်မာတို့သည် အချစ်ကို ဝင်ခံဖွင့်ဟဝန်ခံရာတွင် အချိန်ယူ စဉ်းစားလေ့ရှိပြီး အချိန်ကြာမြင့်စွာလည်း ချစ်ကြသည်။ သုံးနှစ်သုံးမိုး ချစ်ခွင့်ရရန်စောင့်ဆိုင်းနိုင်သည် ဟု ဂုဏ်ယူတတ်ကြသည်။ ခုမြင်ခုကြိုက် ဆိုသော အချစ်ကို လက်ခံကြသော်လည်း အခုတစ်ယောက် နောက်တစ်ယောက်ကား မပြောင်းလဲတတ်ကြပေ။ မြန်မာတို့၏ အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး လိင်ဆန္ဒကို အချစ်တွင် မဖေါ်ထုတ်ကြပေ။

အချစ်ကြီးသူတို့ကို မြန်မာတို့သည် ကိန္နရာ မောင်နှံ နှင့် တင်စားကြသည်။
ဘာသာရေး ရှူဒေါင့်
ခရစ်ယာန်

ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း

Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life

ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည်

ဟု ယုံကြည်ကြသည်။
ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။

မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။ (saitunsein )

Tuesday, November 24, 2009

17.11.2009 malaysia shan new year




Thursday, November 12, 2009

ဘာသာတရား [1] ကမ္ဘာ့ ဘာသာကြီးများ ပျံ့နှံ့မှု


   
ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။   ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။ အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည် လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျားခံရာ ပဓာနအရင်းအမြစ်ဖြစ်သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ      စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

* 1 ဘာသာတရား အစ ကိုးကွယ်မှုက
* 2 ဖွင့်ဆိုချက်များ
* 3 ခြားနားချက်
* 4 ရည်ညွှန်းကိုးကား

ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထို ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလိုခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဥာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သားငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသလို တစ်ခါတရံတွင် မြစ်ရေများလျှံတက်၍ လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်စည်းစိမ် ချမ်းသာများကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးကို ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့်မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရား ရှိမည်ဟု ယုံကြည်လာကြတော့သည်။

လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဥာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘ၀ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘ၀ကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။
[ပြင်ဆင်ရန်​] ဖွင့်ဆိုချက်များ

ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည်းကောင်း၊ မိမိတို့လှုပ်ရှားကျင်လည်နေရသော လူမှုအဖွဲ့အစည်းပေါ်တွင်လည်းကောင်း လိုလားနှစ်သက်အပ်သော အပြောင်းအလဲများ ပိုင်ဆိုင်ရရှိစေရန် မိမိတို့ကိုယ်ကို ပထမလေ့ကျင့်နိုင်သည်။ ဒုတိယအဆင့်တွင် သိမြင်မှတ်သားမူဆိုင်ရာ သတိစွမ်းရည်ကို မြှင့်တင်နိုင်ပြီး၊ ဤသို့ဖြင့် နေထိုင်ရာ သဘာဝစင်္ကြာဝဠာနှင့် သူတို့အကြား ကူးလူးဆက်ဆံမှုများ၏ လုံလောက်ပြည့်စုံမှုကို တည်ဆောက်ဖန်တီးနိုင်ပေသည်။

ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက `ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်´ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း `လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု´အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ခ်ျ ဂျီဝဲလ် (H. G. Wells) ကလည်း `ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ `ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်´ဟူလို။

ဗုဒ္ဓဂေါတမ၏ ဘာသာတရားကို ဘ၀နေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကျဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအောင် အားထုတ်ပြီး ဘ၀ကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။
[ပြင်ဆင်ရန်​] ခြားနားချက်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမသြ၀ါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် ဗုဒ္ဓ၏အဆုံးအမကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။

Wednesday, November 11, 2009

နျူးကလီယား


နျူးကလီယား




မြန်မာနိုင်ငံရှိ အဝါရောင်ကိတ်မုန့် ထုတ်လုပ်နိုင်သော သတ္တုတွင်းများပြမြေပုံ

နျူးကလီယား(နျူကလီယ)ဗုံးလုပ်ရန်အတွက် ယူရေနီယမ်သတ္တုကို အသုံးပြုသည်။ သို့သော် သာမန်ရိုးရိုး ယူရေနီယမ်ကို အသုံးပြု၍မရပေ။ ‘အိုင်ဆိုတုပ်’ ဟုခေါ်သော ရေဒီယိုဓာတ်ကြွမျိုးကွဲများထဲမှ တစ်မျိုးကိုသာ အသုံးပြုရသည်။ ယူရေနီယမ်သည် ဒြပ်စင်အမှတ်စဉ် (၉၂) ဖြစ်သောကြောင့် ၎င်းအဏုမြူထဲမှာ ပရိုတွန်(၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးပါရှိသည်။ ယူရေနီယမ် အိုင်ဆိုတုပ်တွေထဲတွင် သဘာဝအတိုင်း မြေကြီးထဲမှ အများဆုံး တူးဖော်ရရှိသည်မှာ ယူရေနီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ် စုစုပေါင်း၏(၉၉.၂၈၄) ရာခိုင်နှုန်းပါရှိသည်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) သည် သဘာဝသတ္တုရိုင်းထဲတွင် (၀.၇၁၁) ရာခိုင်နှုန်းသာ ပါဝင်ပါသည်။ ယူရေနီယမ်(၂၃၅) ဖြစ်ဖြစ် ယူရေနီယမ်(၂၃၈) ဖြစ်ဖြစ် ယူရေနီယမ်မှန်ရင် သတ္တုရိုင်းတွေသည်လည်း ရေဒီယိုဓာတ်ကြွသည့်အတွက် သတ္တုတွင်းတူးအလုပ်သမားများ၊ သယ်ယူပို့ဆောင်ကိုင်တွယ်ရသောအလုပ်သမားများ၊ စစ်သည်များအတွက် အန္တရာယ်ကြီးမားလှပါသည်။
အဝါရောင်ကိတ်မုန့်ထုတ်လုပ်သည့် စက်ရုံပုံစံငယ်

နျူးကလီယားဗုံးလုပ်သည့်အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါသည်။ သို့မဟုတ် ယူရေနီယမ် (၂၃၈)ကို ပလူတိုနီယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါသည်။ (ဟီရိုးရှီးမားမြို့တွင် ကျဲချခဲ့သော နျူးကလီယားဗုံးသည် ယူရေနီယမ် (၂၃၅)ဖြင့် လုပ်ထားခြင်း ဖြစ်ပြီး နဂါစကီတွင် ကျဲချသော နျူးကလီယားဗုံးသည် ပလူတိုနီယမ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။) သို့သော် ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အဏုမြူဓာတ်ပေါင်းဖိုဖြင့်သာ ထုတ်လုပ်ရသဖြင့် ပိုမိုခက်ခဲပြီး အဆင့်မြင့်သကဲ့သို့ တန်ဖိုးလည်းကြီးပါသည်။ ထို့ကြောင့် နျူးကလီယားဗုံးကို ဈေးနှုံးသက်သာစွာဖြင့် ထုတ်လုပ်လိုကြသည့် နည်းပညာအဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များအနေဖြင့် ကနဦးအဖြစ် ယူရေနီယမ် (၂၃၅) မှတဆင့် နျူးကလီယားဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းတွင် ပလူတိုနီယမ်ကိုလည်း ပြုလုပ်နိုင်အောင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် ကြိုးစားရပါသည်။
အဝါရောင်ကိတ်မုန့်

ထို့ကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေဖြင့် ယူရေနီယမ် (၂၃၅) ထုတ်လုပ်ရန် ဦးစွာကြိုးပမ်းရမှာဖြစ်ပါသည်။ သဘာဝသတ္တုရိုင်းထဲမှ အချိုးအစားအလွန်နည်းပါးစွာပါသော ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အနက်မှ အထိရောက်ဆုံး၊အသုံးအများဆုံးနှင့် စရိတ်အသက်သာဆုံးနည်းမှာ ဗဟိုဆွဲအားစက်များကိုအသုံးပြုခြင်းဘဲ ဖြစ်ပါသည်။ ဗဟိုဆွဲအား Centrifuge ၏ သဘောတရားမှာ ရွှေကျင်ရာတွင် အလေးဆမတူသည့် သဲတွေ၊ကျောက်များမှ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပင်ဖြစ်သည်။
ဗဟိုဆွဲအားစက်

ဆေးရုံများတွင် သွေးစစ်ရာ သွေးထဲတွင်ပါဝင်သော အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ရန် ဖန်ပြွန်များအတွင်းထည့်ပြီး ဗဟိုဆွဲအားစက်ထဲ ထည့်လှည့်ရပါသည်။ အလေးဆ အားဖြင့် အနည်းငယ်(၁.၂၆ ရာခိုင်နှုန်း) သာကွာသည့် (၂၃၈) နှင့် (၂၃၅) နှစ်မျိုးရောနေခြင်းကို လက်ဖြင့်စကောဝိုင်းသည်ထက် အဆပေါင်းများစွာမြန်သည့် စက်ဖြင့် မွှေ့လိုက်သည်။ထိုအခါ ပိုပေါ့သော(၂၃၅) က အပေါ် သို့မဟုတ် အလယ်တွင် ပေါ်တက်ကာစုစည်းပါသည်။ သဘာဝသတ္တုမှုန်များအနက်မှ (၀.၇) ရာခိုင်နှုန်းသာပါသည့် (၂၃၅) ကို များများရရှိနိုင်စေရန် ယူရေနီယမ်ဓာတ်ငွေ့တို့ကို ဆလင်ဒါ ပြွန်လုံးရှည်ကြီးအတွင်းသို့ထည့်ပြီး လှည့်လိုက်သောအခါ (၂၃၈) က ပြွန်လုံးဘေးနံရံတွင် ကပ်ပြီး (၂၃၅) များကမူ အလယ်တွင် လာရောက်စုစည်းပါသည်။ အလယ်တွင် စုနေသည့် (၂၃၅) များကို ပိုက်များဖြင့် စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်များထဲသို့ပို့လွှတ်ကာ ဗဟိုဆွဲအားနည်းဖြင့် ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါသည်။ အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံးပြုရန် (၂၃၅) ငါးရာခိုင်နှုန်းခန့်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးရှည် ထောင်နှင့်ချီ လိုပါသည်။ ထို့ကြောင့် ဗဟိုဆွဲအားစက်ရုံများတွင် ပြွန်လုံးရှည်ကြီးများ ထောင်နှင့်ချီ တပ်ဆင်ထားရသည့် အတွက် သိသာမြင်သာလောက်အောင်ထင်ရှားသော စက်ရုံကြီးများကို မဖြစ်မနေ တည်ဆောက်ရပါသည်။ ထိုဗဟိုဆွဲအားစက်ရုံ မရှိပဲနှင့် အဏုမြူဗုံးတစ်လုံးအား မည်သို့မျှ မထုတ်လုပ်နိုင်ပေ။

ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် သတ္တုတွင်းများမှ တူးဖော်ရယူလာသည့် ယူရေနီယမ်မြေသားအရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒနည်းပညာဖြင့် သန့်စင်အရည်ဖျော် အခြောက်ခံလိုက်သည့်အခါ ‘အဝါရောင်ကိတ်မုန့်’ Yellow Cake ဟုလူသိများသည့် ဒုတိယဆင့် သတ္တုရိုင်းဖြစ်လာပါသည်။ ၄င်းအား နောက်တစ်ကြိမ် အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့ဖြင့် အဆင့်ဆင့် ဓာတ်ပြုစေပြီးလျှင် နောက်ဆုံး၌ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရလာပါသည်။။ ထိုယူရေနီယမ် ဓာတ်ငွေ့အား အထက်တွင် ဖော်ပြခဲ့သည့် ဗဟိုဆွဲအားပြွန်လုံးများအတွင်းသို့ထည့်ပြီး ‘ကျင်’ ယူရခြင်းဖြစ်သည်။
[ပြင်ဆင်ရန်​] နျူးကလီယား လက်နက်
ဂျပန်နိုင်ငံ နာဂါဆာကီ နျူကလီးယာဗုံး ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော မှိုပုံ တိမ်တိုက်

နျူးကလီယား လက်နက် သည် ဖောက်ခွဲရေး ကရိယာ တစ်ခုဖြစ်ပြီး ၄င်း၏ စွမ်းအင်ကို ဖြူးရှင်း သို့မဟုတ် ဖြူးရှင်း နှင့် ဖစ်ရှင်း ပေါင်းခြင်းတို့မှ ဖြစ်ပေါ်သော နျူးကလီယား ဓာတ်ပြုခြင်း မှရှိသည်။ ၄င်းနှစ်ခုစလုံးသော ဓာတ်ပြုခြင်းများသည် အဆမတန် ရှိသော် စွမ်းအင်များကို အလွန်သေးငယ်သော အရာဝတ္ထုမှ ထွက်ပေါ်လာပြီး ကီလိုဂရမ် တစ်ထောင်မျှသာရှိသော ခေတ်ပေါ် နျူးကလီယား လက်နက်သည် သာမန် အလွန်ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်း တစ်ဗီလီရမ် ကီလိုဂရမ် နှင့်ညီမျှသည်။ သေးငယ်သော နျူးကလီယား လက်နက် ကရိယာပင်ဖြစ်ပါစေ၊ သာမန် ဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး မြို့တစ်မြို့ကို ကောင်းစွာ ဖျက်ဆီးနိုင်သည်။ ထိုကြောင့် နျူးကလီယား လက်နက် ကို အလုံးစုံ ဖျက်သုံးရေး လက်နက် (weapons of mass destruction) ဟုခေါ်ပြီး ၄င်း၏ အသုံးပြုမှုကို ထိန်းချူပ်ထားကာ နိုင်ငံတကာ ပေါ်လစီ များတွင် အဓိက အငြင်းပွားရာဖြစ်သည်။
Retrieved from "http://wikimyanmar.co.cc/wiki/index.php?title=%E1%82%8F%E1%80%BA%E1%80%B4%E1%80%B8%E1%80%80%E1%80%9C%E1%80%AE%E1%80%9A%E1%80%AC%E1%80%B8"
Categories: ဓာတုဗေဒ | ရူပဗေဒ
 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....