Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Thursday, August 13, 2009

သျှမ်း - ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကိုတိုက်ဘွယ်ရှိ

သျှမ်း - ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကိုတိုက်ဘွယ်ရှိ



ကြာသပတေးနေ့၊ 06 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
နအဖ စစ်အစိုးရတပ်များလှုပ်ရှားသွားလာမှု အခြေအနေကိုစောင့်ကြည့်လေ့လာနေသည့် ထိုင်းနယ်စပ်အခြေစိုက်တော်လှန် ရေးအဖွဲ့အစည်းအချို့က သျှမ်း - ကချင် နယ်စပ်တလျှောက် စစ်အစိုးရအင်အားတိုးမြှင့်မှုသည် KIA ကို ဦးစွာထိုးစစ်ဆင် တိုက်ခိုက်နိုင်ဘွယ်ရှိကြောင်း ယခုလဆန်းပိုင်း၌ သုံးသပ်ပြော ဆိုနေကြသည်ဟုဆိုသည်။

“သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် စစ်အစိုးရတပ်တွေ မိုးမိတ်ဘက်ဖြတ်ပြီး ကချင်နယ်ခြားဘက် အင်အားတွေပို့လွှတ် ဖြည့် တင်းနေတယ်၊ အခုလ (၂) ရက်နေ့ လားရှိုးမှာ ရမခတိုင်းမှူး အောင်သန်းထွဋ်အစည်း အဝေးခေါ်တယ်၊ အဲဒီ နောက်ပိုင်း ၀ နဲ့ အပစ်ရပ် SSAမြောက်ပိုင်းထိန်းချုပ်နယ် မြေအကြား ကူးလူးဆက်ဆံမှုခက်ခဲအောင် ထိုးဖေါက်အင်အားဖြည့်နေရာယူလာ သလို တပ်တွေတော်တော်များများ မြောက်ဘက်ကို တက်သွားကြတယ်”- ဟု လားရှိုး ကုန်သည်တဦးက ဆိုသည်။

[ကချင်လွတ်လပ်ရေးတပ်မတော် KIA (photo: flickr.com)]
ကချင်လွတ်လပ်ရေးတပ်မတော်ု၍ဗ နယ်ခြားဘက်တွင်လည်း ရှိရင်းစွဲစစ်အစိုးရအခြေချတပ်များအပြင် အခြားဒေသ မှ စစ်ကူအင်အားများလည်း မထင်မရှားဝင်ရောက်ဖြည့်တင်းနေကြောင်း၊ KIO/KIA ဌာနချုပ် လိုင်ဇာ နှင့် မလှမ်း မကမ်းတွင် လက်နက်ကြီး ၁၅၅ အမ်အမ် ဟောင်ဝစ်ဇာ (Howitzer) တောင်ပစ်အမြောက်အချို့လည်းချထားကြောင်း ပြောဆိုနေကြသည်။

“ကချင်လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ဒေသက ၀ ၊ ကိုးကန့်၊ မိုင်းလား တို့နဲ့နယ်မြေချင်းမထိစပ်ဘူး၊ သီးခြားဖြစ်နေ တဲ့အတွက် စစ်အစိုးရက ၀ တပ်မတော် UWSA မတိုက်ခင် ကချင် KIA အဖွဲ့ကို ဖြတ်လေးဖြတ်နဲ့ အရင်ရှင်းပစ်ဖို့အလား အလာများတယ်။ ဘာလို့လဲဆိုတော့ ၀ ပြီးရင် ကချင်တပ်ကအင်အားအတောင့်ဆုံး”- ဟု အပစ်ရပ်အဖွဲ့ များအားစောင့်ကြည့် လေ့လာသည့် ပြည်တွင်း သျှမ်းအသိုင်းအ၀ိုင်းက ဆိုသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နယ်မြေ၏ မြောက်ဘက်တွင် - ကိုးကန့်၊ တောင်ဘက်တွင် မိုင်းလား၊ အရှေ့ ဘက်တွင်တရုတ်နိုင်ငံ အနောက်ဘက်တွင် သံလွင်မြစ်နှင့် အပစ်ရပ်သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့များဝန်းရံ အကာအကွယ်ြုပနေသလိုဖြစ်ခြင်းကြောင့် ဗမာစစ်တပ်က ၀ တပ်မတော်ကို တိုက်ခိုက်မည် ဆိုပါက သျှမ်းပြည်တပ်တော် SSA-N တပ်ဖွဲ့နှင့် ဦးစွာတိုက်ခိုက်ရမည်ဖြစ်သည်ဟုလည်းဆို၏။

NDA-K ဒီမိုကရေစီသစ်တပ်မတော် - ကချင် မှာမူ UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်၊ NDAA-ESS မိုင်းလား တပ်ဖွဲ့တို့နှင့် PDF စစ်ရေးမဟာမိတ်ဖွဲ့ထားသော်လည်း နယ်မြေထိစပ်မှုမရှိခြင်း၊ ကချင်အမျိုးသားချင်းဖြစ်သည့် KIO/ KIA နှင့်လည်း ပဋိပက္ခရှိခြင်းတို့ကြောင့်၊ စစ်အစိုးရ အင်အားသုံးတိုက်ခိုက်လာလျှင် ကချင်အဖွဲ့ပထမဆုံး ရင်ဆိုင်နိုင်ဘွယ်ရှိကြောင်း - ပြောဆိုနေကြသည်။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....