
ကျွန်တော်သည်တိုက်ပွဲးတွင်အကြိမ်ကြိမ်အောင်နိုင်ခဲ့ဘူး၏
သို့သော် တိုက်ပွဲးတခုတွင်ကြိုတင်ပြင်ဆင်မှု့မရှိ့ဘဲးအထင်သေး၍
တိုက်ပွဲးဝင်ခဲ့သည့်အတွက် ရှုံးနိမ့်ပြီးတပ်ဆုတ်ခဲ့ဖူး၏
ကြိုတင်ပြင်ဆင်ခြင်း ကြိုတင်ကာကွယ်ခြင်းသည်
ကြိုတင်လက်နက်တပ်ဆင်ခြင်းဖြစ်၏။
လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌မျိုးစုံကကြ ၊မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ
အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။.....
0 comments:
Post a Comment