Pages

Monday, July 5, 2010

အမေရိကန် လွတ်လပ်ရေးနေ့ ၂၃၄ နှစ်မြောက် နိုင်ငံတ၀န်း ကျင်းပ


တနင်္ဂနွေ, 04 ဇူလိုင် 2010

Massachusetts.ပြည်နယ် Boston.မြို့မှာလည်း တခြားမြို့လိုဘဲး မြို့လယ်လွတ်လပ်ရေးကွင်းပြင်မှာ လူထောင်ပေါင်းများစွာထွက်လာပြီး လွတ်လပ်ရေးရဲ့အရသာကို အနားယူအပန်ဖြေကြပါတယ်
<စာဖတ်ပြီးရင် ကျနော်ကိုယ်တိုင် သွားရောက်ရိုက်ကူးထားတဲ့ဓါတ်ပုံလေးတွေ အောက်မှာ ကြည့်ကြရအောင်နော်>
(ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်း လွတ်လပ်ရေးရဲ့အရသာကို အမြန်ရရှိ့ခံစားကြပါစေလို့ဆု့တောင်းမိပါတော့တယ် )
အမေရိကန်နိုင်ငံက ၂၃၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလှပြ လှည့်လည်ပွဲတွေ၊ မီးရှူးမီးပန်းပွဲတွေ၊ အသားကင်ပွဲတွေနဲ့ နိုင်ငံတ၀န်းမှာ ဆင်နွှဲနေကြပါတယ်။
တော်လှန်ရေးတရပ် ဆင်နွှဲပြီး ကိုလိုနီနယ် ၁၃ နယ်ဟာ ဗြိတိန်နိုင်ငံကနေ ၁၇၇၆ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ဟာ အဲဒီ ကြေညာခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အမွေအနှစ် အမျိုးမျိုးကို ပြသမယ့် ၀ါရှင်တန်မြို့တော် နေရှင်နယ် မောလ် (National Mall) လို့ခေါ်တဲ့ ကွင်းပြင်မှာ လူ ထောင်ပေါင်းများစွာတို့ဟာ လွတ်လပ်ရေးပွဲကို လာရောက် ဆင်နွှဲနေကြပါတယ်။ လွတ်လပ်ရေးပွဲတော် အလှပြ ချီတက်ပွဲလည်း ၀ါရှင်တန်မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲတော်မှာပဲ လွတ်လပ်ရေး ကြေညာစာတမ်းပုံစံကို ချထားပြီး လူအများအနေနဲ့ လွတ်လပ်ရေး ဖခင်ကြီးတွေ လက်မှတ်ထိုးသလို လက်မှတ် ရေးထိုးနိုင်အောင်လည်း စီစဉ်ထားပါတယ်။
မိုင်အနည်းငယ် ကွာဝေးတဲ့ မောင့်တ် ဗာနွန် (Mount Vernon) မှာတော့ တော်လှန်ရေးစစ်ပွဲကို ဦးဆောင်ခဲ့တဲ့သူ ဂျော့ခ်ျ ၀ါရှင်တန် (George Washington) ရဲ့ အိမ်ရှိရာ အရပ်မှာ မြှုပ်နှံထားတဲ့ သူ့အုတ်ဂူမှာ လွမ်းသူ့ပန်းခွေချတဲ့ ပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ကို ရွှေ့ပြောင်း လာရောက်နေထိုင်ကြတဲ့သူ ၁၀၀ ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ပွဲတရပ်ကိုလည်း အဲဒီမှာပဲ ကျင်းပခဲ့ကြပါတယ်။ ညပိုင်းမှာတော့ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ပွဲတွေက ၀ါရှင်တန်မြို့တော်၊ နယူးယောက်ခ်နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေရဲ့ ကောင်းကင်မှာ ထိန်လင်းနေပါတယ်။



 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....