Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Sunday, November 29, 2009

အချစ်လူ့နှလုံး နှင့် တူသော အသည်း


အချစ်

လူ့နှလုံး နှင့် တူသော အသည်း ပုံသင်္ကေတသည် အစဉ်အလာအရ အချစ်ကို ကိုယ်စားပြုသည်

အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။


* 1 အဓိပ္ပာယ်ဖွင့်ချက်များ
* 2 ပုဂ္ဂိုလ်ရေး မပါသော အချစ်
* 3 လူ့အချစ်
* 4 ဓာတု သဘော
* 5 စိတ်ပညာ သဘော
* 6 ယဉ်ကျေးမှု အမြင်
o 6.1 မြန်မာ
* 7 ဘာသာရေး ရှူဒေါင့်
o 7.1 ခရစ်ယာန်
o 7.2 ဗုဒ္ဓဘာသာ
*

အဓိပ္ပာယ်ဖွင့်ချက်များ

အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။

အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။

နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။
ပုဂ္ဂိုလ်ရေး မပါသော အချစ်

လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး(သို့)ရည်မှန်းချက်တို့ကို တန်ဖိုးကြီးကြီးထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမားတို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်းမှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည်ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေးမပါသောအချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေးတိရစ္ဆာန်(သို့မဟုတ်) လုပ်ငန်းဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၎င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့် ရောက်သည်ဟု ခေါ်သည်။
လူ့အချစ်
ဘွားအေ နှင့် မြေး

လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။

သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလည်းခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။
ဓာတု သဘော

ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွန်းအားဟု မြင်သည်။[1] အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည်။

တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ [2]

တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။[2] လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[3]
စိတ်ပညာ သဘော

စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရီကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။ [4][5]

အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖတ်မှ ဆွဲငင်သည်" ဟု ချဲထွန်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖတ်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။ [6]
ယဉ်ကျေးမှု အမြင်
မြန်မာ

မြန်မာတို့သည် အချစ်ကို အလွန် တန်ဖိုးထားကြပြီး နောက်ဆုံးတွင် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်ရန် ရည်ရွယ်သည်။ မြန်မာတို့သည် အချစ်ကို ဝင်ခံဖွင့်ဟဝန်ခံရာတွင် အချိန်ယူ စဉ်းစားလေ့ရှိပြီး အချိန်ကြာမြင့်စွာလည်း ချစ်ကြသည်။ သုံးနှစ်သုံးမိုး ချစ်ခွင့်ရရန်စောင့်ဆိုင်းနိုင်သည် ဟု ဂုဏ်ယူတတ်ကြသည်။ ခုမြင်ခုကြိုက် ဆိုသော အချစ်ကို လက်ခံကြသော်လည်း အခုတစ်ယောက် နောက်တစ်ယောက်ကား မပြောင်းလဲတတ်ကြပေ။ မြန်မာတို့၏ အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး လိင်ဆန္ဒကို အချစ်တွင် မဖေါ်ထုတ်ကြပေ။

အချစ်ကြီးသူတို့ကို မြန်မာတို့သည် ကိန္နရာ မောင်နှံ နှင့် တင်စားကြသည်။
ဘာသာရေး ရှူဒေါင့်
ခရစ်ယာန်

ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း

Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life

ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည်

ဟု ယုံကြည်ကြသည်။
ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။

မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။ (saitunsein )

Tuesday, November 24, 2009

17.11.2009 malaysia shan new year




Thursday, November 12, 2009

ဘာသာတရား [1] ကမ္ဘာ့ ဘာသာကြီးများ ပျံ့နှံ့မှု


   
ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။   ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။ အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည် လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျားခံရာ ပဓာနအရင်းအမြစ်ဖြစ်သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ      စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

* 1 ဘာသာတရား အစ ကိုးကွယ်မှုက
* 2 ဖွင့်ဆိုချက်များ
* 3 ခြားနားချက်
* 4 ရည်ညွှန်းကိုးကား

ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထို ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလိုခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဥာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သားငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသလို တစ်ခါတရံတွင် မြစ်ရေများလျှံတက်၍ လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်စည်းစိမ် ချမ်းသာများကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးကို ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့်မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရား ရှိမည်ဟု ယုံကြည်လာကြတော့သည်။

လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဥာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘ၀ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘ၀ကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။
[ပြင်ဆင်ရန်​] ဖွင့်ဆိုချက်များ

ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည်းကောင်း၊ မိမိတို့လှုပ်ရှားကျင်လည်နေရသော လူမှုအဖွဲ့အစည်းပေါ်တွင်လည်းကောင်း လိုလားနှစ်သက်အပ်သော အပြောင်းအလဲများ ပိုင်ဆိုင်ရရှိစေရန် မိမိတို့ကိုယ်ကို ပထမလေ့ကျင့်နိုင်သည်။ ဒုတိယအဆင့်တွင် သိမြင်မှတ်သားမူဆိုင်ရာ သတိစွမ်းရည်ကို မြှင့်တင်နိုင်ပြီး၊ ဤသို့ဖြင့် နေထိုင်ရာ သဘာဝစင်္ကြာဝဠာနှင့် သူတို့အကြား ကူးလူးဆက်ဆံမှုများ၏ လုံလောက်ပြည့်စုံမှုကို တည်ဆောက်ဖန်တီးနိုင်ပေသည်။

ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက `ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်´ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း `လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု´အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ခ်ျ ဂျီဝဲလ် (H. G. Wells) ကလည်း `ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ `ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်´ဟူလို။

ဗုဒ္ဓဂေါတမ၏ ဘာသာတရားကို ဘ၀နေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကျဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအောင် အားထုတ်ပြီး ဘ၀ကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။
[ပြင်ဆင်ရန်​] ခြားနားချက်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမသြ၀ါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် ဗုဒ္ဓ၏အဆုံးအမကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။

Wednesday, November 11, 2009

နျူးကလီယား


နျူးကလီယား




မြန်မာနိုင်ငံရှိ အဝါရောင်ကိတ်မုန့် ထုတ်လုပ်နိုင်သော သတ္တုတွင်းများပြမြေပုံ

နျူးကလီယား(နျူကလီယ)ဗုံးလုပ်ရန်အတွက် ယူရေနီယမ်သတ္တုကို အသုံးပြုသည်။ သို့သော် သာမန်ရိုးရိုး ယူရေနီယမ်ကို အသုံးပြု၍မရပေ။ ‘အိုင်ဆိုတုပ်’ ဟုခေါ်သော ရေဒီယိုဓာတ်ကြွမျိုးကွဲများထဲမှ တစ်မျိုးကိုသာ အသုံးပြုရသည်။ ယူရေနီယမ်သည် ဒြပ်စင်အမှတ်စဉ် (၉၂) ဖြစ်သောကြောင့် ၎င်းအဏုမြူထဲမှာ ပရိုတွန်(၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးပါရှိသည်။ ယူရေနီယမ် အိုင်ဆိုတုပ်တွေထဲတွင် သဘာဝအတိုင်း မြေကြီးထဲမှ အများဆုံး တူးဖော်ရရှိသည်မှာ ယူရေနီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ် စုစုပေါင်း၏(၉၉.၂၈၄) ရာခိုင်နှုန်းပါရှိသည်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) သည် သဘာဝသတ္တုရိုင်းထဲတွင် (၀.၇၁၁) ရာခိုင်နှုန်းသာ ပါဝင်ပါသည်။ ယူရေနီယမ်(၂၃၅) ဖြစ်ဖြစ် ယူရေနီယမ်(၂၃၈) ဖြစ်ဖြစ် ယူရေနီယမ်မှန်ရင် သတ္တုရိုင်းတွေသည်လည်း ရေဒီယိုဓာတ်ကြွသည့်အတွက် သတ္တုတွင်းတူးအလုပ်သမားများ၊ သယ်ယူပို့ဆောင်ကိုင်တွယ်ရသောအလုပ်သမားများ၊ စစ်သည်များအတွက် အန္တရာယ်ကြီးမားလှပါသည်။
အဝါရောင်ကိတ်မုန့်ထုတ်လုပ်သည့် စက်ရုံပုံစံငယ်

နျူးကလီယားဗုံးလုပ်သည့်အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါသည်။ သို့မဟုတ် ယူရေနီယမ် (၂၃၈)ကို ပလူတိုနီယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါသည်။ (ဟီရိုးရှီးမားမြို့တွင် ကျဲချခဲ့သော နျူးကလီယားဗုံးသည် ယူရေနီယမ် (၂၃၅)ဖြင့် လုပ်ထားခြင်း ဖြစ်ပြီး နဂါစကီတွင် ကျဲချသော နျူးကလီယားဗုံးသည် ပလူတိုနီယမ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။) သို့သော် ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အဏုမြူဓာတ်ပေါင်းဖိုဖြင့်သာ ထုတ်လုပ်ရသဖြင့် ပိုမိုခက်ခဲပြီး အဆင့်မြင့်သကဲ့သို့ တန်ဖိုးလည်းကြီးပါသည်။ ထို့ကြောင့် နျူးကလီယားဗုံးကို ဈေးနှုံးသက်သာစွာဖြင့် ထုတ်လုပ်လိုကြသည့် နည်းပညာအဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များအနေဖြင့် ကနဦးအဖြစ် ယူရေနီယမ် (၂၃၅) မှတဆင့် နျူးကလီယားဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းတွင် ပလူတိုနီယမ်ကိုလည်း ပြုလုပ်နိုင်အောင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် ကြိုးစားရပါသည်။
အဝါရောင်ကိတ်မုန့်

ထို့ကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေဖြင့် ယူရေနီယမ် (၂၃၅) ထုတ်လုပ်ရန် ဦးစွာကြိုးပမ်းရမှာဖြစ်ပါသည်။ သဘာဝသတ္တုရိုင်းထဲမှ အချိုးအစားအလွန်နည်းပါးစွာပါသော ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အနက်မှ အထိရောက်ဆုံး၊အသုံးအများဆုံးနှင့် စရိတ်အသက်သာဆုံးနည်းမှာ ဗဟိုဆွဲအားစက်များကိုအသုံးပြုခြင်းဘဲ ဖြစ်ပါသည်။ ဗဟိုဆွဲအား Centrifuge ၏ သဘောတရားမှာ ရွှေကျင်ရာတွင် အလေးဆမတူသည့် သဲတွေ၊ကျောက်များမှ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပင်ဖြစ်သည်။
ဗဟိုဆွဲအားစက်

ဆေးရုံများတွင် သွေးစစ်ရာ သွေးထဲတွင်ပါဝင်သော အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ရန် ဖန်ပြွန်များအတွင်းထည့်ပြီး ဗဟိုဆွဲအားစက်ထဲ ထည့်လှည့်ရပါသည်။ အလေးဆ အားဖြင့် အနည်းငယ်(၁.၂၆ ရာခိုင်နှုန်း) သာကွာသည့် (၂၃၈) နှင့် (၂၃၅) နှစ်မျိုးရောနေခြင်းကို လက်ဖြင့်စကောဝိုင်းသည်ထက် အဆပေါင်းများစွာမြန်သည့် စက်ဖြင့် မွှေ့လိုက်သည်။ထိုအခါ ပိုပေါ့သော(၂၃၅) က အပေါ် သို့မဟုတ် အလယ်တွင် ပေါ်တက်ကာစုစည်းပါသည်။ သဘာဝသတ္တုမှုန်များအနက်မှ (၀.၇) ရာခိုင်နှုန်းသာပါသည့် (၂၃၅) ကို များများရရှိနိုင်စေရန် ယူရေနီယမ်ဓာတ်ငွေ့တို့ကို ဆလင်ဒါ ပြွန်လုံးရှည်ကြီးအတွင်းသို့ထည့်ပြီး လှည့်လိုက်သောအခါ (၂၃၈) က ပြွန်လုံးဘေးနံရံတွင် ကပ်ပြီး (၂၃၅) များကမူ အလယ်တွင် လာရောက်စုစည်းပါသည်။ အလယ်တွင် စုနေသည့် (၂၃၅) များကို ပိုက်များဖြင့် စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်များထဲသို့ပို့လွှတ်ကာ ဗဟိုဆွဲအားနည်းဖြင့် ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါသည်။ အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံးပြုရန် (၂၃၅) ငါးရာခိုင်နှုန်းခန့်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးရှည် ထောင်နှင့်ချီ လိုပါသည်။ ထို့ကြောင့် ဗဟိုဆွဲအားစက်ရုံများတွင် ပြွန်လုံးရှည်ကြီးများ ထောင်နှင့်ချီ တပ်ဆင်ထားရသည့် အတွက် သိသာမြင်သာလောက်အောင်ထင်ရှားသော စက်ရုံကြီးများကို မဖြစ်မနေ တည်ဆောက်ရပါသည်။ ထိုဗဟိုဆွဲအားစက်ရုံ မရှိပဲနှင့် အဏုမြူဗုံးတစ်လုံးအား မည်သို့မျှ မထုတ်လုပ်နိုင်ပေ။

ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် သတ္တုတွင်းများမှ တူးဖော်ရယူလာသည့် ယူရေနီယမ်မြေသားအရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒနည်းပညာဖြင့် သန့်စင်အရည်ဖျော် အခြောက်ခံလိုက်သည့်အခါ ‘အဝါရောင်ကိတ်မုန့်’ Yellow Cake ဟုလူသိများသည့် ဒုတိယဆင့် သတ္တုရိုင်းဖြစ်လာပါသည်။ ၄င်းအား နောက်တစ်ကြိမ် အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့ဖြင့် အဆင့်ဆင့် ဓာတ်ပြုစေပြီးလျှင် နောက်ဆုံး၌ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရလာပါသည်။။ ထိုယူရေနီယမ် ဓာတ်ငွေ့အား အထက်တွင် ဖော်ပြခဲ့သည့် ဗဟိုဆွဲအားပြွန်လုံးများအတွင်းသို့ထည့်ပြီး ‘ကျင်’ ယူရခြင်းဖြစ်သည်။
[ပြင်ဆင်ရန်​] နျူးကလီယား လက်နက်
ဂျပန်နိုင်ငံ နာဂါဆာကီ နျူကလီးယာဗုံး ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော မှိုပုံ တိမ်တိုက်

နျူးကလီယား လက်နက် သည် ဖောက်ခွဲရေး ကရိယာ တစ်ခုဖြစ်ပြီး ၄င်း၏ စွမ်းအင်ကို ဖြူးရှင်း သို့မဟုတ် ဖြူးရှင်း နှင့် ဖစ်ရှင်း ပေါင်းခြင်းတို့မှ ဖြစ်ပေါ်သော နျူးကလီယား ဓာတ်ပြုခြင်း မှရှိသည်။ ၄င်းနှစ်ခုစလုံးသော ဓာတ်ပြုခြင်းများသည် အဆမတန် ရှိသော် စွမ်းအင်များကို အလွန်သေးငယ်သော အရာဝတ္ထုမှ ထွက်ပေါ်လာပြီး ကီလိုဂရမ် တစ်ထောင်မျှသာရှိသော ခေတ်ပေါ် နျူးကလီယား လက်နက်သည် သာမန် အလွန်ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်း တစ်ဗီလီရမ် ကီလိုဂရမ် နှင့်ညီမျှသည်။ သေးငယ်သော နျူးကလီယား လက်နက် ကရိယာပင်ဖြစ်ပါစေ၊ သာမန် ဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး မြို့တစ်မြို့ကို ကောင်းစွာ ဖျက်ဆီးနိုင်သည်။ ထိုကြောင့် နျူးကလီယား လက်နက် ကို အလုံးစုံ ဖျက်သုံးရေး လက်နက် (weapons of mass destruction) ဟုခေါ်ပြီး ၄င်း၏ အသုံးပြုမှုကို ထိန်းချူပ်ထားကာ နိုင်ငံတကာ ပေါ်လစီ များတွင် အဓိက အငြင်းပွားရာဖြစ်သည်။
Retrieved from "http://wikimyanmar.co.cc/wiki/index.php?title=%E1%82%8F%E1%80%BA%E1%80%B4%E1%80%B8%E1%80%80%E1%80%9C%E1%80%AE%E1%80%9A%E1%80%AC%E1%80%B8"
Categories: ဓာတုဗေဒ | ရူပဗေဒ

Sunday, October 25, 2009

ခရီးသွားဧည့်သည် အမှတ်တရ နုတ်ဆက်ပွဲ




တွေ့ကြုံဆုံကွဲးဖြစ်မြဲးဓမ္မတာမို့ တခဏတာဆုံတွေ့ပြီး တချိန်ချိန်မှာခွဲးခွာကြရစမြဲးပါ အဲ့ဒီခွဲးခွာရတဲ့အချိန်မျိုးမှာ
ဝမ်းနည်းဝမ်းသာ ဆိုတာဖြစ်ရစမြဲးပါ..
ခုအချိန်မှာကျနော့မိတ်ဆွေ စိုင်းလောင်ဆိုင် ၅.၁၁.၂၀၀၉ နေ့မှာ USA ကိုအခြေချနေထိုင်ဖို့ ထွက်ခွာသွာရတော့မှာမို့
ကျနော့ရဲ့ရင်ထည်းမှာ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်..
ဘာကြောင့်ဝမ်းနည်းရလဲးဆိုတော နှစ်ရှည်လများအတူနေခဲ့ကြပြီး မိတ်ဆွေကောင်းဆုံရှူံးရတောမှာမို့ပါ..
နေရာသစ်မှာအေးချမ်းစွာဖြင့်ဘဝသစ်ထူထောင်ပြီးပျော်ရွှင်စွာနေရတော့မှာမို့ ကျနော့ရင်ထည်းမှာအရမ်းဘဲးဝမ်းသာပီတိ
ဖြစ်ရပါတယ်...
စိုင်းလောင်ဆိုင် မိသားစု့အတွက် ဒီစာနဲ့ဘဲး နှုတ်ဆက်လိုက်ပါတယ်..
  ၂၅.၁၀.၂၀၀၉




ရှမ်းလူမျိုးသမိုင်း

ခေါင်စဉ်

ရှမ်းလူမျိုးသမိုင်း


မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိသော ရှမ်းလူမျိုးတို့၏ သမိုင်းကြောင်းအား လေ့လာမည်ဆိုပါက အနည်းဆုံး ဘီစီ ၆၅၀ အထိ သွားရမည်ဖြစ်ပါသည်။ ယခင်က ရှေးဟောင်းသုတေသန ပညာရှင်များ ရှေးခေတ် ဘီစီ ၅၀၀၀ ခန့်က ရှမ်းဘုရင်တစ်ပါး၏ ဂူအား တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် တူးဖော်တွေ.ရှိခဲ.ပါသည်။ ထို့ပြင် တရုတ်ရှင် ဘုရင်မင်းပာန် ဘုရင်မင်းထက်ပို၍ ရှေးကျသော ရှေးပောာင်းဘာသာရေးဆိုင်ရာ ပူဇော်ရာ ကြေးအိုးခွက်ပန်းကန်များကိုလည်း ရှာဖွေတွေ.ရှိခဲ.ပါသည်။ ၁၃ ရာစုမှစ၍ ရှမ်းဘုရင်မင်းသည် အင်းဝပြည် အနေဖြင်.မြန်မာပြည် တစ်ပြည်လုံးနီးပါး အုပ်ချုပ်လာခဲ.ရာ ၁၄ ရာစုနှစ် အလယ်ပိုင်းတွင် ထပ်မံ၍ နယ်မြေချဲ.ထွင်ခဲ.ရာတွင် တရုတ်နိုင်ငံ အနောက်တောင်ဘက်နှင့် တောင်ပိုင်းတနသာင်္ရီတိုင်း အနောက်မြေက်ဘက် အာသံပြည်နယ် အရှေ့ပိုင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအထိ နယ်ချဲ.ခဲ့ပါသည်။

၁၆ ရာစု အကုန်တွင် ရှမ်းပြည်နယ်သည် မြန်မာဘုရင်လက်အောက်သို့ ကျဆုံးသွားခဲ့ပြီး နောင်နှစ် ၅၀ တွင် တရုတ်များ၏ လက်အောက်သို့ ထပ်မံ၍ ကျရှုံးခဲ့ပြီးနောက် ရှမ်းဘုရင်မင်း၏ အာဏာစက်ဆုံးခန်းတိုင်ခဲ့ပါသည်။ သို့သော်လည်း ရှမ်းပြည်နယ်သည် သီးခြားတည်ရှိကြောင်းနှင့် ယဉ်ကျေးမှုလည်းကွဲပြားကြောင်းကို တရုတ်မြန်မာနှင့် နောက်ပိုင်းတွင် ဗြိတိသျှအစိုးရကပင် အသိအမှတ်ပြုခဲ့ပါသည်။ အမှန်စင်စစ် ငွေးစက္ကူများပင်လျှင် တစ်ချိန်တွင် အင်္ဂလိပ်၊ ရှမ်းနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုသော သမိုင်းဝင်ပင်လုံစာချုပ်သည် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံကြား ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေး ရခဲ့သော်လည်း ၄င်းကောင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကုလသမဂ္ဂရုံးတွင် ယခုချိန်ထိရှိနေသေး၏။ ၄င်းဖွဲ့စည်းပုံ အခြေခံဥပဒေအ ရ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်တွင် ရှမ်းပြည်နယ်သည် ခွဲထွက်ရန် ခွင့်ပြုထားသည်။ လူသည် စုစည်း၍ နေနိုင်သကဲ့သို့ ခွဲထွက်ရာ၌လည်း ပြုလုပ်နိုင်ပါသည်။ အမှန်စင်စစ် ၁၉၄၇ ခုနှစ်တွင် လွှတ်လပ်ရေးမရမှီ တစ်နှစ်ပါတ်လုံး ရှမ်းပြည်နယ်၏ ၀ါ၊ စိမ်း၊ နီ အရောင်များဖြင့် ပြုလုပ်သော အလံသည် လန်ဒန်မြို့တွင် လောဒ်ဘော့တွမ်လေ ( Lord Bottomley ) အပါအ၀င် ဗြိတိသျှ အစိုးရကိုယ်စားလှယ်များ ရှေ့မှောက်၌ ဗြိတိသျှ ယူနီယံ ဂျက်အလံအား ဖြုတ်ချပြီး ရှမ်းပြည်နယ်အလံအား လွှင့်တင်ခဲ့သည်မှာ ဗြိတိသျှ အစိုးရ၏ ရှမ်းပြည်နယ် အပေါ် အသိအမှတ်ပြုခဲ့ပုံကို တွေ့ရသည်။

၁၉၅၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် ကူမင်တန် ကွန်မြူနစ်များအား တိုက်ထုတ်ရန် အကြောင်းပြလျက် ရှမ်းပြည်နယ်ကို ကျူးကျော်တိုက်ခိုက်သိမ်းယူ ခဲ့ပါသည်။ ၁၀ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် တစ်ဖက်သတ် အာဏာသိမ်းယူကာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ရှမ်းပြည်နယ်သည် မြန်မာစစ်တပ်၏ ၀င်ရောက်ကျူးကျော်သိမ်းပိုက်မှုနှင့် ဖိနှိပ်မှုတို့ကို ခုခံလျက်တိုက်ပွဲဝင်ရင်း မိမိတို့မျှော်မှန်းထားသော လွှတ်လပ်သော ပြည်နယ်အဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် ရှမ်းခုခံကာကွယ်ရေး တပ်မတော် - မုန်းတိုင်းတပ်မတော် (MTA) ကို ခွန်ဆာ ဦးဆောင်၍ မြန်မာအစိုးရ ဗိုလ်ချုပ်နေ၀င်းနှင့် တိတ်တဆိတ် ဆက်နွယ်ခဲ့ပြီး နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအ ဖွဲ့လက်ထက်တွင် လက်နက်ချခဲ့ပါသည်။ သို့သော်လည်း မြောက်များစွာသော မုန်းတိုင်းတပ်မတော် တပ်သားများသည် လက်နက်ချရန် ငြင်းဆန်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်းကောင်း၊ ထိုင်း-မြန်မာ နယ်စပ်သို့လည်းကောင်း ရွှေ့ပြောင်းကာ အခြားခုခံတိုက်ခိုက်ရေးတပ်များ နှင့် ပူးပေါင်းမိခဲ့ပါသည်။ မကြာမီအချိန်တွင် ၄င်း မပာာမိတ်တပ်သည် ဖွဲ့စည်းပြီးနောက် ၁၉၉၆ ဖေဖေါ်ဝါရီလတွင် ရှမ်းပြည်နယ်အလယ်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ မြန်မာစစ်အာဏာရှင်တို့သည် ၄င်း ခုခံတိုက်ခိုက်ရေးတပ်များအား ရှမ်းပြည်သူလူထုအနေဖြင့် ကူညီထောက်ပံ့မှု မပြုနိုင်ရန် ဖြတ်တောက်ပစ်ခြင်း၊ ရှမ်းကျေးရွာ တစ်ရွာလုံးအား အတင်းအဓမ္မပြောင်းရွှေ့စေခြင်းဖြင့် တုံ့ပြန်ခဲ့ပါသည်။ ၄င်းအစိုးရ၏ မူဝါဒမှာ ပြည်သူတို့ အား ခွဲထုတ်ရေး၊ မိမိနှစ်သက်သမျှအတိုင်း ဖမ်းဆီးရေး၊ နှိပ်စက်ခြင်း၊ လူအသေသတ်ခြင်း၊ လုယက်ဖျက်စီးခြင်း၊ မုဒိမ်း ကျင့်ခြင်းနှင့် ပြည်သူပြည်သားများအား ပေါ်တာထမ်းစေခြင်းဖြင့် ဓါးစာခံ ဘ၀သို့ ရောက်ရှိစေရန် ယနေ့အချိန်ထိ လုပ်ဆောင်လျက်ရှိနေပါသည်။

Friday, October 23, 2009

Amount lost in junta’s Four Cuts campaign recounted


 

Amount lost in junta’s Four Cuts campaign recounted
Wednesday, 21 October 2009 10:19 Hseng Khio Fah


Updated reports on the Burma Army’s 5-day scorched earth campaign, also known as Four Cuts - cutting off food, funds, intelligence and recruits by local villagers to the resistance, 27 July – 1 August, in townships in southern Shan State, have confirmed the loss of the villagers in one village tract alone at around Kyat 700 million (US$ 700,000).

An informed source in Mongkeung reported that the total affected houses and belongings of the villager in Hokhai village tract were 125 houses, 3 rice mills, 596,330,666 liters of paddy (11,812 Tin), 3 bullock carts, 6 motorbikes and one farm tractor (Tolaji).

“The total amount was at Kyat 699,420,000. It did not include the amount being robbed by the Burmese soldiers,” he said.
He added that there was a villager whose gold and money was being robbed while she was trying to escape the incident. “The gold was 2 Kyattha (3.26 gram) and her money was Kyat 700,000 (US$700).”

The incident took place in Mongkeung, Laikha and Kehsi townships by the battalions under the Mongnawng-based Military Operations Command # 2 of Col Kyaw Zan Myint in accordance with the order of the Chairman of Shan State (South) Peace and Development Council and Commander of Eastern Region Command Brig-Gen Ya Pyae. But the Burma Army later told villagers, in a public meeting, that the campaign was not waged by them, it was the Shan State Army members.

A month later, the MOC#2 was assigned to rebuild houses for those affected villagers. All houses must be a two story made of wood designated on Nargis home model and must be finished by September. However, the construction project was just started early in the month.

Victims were being told that they will receive the houses free of charge. But local traders and nearby villages were forced to provide hundred tons of wood for rebuilding houses.

And over 500 carpenters from Taunggyi were ordered to help the construction. Currently, 10 out of 125 affected houses in Hokhai village tract were almost finished and one other finished.

Each house is 15 feet in length and 20 feet in width.

Up to date most villagers are still staying in temporary shelters they built themselves in their fields and some are still in their farms.

However, they are being forced to continue the construction. Moreover, they were told to provide one cow to local based Light Infantry Battalion (LIB) 517, every two weeks, said a villager in Hokhai.

The project does not seem succeed as almost all of the carpenters were reportedly turned back and traders also stopped providing woods because most did not get paid by the officials. And the officials were reported to have quarreled with each other over the unbalance of the power sharing, according to another source.

“An official from the municipality was slapped by the battalion commander Major Kyaw Thu,” he said. “After that many of the civilian officials left.”

According to the rights groups Shan Human Rights Foundation (SHRF) and Shan Women’s Action Network (SWAN)’s report, more than 500 houses and 200 granaries in villages in Mongkeung, Laikha and Kehsi townships, where the campaign took place, had been razed to the ground and over 10,000 people from almost in villages in the townships were homeless.

www.shanland.org


Tuesday, October 13, 2009

အရှင်ဆန္ဒာဓိက အမေရိကတွင် ခွဲစိတ်ကုသမှု ထပ်မံခံယူ ဓာတ်ပုံသတင်း





အောက်တိုဘာ ၁၂၊ ၂၀၀၉ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရောက် နာမည်ကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက။
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ် ညာဘက် ခြေကျင်းဝတ် နှင့် ခြေဖမိုးတို့ကို ခွဲစိတ်ခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာ ၂၂ ရက်နေ့က ခွဲစိတ်ခဲ့ခြင်း ဖြစ်ပြီး တလခွဲတိတိ ညာဘက်ခြေထောက်ကို လုံးဝ မထောက်ရန် ဆရာဝန်က ညွှန်ကြားထားသည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။
အရှင်ဆန္ဒာဓိကသည် လွန်ခဲ့သည့် ၄ လခန့်က မုံရွာမြို့ ဗောဓိတထောင် ဘုရားရှိ ရပ်တော်မူ ဆင်းတုတော်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ခြေထောက် ထိခိုက်သည့် ဒဏ်ရာ ရရှိပြီး မြန်မာပြည်တွင် ကုသမှု ခံယူခဲ့သည်။ ထိုစဉ်က ထိခိုက်ဒဏ်ရာ ရသူများထဲတွင် ကလောင်အမည်“ရဝေနွယ် (အင်းမ)” ဟု ထင်ရှားသည့် အရှင်ရာဇိန္ဒလည်း ပါဝင်သည်။

Tuesday, October 6, 2009

သျှမ်းအကြောင်းသုတေသနညီလာခံ ချူလာလုံးကွမ်း တက္ကသိုလ်၌ကျင်းပမည် တနင်္လာနေ့၊ 05 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

ခေါင်စဉ်



သျှမ်းအကြောင်းသုတေသနညီလာခံ (ပွဲတော်) တရပ်ကို ဘန်ကောက်မြို့Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ ၂၀၀၉ အောက်တိုဘာလ ၁၅-၁၇ ရက်နေ့အထိ ကျင်းပမည်ဟုပွဲဖြစ်မြောက်ရေး ကော်မတီက ပြောပါသည်။

“အရင်တုန်းကသျှမ်းလို့ပြောရင် တိုက်ပွဲအကြောင်း၊ ရွေ့ပြောင်းအလုပ်သမား၊ ဒုက္ခသည်အကြောင်းတွေဘဲ လူသိများပါ တယ်။ အခုသူများမသိသေးတဲ့ သျှမ်းတွေရဲ့ထုံးတမ်းစဉ်လာ၊ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှု၊ သမိုင်းကြောင်း၊ စာပေ ယဉ်ကျေးမှုနဲ့အခြားအကြောင်းတွေကို ကမ္ဘာသိအောင် သုတေသနစာတမ်းဖတ်ပွဲနဲ့ပြပွဲတွေခင်းကျင်းပြသဖို့ ရှိတယ်” - ဟု စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ Chulalongkorn University မှ Asia Studies ဒါရိုက်တာ ဒေါက်တာဆူနိတ် ကပြော၏။

[၁၅-၁၇/၁၀/၀၉ ရက်နေ့ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ နံရံကပ်စာစောင်]

၁၅-၁၇/၁၀/၀၉ ရက်နေ့ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ နံရံကပ်စာစောင်

International Conference of Shan Studies (ICSS) တွင် ထိုင်းအခြေစိုက်သျှမ်းများအပြင် ပြည်တွင်းပြည်ပမှ ပညာရှင်များ စာတမ်းဖတ်ပွဲအပြင် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့၊ အစားအသောက်ဆိုင်ရာ ပြပွဲလည်းခင်း ကျင်းပြသသွားမည် ဟု ပြောပါသည်။

ချင်းမိုင်မှ စ၀်ခမ်းဟန်ဖှာ့ က - “သျှမ်းအကြောင်း သုတေသန ညီလာခံ (ပွဲတော်) ICSS ကျင်းပရတဲ့ အဓိကအကြောင်း ရင်း ၄ ခုရှိတယ်။ (၁) သျှမ်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အင်္ဂါလက္ခဏာဖြစ်တဲ့ ယဉ်ကျေးမှုတွေမပျောက်ကွယ်အောင်မြှင့်တင် ဖို့၊ (၂) မျိုးရိုးဇာတိသမိုင်းကြောင်းကိုဂုဏ်ယူတတ်ဖို့ (၃) တိုင်း (Tai/Dai) လူမျိုး/စကားပြောတဲ့အရှေ့တောင်အာရှရှိ လူဦးရေ သန်း ၁၀၀ မှာ သျှမ်းများ တစိတ်တပိုင်းပါဝင်မှု (၄) လောဝ်၊ ထိုင်း နဲ့ သျှမ်း အကြားရင်းနှီးမှုပိုမိုနီးစပ်မှုရှိလာ အောင် မြင့်တင်ဖို့ စတာတွေအဓိကဖြစ်တယ်။ ဘယ်အတိုင်းတာအထိ လုပ်နိုင်မလဲတော့မပြောနိုင်ဘူး” - ဟုပြော ၏။

ချူလာလုံးကွမ်း တက္ကသိုလ် Chulalongkorn University မှ Asia Studies သည် မြန်မာ၊ ဗီယက်နမ်၊ ကဗ္ဘောဒီးယား၊ နှင့် ထိုင်း လူမျိုးများဆိုင်ရာသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကို သုတေသနပြလေ့လာရန်ဖြစ်သည်။

“အစတုန်းက တိုင်းပြည်ရှိတဲ့ လူမျိုးတွေအတွက်ဘဲ ကျနော်တို့ ရည်ရွယ်ခဲ့ပေမဲ့ အခုက သမိုင်းအစဉ်အလာကြီးပြီး လက်ရှိ တိုင်းပြည်မရှိတဲ့လူမျိုးတွေအတွက်ကျင်းပပေးရတာက သူတို့တွေကို ကမ္ဘာကပိုသိအောင်ပြန်လည်ဖေါ်ဆောင် ပေးတာ ဖြစ်တယ်” - ဟု ဒေါက်တာဆူနိတ် က ဆက်ပြော၏။

လွန်ခဲ့သည့် ၃-၄ နှစ်ကလည်း International Conference of Shan Studies (ICSS သျှမ်းအကြောင်းသုတေသန ညီလာခံ (ပွဲတော်) ကဲ့သို့ ရခိုင်၊ မွန် တို့အတွက်လည်း ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Saturday, October 3, 2009

AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း


AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း

မန်ဇူး
post by Sunday, September 27, 2009


အစိုးရထိပ်တန်း ခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင်အများစုဟာ ဒီကမ္ဘာမြေအတွင်းမှာ လူသားတွေကို ခြိမ်းခြောက်အန္တရာယ်ပြုနေတဲ့ AIDS ရောဂါကပ်ဆိုးကို ဘယ်လိုသဏ္ဍာန်နဲ့ ကာကွယ်မှုတွေပြုလုပ်ရမလဲဆိုတဲ့ စီမံဆောင်ရွက်ချက်တွေနဲ့ ထိုင်းနိုင်ငံရဲ့သုသေသန ကွင်းပြင်ကြီးမှာ လူသားသုံးဦးကို လေ့လာစမ်းသပ်ရင်း HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။ သုသေသီတွေရဲ့ ပြော ကြားချက်အရတော့ လက်ငင်းအသုံးပြုဖို့ရာအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ဆိုထားပေမယ့်လို့ ၂၆ နှစ်ဆိုတဲ့ ကာလရှည်ကြာ သည့်တိုင်အောင် AIDS ဗိုင်းရပ်စ်ပိုးကို တစိုက်စိုက်မတ်မတ် ကြိုးစားရှာဖွေခြင်းရဲ့ ရလဒ်လို့ပဲ ပြောရမယ်ထင်တယ်။ သိပ်မကြာခင် အ ချိန်ကတောင် သိပ္ပံပညာရှင်အတော်များများက ဒီရောဂါကပ်ဆိုးကို ကာကွယ်ဖို့ရာအတွက်မဖြစ်နိုင်တော့ဘူးလို့တောင် တွေးထင်ထား ခဲ့ကြတာ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ UNAIDS ကိုယ်စားလှယ်ကတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီရောဂါကို ထိထိ ရောက်ရောက်ကာကွယ်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး တွေ့ရှိချက်အသစ်ဟာ သုသေသနနယ်ပယ်အတွက် လိုလားတဲ့ ပန်းတိုင်ရောက်ဖို့ရာ မျှော်လင့်ချက်တွေ တစတစ ပိုမိုနီးကပ်လာတယ်လို့ ပြောဆိုသွားပါတယ်။ ဒါဟာ ကမ္ဘာ့ဆေးပညာလောကအတွက်တော့ တကယ့်ကို ကြီးမားတဲ့ အပြောင်းလဲဖြစ်ရပ်ကြီးလို့ အမေရိကန် စစ်ဆေးသိပ္ပံခွဲစိတ်ရေးဌာနမှ ဗိုလ်ချုပ် အဲရစ်စကူးမေကာ က ပြောခဲ့သည့်အပြင် ဒီဆေးသိပ္ပံမှ ကမ္ဘာ့ကပ်ဘေး ရောဂါကြီးဖြစ်တဲ့ AIDS ရောဂါကာကွယ်ဆေးအတွက် သုသေသနပြုဖို့ရာ ထောက်ပံ့ ကူညီမှုပြုမယ်လို့ ဆိုထားပါတယ်။ HIV ရောဂါကာကွယ်ဖို့ရာအတွက် သိပ္ပံပညာရှင်တွေစုစည်းပြီး နည်းလမ်းရှာဖွေခဲ့ကြတဲ့ အထဲမှာ ဒါဟာပထမဆုံးအကြိမ်ဖြစ်တယ်။ မဟာဗျူဟာအရ ဆိုတဲ့အကြောင်းပြချက်နဲ့ ကာကွယ်ဆေးအတွက် သုသေသနပြုလုပ်ကြရာမှာ အသွင်မတူတဲ့နည်းလမ်းတွေကို ရွေးချယ်ခဲ့ကြသလို အစောပိုင်းကာလတွေတုန်းက တသီးပုဂ္ဂလိကဆန်ဆန် လေ့လာစမ်းသပ်ခဲ့ကြ တယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ အသွင်သဏ္ဍာန်မတူတဲ့ HIV ရောဂါပိုးကူးစက်ခံရသူ ၃၁% ကျော်ခန့်ကို ဒီစမ်းသပ် မှုအတွက် စိတ်ပါဝင်စားတက်ကြွသူ ၁၆,၀၀၀ ကျော် ဦးရေကို သုသေသနပြုလုပ်ခဲ့ကြောင်း ဗန်ကောက်မြို့မှာအင်္ဂါနေ့က သုသေသီ တွေက ထုတ်ဖော်ပြောကြားသွားပါတယ်။ ဆုံးခန်းတိုင်သည့် ရလဒ်မဟုတ်သော်ငြားလည်း ဒီရောဂါကာကွယ်ဖို့ရာအတွက် ထိရောက် ပြီးစိတ်ချရသည့် ပထမဦးဆုံး အထောက်အထားဖြစ်ကြောင်း သုသေသနအတွက် ဦးဆောင်ကူညီနေသူ စစ်ဖက်ဆိုင်ရာ ဆရာဝန် ဖြစ်သူ ဗိုလ်မှူးကြီး ဂျရုမ်းကင် ကပြောဆိုသွားပါတယ်။ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး AIDS ရောဂါကာကွယ်ဆေးအတွက် ပိုမို ထိရောက်ပြီး ကောင်းမွန်တဲ့ သုသေသနဆိုင်ရာအသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဒီလေ့လာမှုအတွက် ပူးပေါင်းတာဝန်ယူ ထောက် ပံ့ကူညီပေးနေတဲ့ National Institute of Allergy and Infectious Diseases မှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ အန်တော်နီဖာအူစီ ကတော့အကောင်းမြင်ရှုထောင့်ကနေ သုံးသပ်ပြောဆိုသွားတယ်။ လားရာပွင့်သွားတဲ့အတွက် မြင်ကွင်းကျယ်သွားပြီး မျှော်လင့်ချက် ပန်းတိုင်ကိုပါ ခပ်ရေးရေးမြင်နေရလို့ အတူလက်တွဲပြီး သုသေသနဆိုင်ရာ အသစ်တွေ့ရှိချုက်ကို ဖော်ထုတ်ကြဖို့ကိုပါ တိုက်တွန်း သွားတယ်။

လာမည့်ရက်သတ္တပတ်အတွင်း နယူးရောက်မြို့မှာ သုသေသီပေါင်းများစွာအပြင် ကာကွယ်ဆေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်နေသူ တွေနဲ့ ဒီစီမံကိန်းအပေါ်ထဲထဲဝင်ဝင် ထောက်ပံ့ကူညီမယ့် အလှူရှင်တွေ၊ AIDS ရောဂါနဲ့ပတ်သက်ပြီး သုသေသနလုပ်နေတဲ့ သိပ္ပံ ပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ ငွေကြေးဆိုင်ရာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ ပမာဆိုရသော် ဘီလ် နဲ့ မလင်းဒါဂိတ် ဖောင်ဒေးရှင်းလိုမျိုး၊ သက်ဆိုင်ရာအာဏာပိုင်တွေဟာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ရှိတယ် လို့ ကမ္ဘာ့ HIV ကာကွယ်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ အဲလန်ဘားန်စတိန်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ ထိုင်းစစ်ဖက်ဆိုင်ရာဆေးသိပ္ပံနဲ့ တသီးပုဂ္ဂလိက သိပ္ပံပညာရှင်တွေပါ တက်ရောက်ကြလိမ့်မယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေက ပထမဆုံးအကြိမ် ဒီအောင်မြင်မှုအပေါ် ချီးကျူးထောပနာ ပြုကြတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေထဲက AIDS ရောဂါကာကွယ်ဆေးအတွက် ၁၀ နှစ်အချိန်ယူလုပ်ဆောင်မယ်ဆိုတဲ့ အသံတွေကို ကျနော်တို့ ကြားနေခဲ့ကြရတယ်။ ဘ၀တလျှောက်လုံးမှာ ပထမဆုံးအကြိမ် ခံစားမိတာကတော့ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုရောက် နေပြီလို့ Access Project မှာတာဝန်ယူလုပ်ဆောင်နေတဲ့ ကိုလံဘီယာ တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးရာ ကျွမ်းကျင်သူအဖြစ်နဲ့ ရော ရ၀မ်ဒါနိုင်ငံ AIDS ရောဂါကူညီစောင့်ရှောက်ရေးဌာနမှာပါ ကူညီလုပ်ဆောင်ပေးနေသူ ဂျိုးစ်ရူဇင် ကပြောပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီလေ့လာမှုအတွက် လမ်းညွှန်မှုတွေပေးခဲ့သလို အမေရိကန်စစ်ဖက်ဆိုင်ရာကလည်း ထိုင်း အစိုးရနဲ့ နှစ်ရှည်လများပူးတွဲပြီး ကာကွယ်ဆေးနဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုများပြုလုပ်ခြင်း၊ စစ်ဖက်ဆိုင်ရာဝန်ထမ်းများနဲ့ အရပ်ဘက် ဆိုင်ရာ ပြည်သူလူထုကို ကာကွယ်ဖို့ရာအတွက် အတူပူးတွဲပြီး ဆေးဖက်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံ အတွက်တော့ HIV ဟာအဓိကပြဿနာတရပ်လိုဖြစ်နေတော့ လေ့လာဖို့ရာအတွက် ဖိအားတရပ်ပေးသလို ဖြစ်နေတာပေါ့၊ ဒီလို ဆိုလိုက်လို့ အမေရိကန်၊ အာဖရိက ဒါမှမဟုတ်မသိမမြင်နိုင်ရတဲ့ ကမ္ဘာကြီးရဲ့ ထောင့်တနေရာမှာ ရှိနေတဲ့ရောဂါကို ကာကွယ်ဖို့ရာ အတွက် သိပ္ပံပညာရှင်တွေဟာအတော်လေးကို စိတ်ဖိဆီးမှုဝေဒနာကို ခံစားနေကြရရှာတယ်။

ကာကွယ်ဆေးဆိုင်ရာအကူအညီပေးမှုဟာ အဆိုးအကောင်းလို့ဆိုရမဲ့ ပါးလွှာတဲ့ခြားနားမှုကြောင့် အတော့်ကိုအန္တရာယ်နဲ့နီးကပ်တယ် လို့ဆိုရမယ်။ UNAIDS ရဲ့ခန့်မှန်းတွက်ဆချက်အရ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရသော် နေ့စဉ်လူ ၇,၅၀၀ ခန့်ဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၂၀၀၇ ခုနှစ်အတွင်း AIDS ရောဂါကြောင့် လူနှစ်သန်းဟာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ Prime-boost ဆိုတဲ့ ချဉ်း ကပ်မှုအတိုင်း နည်းလမ်းနှစ်သွယ်နဲ့ ရောဂါကာကွယ်ဆေးကို စမ်းသပ်လေ့လာရာ ပထမနည်းဖြစ်တဲ့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိ တဲ့ နည်းလမ်းသုံးပြီး HIV ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ခြင်းနဲ့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တုန့်ပြန်တိုက်ခိုက် နည်းတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ALVAC ကို ရောဂါရှာဖွေရေးနဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဆာနိုဖီပါစတီအာ က ပြင်သစ်လူမျိုးဆေးဝါးကျွမ်းကျင်သူ ဆာနိုဖီ အာဗင်တီစ်မှဖော်စပ်သလို AIDSVAX ကိုတော့ VaxGen ကုမ္ပဏီကြီးမှ အစပြုပြီးတိုးတက်အောင်ပြုလုပ်ခဲ့သလို အခုနေ အခါ မှာတော့ VaxGen က ၀န်ထမ်းတချို့ဟာ လူမှုရေးဆိုင်ရာလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာ့နေရာအနှံ့အပြားက ကူးစက် ရောဂါနဲ့ သေဆုံးမှုပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်။ ALVAC ကို ကနေရီငှက်ရဲ့ဆစ်ဖလစ်ရောဂါဗိုင်းရပ်စ်ပိုးမှ အသွင် ပြောင်းပြီး အသုံးပြုထားတာဖြစ်သလို လူ့အသက်အန္တရာယ်ကိုတော့ ထိခိုက်မှုတစုံတရာမရှိနိုင်ပေမယ့်လို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ HIV ဗီဇမျိုးစေ့ တွေဆီကို သယ်ဆောင်ကူးပြောင်းပြီးပေါင်းစပ်စေတယ်။ AIDSVAX ကျတော့ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ မျက်နှာပြင် တ၀ိုက်မှာ ဇီဝဗေဒ အင်ဂျင်နီယာ နည်းနဲ့အသွင်ပြောင်းလုပ်ဆောင်တယ်။ ဒီရောဂါကာကွယ်ဆေးဟာ ဗိုင်းရပ်စ် အကုန်လုံးကို မကာကွယ်နိုင်သလို သေဆုံး ခြင်း ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့ HIV ရောဂါပိုးကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။

ဒီလေ့လာစမ်းသပ်မှုမှာ ရောဂါကူးစက်မှုကြောင့် HIV အနှုတ်လက္ခဏရှိသူ အသက် ၁၈ မှ ၃၀ နှစ်အတွင်းရှိ ထိုင်းအမျိုးသားနဲ့ အမျိုး သမီးတွေကို ရောနှောပြီးစမ်းသပ်စစ်ဆေးပါတယ်။ တ၀က်ကိုတော့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိတဲ့ နည်းလမ်းအတိုင်း ALVAC ဆေး လေးခွက်စာ သောက်သုံးစေပြီး ကျန်တ၀က်ကိုတော့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တဲ့ AIDSVAX သောက်ဆေးနှစ်ခွက်စာနဲ့ ခြောက်လကျော်ကြာအောင်စမ်းသပ်သလို တခြားကျန်ရစ်သူတွေကိုတော့ ဟန်ပြအနေဖြင့်သာ တိုက်ကျွေးစေတယ်။ ဒီလေ့လာစမ်းသပ်မှု ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကတော့ ဘယ်သူတဦးတယောက်မှ မသိကြပါဘူး။ စေ တနာ့ဝန်ထမ်းအနေနဲ့ ၀င်ရောက်လေ့လာမှုပြုတွေကိုတော့ သုသေသနမပြုလုပ်ခင်ကတည်းက ကာကွယ်ဆေးအတွက် စမ်းသပ်ပြုလုပ် မှာဖြစ်ကြောင်း ကြိုတင်အသိပေးပြောကြားထားတာတွေတော့ရှိပါတယ်။ ကိုယ်စီတိုင်းကို ကွန်ဒုံးပေးထားခြင်း၊ လိင်ဆက်ဆံမှုနဲ့ သက် ဆိုင်သော ပညာပေးလုပ်ဆောင်ခြင်းများအပြင် လိင်မှတဆင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်းနဲ့ HIV ရောဂါအတွက် ခြောက်လ ကြာ စမ်းသပ်လုပ်ဆောင်မည့် အကြောင်းသတိပေးပြောကြားမှုတွေရှိပါတယ်။ မည်သူမဆို ရောဂါကူးစက်မှုတစုံတရာရှိခဲ့ပါက ဆေးဝါး ကုသ ခံယူဖို့ရာအတွက် အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။ HIV ပိုးအတွက်စမ်းသပ်စစ်ဆေးသူအားလုံးဟာ သုံးနှစ်အတွင်း ခြောက်လ တခါ လုပ်ဆောင်မှာဖြစ်ပြီး ကာကွယ်ဆေးသက်တမ်းကာလဟာ ကုန်ဆုံးမှာဖြစ်တယ်။

ရလဒ်

ကူးစက်မှုအသစ်အရထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကာကွယ်ဆေးလက်ခံရရှိသူတွေဟာ ၅၁ မှာ ၈,၁၉၇ ထွက်ပေါ်လာပြီး ဟန်ပြ ဆေးတိုက်ကျွေးမှုကို လက်ခံရသူတွေရဲ့ ရလဒ်ကတော့ ၇၄ မှာ ၈,၁၉၈ ပဲဖြစ်တယ်။ ကာကွယ်ဆေးသုံးစွဲတဲ့ အစုအဖွဲ့ဟာ ကူးစက်မှု နှုန်းထားအောက် ၃၁% ဆိုတဲ့ရလဒ် ထွက်ပေါ်လာသလို ပါဝင်သူနှစ်ဦးကတော့ ရောဂါကူးစက်ခံရမှုကြောင့်သေဆုံးသွားရရှာတယ်။

သိပ္ပံပညာရှင်တွေဟာ သဏ္ဍာန်မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ဘာကြောင့်ပူးတွဲတိုက်ဖျက်ကြသလဲဆိုတာကိုတော့ အဖြေရှာမရသေး ဘူးလို့ အစိုးရဌာနမှ သိပ္ပံပညာရှင်တဦးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုးကြောင့် AIDS ရောဂါဝေဒနာခံစားနေရသူတွေကို အကူအညီ ပေးခြင်း အပြင် လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ AIDSVAX အဖွဲ့ကိုဦးဆောင်နေသူ ဒေါက်တာ ဒိုနယ်ရ်ဖရန့်စစ် ကပြောပါတယ်။ AIDSVAX ဟာ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ HIV ရောဂါပိုးကို ချက်ချင်းဆိုသလို ကာကွယ်တိုက်ခိုက်ဖို့ရာအတွက်ကိုရည်ရွယ်ထားခြင်းဖြစ်တယ်။ ဆာနိုဖီ ရောဂါကာကွယ်ဆေးဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကို ဆွပေးပြီး ဗိုင်းရပ်စ်ပိုးကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်။ ဖရန့်စစ်ရဲ့အဆိုအရတော့ ဆန့်ကျင်ဘက်အရာတွေကို ပေါင်းစပ်လိုက်တဲ့ မဟာဗျူဟာ တရပ်လို့ပဲဆိုရတော့မှာပေါ့။ ဘာကြောင့် တ ချို့တွေကြတော့ ရောဂါကူးစက်ခံရပြီး တချို့လူတွေကြတော့ မဖြစ်သလဲဆိုတာ ပူးပေါင်းပါဝင်လာသူတွေ နားလည်သဘောပေါက် သိ ရှိလာဖို့ရာအတွက် သိပ္ပံပညာရှင်တွေဟာ နမူနာသွေးစစ်ချက်ကိုရယူဖို့လိုအပ်တယ်။ ကာကွယ်ဆေးပမာဏဟာ လက်ရှိအနေအထား အရတော့ အကန့်အသတ်နဲ့သာရှိပြီးနယ်ပယ်ကျဉ်းကျဉ်းလေးကိုသာ သုသေသနလုပ်ခဲ့ရပေမယ့်လို့အကောင်းဆုံးဖြစ်အောင် ကျနော် တို့ လုပ်ဆောင်ခဲ့တယ်လို့ ဖရန့်စစ်ကပြောဆိုသွားပါတယ်။ ဆာနိုဖီ က၀န်ထမ်းတွေကလည်း ဒီသဘောထားအတိုင်းပါပဲ။ ဒီကုမ္ပဏီရဲ့ ဒေါက်တာ ဆန်ဂျေးဂူရန်နာသန် ရဲ့ သဘောကတော့ စဉ်ဆက်မပြတ်လေ့လာဖို့ရာအတွက် နှစ်ကာလတို စီမံကိန်းချ လုပ်ဆောင်ဖို့ လိုအပ်သလို ကာကွယ်ဆေးကို ဒီ့ထက်ကောင်းမွန်ဖို့ရာအတွက် တခြားသော ယှဉ်ပြိုင်ဘက်အသစ်တွေကလည်း boost နည်းလမ်းကို အခြေပြုစဉ်းစားပြီးလုပ်ဆောင်လာနိုင်သည့်အတွက် မူပိုင်ခွင့်လိုအပ်ကြောင်းကိုပါထည့်သွင်းပြောဆိုသွားတယ်။ AIDS နဲ့ ပတ်သက်တဲ့ သုသေသနကိုဒီ့ထက်ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်မယ်ဆိုရင်တော့ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေဟာ အခရာကျလာပြီ။

နယူးယောက် အခြေစိုက် Community HIV/AIDS Mobilization Project မှ ဥပဒေကြောင်းဆိုင်ရာ အကြံပေးရေးအဖွဲ့မှပြောရေးဆို ခွင့်ရှိသူ ဂျူလီယာဒေးဗစ် ကတော့ ခုနေအခါ ဒီကာကွယ်ဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး အငြင်းခုံပြုနေကြမယ့်အစား တွေ့ရှိချက်အပေါ် အခြေပြုပြီး တစိုက်မတ်မတ်လုပ်ဆောင်ဖို့ကို အလေးထားပြောဆိုသွားတယ်။ ထိုင်းနိုင်ငံမှာ ဒီ သုသေသနပြုချက် ဘာလို့အောင်မြင်ပြီး ဆုံးသွားရသလဲဆိုတော့ AIDS ရောဂန္တရကပ်ဆိုက်တဲ့ ဗဟိုချက်မဟာ ထိုင်းနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန် သိပ္ပံပညာရှင် တွေဟာ သုသေသနကိုလာရောက်လုပ်ကိုင်တာဖြစ်သလို ကာကွယ်ဆေးတိုက်ကျွေးဖို့ရာအတွက် မျိုရိုးဗီဇဆိုင်ရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရရှိနိုင်သလို ထိုင်းအစိုးရအနေနဲ့ သုသေသနလုပ်ဖို့ရာအတွက် အကြံဥာဏ်အပြင် အကောင်းဆုံးထောက်ပံ့မှု တွေ ပေးတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။ AIDS နဲ့ ပတ်သက်ပြီး ပွဲဦးထွက်သုသေသနပြုလုပ်ထဲက ထိုင်းအစိုးရဟာ အောင်မြင်မှု တွေရခဲ့တယ်။ ဒီလေ့လာမှုတခုလုံးအတွက် ၁၆,၀၀၀ ထက်မကတဲ့ လူပေါင်းများစွာရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ကူးစက်ခံရသူပေါင်း ၁၂၅ ယောက် ထွက်ပေါ်လာသလို မထင်မှတ်ထားလောက်အောင်ကို အောင်မြင်မှုအပေါင်းက ဆီးကြိုနေတာကတော့ ကြိုးပမ်း အားထုတ်မှုရဲ့ ရလဒ်လို့ပဲဆိုရမှာပေါ့။

သိပ္ပံပညာရှင်တွေကတော့ ဒီကာကွယ်ဆေးရဲ့ သက်ရောက်မှုအချိန်ပမာဏကို သိချင်နေကြသလို အင်အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တုံ့ပြန်မှု စွမ်းရည်မြင့်မားလာခြင်း ဟုတ်မဟုတ် သိဖို့လိုအပ်လာတဲ့အပြင် ဒီကာကွယ်ဆေးဟာ လိင်တူဆက်ဆံလို့ ကူးစက် သူတွေအပေါ်မှာရော အကာအကွယ်ပေးနိုင်သလားနဲ့ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ကူးစက်သူတွေအပေါ်မှာရော ဘယ် လို အကျိုးသက်ရောက်မှုရှိသလဲဆိုတာကို အတော်လေးသိချင်နေကြတယ်။ ဒီရောဂါကာကွယ်ဆေးဟာ HIV ပိုးကူးစက်ခံရပြီးသား လူတယောက်ရဲ့ သွေးအပေါ်မှာတော့ ဘယ်လိုမှအကျိုးသက်ရောက်မှုမရှိတဲ့ ဒီကာကွယ်ဆေးဟာ ခုခံအားနည်းပါးမှုအပေါ်မှာ အကန့် အသတ်နဲ့ ချေဖျက်နိုင်ရှိလားဆိုတာနဲ့ ရောဂါပိုးကူးစက်ခံရပြီးသား သူတွေအပေါ်မှာထပ်ပြီးဆိုးကျိုးကို ဖြစ်သလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်တယ်။ သမရိုးကျမဟုတ်တဲ့ အစပျိုးအောင်မြင်မှုဟာ အလွန်တရာကိုအရေးပါလှသလို သိပ္ပံ ပညာရှင်တွေကတော့ ဒီရောဂါအပေါ် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်နိုင်မလဲဆိုတာကတော့ မှန်းဆတွက်ချက်နေတုန်းပဲ ဆိုတာရယ် အဆုံးသတ်ကောက်ချက်ဆွဲလို့မရသေးသည့်အတွက် ဆန္ဒစောပြီးမထုတ်ဖော်ဖို့အင်မတန် အရေးကြီးကြောင်း ဖူဆီ က ကောက်ချက်ချ သုံးသပ်သွားတယ်။

မန်ဇူး(ဘာသာပြန်သည်)





မူရင်းစာမျက်နှာ
http://news.yahoo.com/s/ap/20090924/ap_on_he_me/med_aids_vaccine

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....