Pages

Thursday, November 24, 2016

ချစ်ချစ် ပေးတဲ့ စာ .............
ပန်းရနံ့လေး သင်းပျံ့နေတဲ့ ပန်းခင်းလမ်းကို လျှောက်လမ်းချင်တယ်..
သာယာစိမ်းလမ်းပြီး အေးချမ်းတဲ့ ဘဝခရီးလမ်းကိုကော..?
လျှေက်လမ်းချင်ကြမယ်နော်...
...ဒါပေမဲ့ကြင်နာသူရေ........ ကိုယ်လျှောက်လမ်းနေရတာ အထီးကျန် အဖေါ်မဲ့တဲ့
နွေရင်တွေလို ပူပြင်းခြောက်တွေ့လွန်းပါရဲ့..။
.. နေမြင့်လာသည်မို့ အပူချိန်တွေလည်း မြင့်တက်လာခဲ့တယ်..
ငါလျှောက်လမ်းနေတဲ့ ခရီးလမ်း တစ်ဝက်မှာ .. ပဝါဖြူလေးနဲ့ ချွေးသုပ်ရင်း
ကောင်းကင်ကြီးပေါ်က နေမင်းကြီးကို မော့ကြည့်ရင်းပေါ့... နေမင်းဟာ
အလင်းရောင်ကိုပေးသလို လိုအပ်ရင် နွေးထွေးတဲ့
အနွေးဓါတ်ကိုလည်းပေးခဲ့တယ်..။
ငါ့ရင်တွေပူလောင်နေတဲ့အချိန် နေမင်းကြီး မြင့်တက်လာသည်မို့... ငါ့အသဲတွေ
လောင်ကျွမ်း သွားမတတ်ပူပြင်းနေတာ တစ်ကယ်ပါ...။
နေမင်းကြီးရယ် ငါ့ကို သနားညှာတာလဲ့ပါနော်လို့ တောင်းပံရင်းနဲ့....
ဟိုး......အဝေးမှာလမ်းမြင်နေရတယ် မကြာခင်ရောက်တော့မဲ့ လူမနေတဲ့ 'အိမ်'
လူမနေတဲ့အိမ်လေးမို့ အထီးကျန်ဆန်လွန်းလှပါတယ်... ခြံဝင်းထည်းက
ဝါးရုံပင်ယံထက်မှာ ဥသြော်ငှက်ငယ်လေး လွမ်းတေးသီဆိုနေလေရဲ့... ငါ့ကိုများ
စောင်းပြီးသီဆိုနေလား ငှက်ငယ်ရယ်.... ။
..ဒေါက်.. ဒေါက်.. ဒေါက်..... ထမင်းစားရအောင် ကိုစိုင်းတဲ့
တခါးခေါက်သံနဲ့အတူ သူငယ်ချင်းရဲ့အသံကြောင့် ကျနော်လန့်နိုးလာခဲသည်မို့
ဘုရားစဉ်ပေါ်က နာရီကြည့်လိုက်တော့ ညနေ ၃နာရီထိုးနေပြီလေ... အိပ်ခန်းထဲမှာ
လေအပူပေးစက်ဖွင့်ထားတာကြောင့် စို့နေသော နဖူးပေါ်မှ ချွေးများသုပ်ရင်း
နာရီ နိုးစက်မှ အော်နေသော အသံသည်လည်း .... ..ဥသြော်...... ဥသြော်...
ဥသြော်.... တဲ့ ထပိတ်လိုက်မှ အသံ သိပ်သွားတော့သည်...။
.................................................................
လေကောင်းလေသန့်ရစေရန် ပြူတင်းပေါက် မှန်တခါး ဖွင့်လိုက်သည်နှင့် .. ရေခဲ
နှင်းမုန် နုနုလေးတွေ ... စိမ့်ခနဲး လေအေးအေးနှင့်အတူ
ကျနော်ခန္ဒာကိုယ်တစ်ခုလုံး
အေးမြစေသည်ကအမှန်ပင်.....
ပြူတင်းပေါက် အပြင်ဖက်က ရှူ့ခင်းကို ဘယ်သူမှမခိုင်းဘဲ ကြည့်နေသည်က
ကျနော်... ကောင်းကင်ပေါ်က စနိုးပွင့် ဖြူဖြူလေးတွေ ပြန့်ကျဲးလာသည်..
ရိုးသံ ကျဲကျဲ သစ်ပင်တွေပေါ်က သစ်ကိုင်းတွေပေါ်မှာ စနိုးတွေဖွေးလို့...
အိမ်ခေါင်မိုးတွေပေါ်လည်း စနိုးတွေ....
လွမ်းလိုက်တာချယ်ရီရယ်.............. လွန်ခဲ့တဲ့ ဆောင်းက အိပ်မက်မမက်ခင်
ချယ်၇ီ ပြောခဲ့တဲ့ စကား..... 'စိုင်း' .......... ကျမလေ
အလုပ်မထွက်ချင်တော့ဘူး လခလည်းတိုးတယ် နားရက်ရှည် ခံစားခွင့်လည်း
ရလာတယ်ရှင့်.... တဲ့... ။
ချယ်၇ီပြောလိုက်သောစကား စိုင်း တစ်ယောက် လောကကြီးတစ်ခုလုံး
အမှောင်ကျသွားသလို ခံစားလိုက်ရပြီး သူ့ရှေ့က
ကွန်ပျူတာတောင်မြင်နိုင်စွမ်း မရှိ့တော့ပါ.....
ဘယ်တတ်နိုင်မှာလည်းလေ ....
အေ့လေ အသဲကွဲပြီးလွမ်း ကျန်ရစ်မှာက လွဲလို့ ဘာတတ်နိုမှာမို့လည်း .........။
နှောက်တစ်နေ့ မနက်ဖန် သူမလမ်းခေါ်လိုက်သည်.................. စိုင်း......
gtalk မှ '..တုံ'.... ဆိုသော အသံ မမျော်လင့်ဘဲ တွေ့လိုက်ရသည်...
ကျမဆုံးဖြတ်ချက်ချလိုက်ပြီ .ရှင့်.... တဲ့..
......့..... 'စိုင်း' နှောက်ကို ကျမလိုက်မယ်နော်တဲ့ ....... ဒီကမ္ဘာ
လောကမှာ ကျနော်လောက်ပျော်မဲ့သူရှိ့ပါမလား..?
ကျနော်နာရီနိုးစက်လေးထည်းကိုလည်း ဥသြော်ဆိုသောအသံ အစား .. သာယာတဲ့
ချယ်ရီရဲ့ အသံလေးထည့်ထားလိုက်တော့သည်..။ ............................
 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....